HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကန်ဒေါ်လာ၂ဝ ဒသမ ၉ သန်း အကုန်အကျခံ တည်ဆောက်နေသည့် ရန်ကုန်မြစ်ဝမှ ရေကြောင်းပြ အဆောက်အအုံစီမံကိန်း ယခုနှစ်ကုန်တွင် ပြီးစီးမည်

ကန်ဒေါ်လာ၂ဝ ဒသမ ၉ သန်း အကုန်အကျခံ တည်ဆောက်နေသည့် ရန်ကုန်မြစ်ဝမှ ရေကြောင်းပြ အဆောက်အအုံစီမံကိန်း ယခုနှစ်ကုန်တွင် ပြီးစီးမည်

ရန်ကုန်၊ အောက်တိုဘာ ၉

ကန် ဒေါ်လာ ၂ဝ ဒသမ ၉ သန်းအကုန် အကျခံ၍ ရန်ကုန်မြစ်ဝမှပင်လယ်သို့ ရေမိုင်၂ဝခန့်အကွာတွင် တည် ဆောက်လျက်ရှိသော ရေကြောင်း ပြအဆောက်အအုံစီမံကိန်း ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ အဆိုပါရေကြောင်းပြအ ဆောက်အအုံကို China Harbour Engineering Co.,Ltd မှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် တည် ဆောက်ရေးလုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လုပ်ငန်းတစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းခန့်ပြီးစီးနေကာ လာမည့်ဒီဇင်ဘာလအကုန်တွင် အလုံးစုံပြီးစီးရန် လျာထားကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဒု-အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးနေမျိုးညွန့်က ''ရန်ကုန်မြစ်ဝကနေ ပင်လယ်ဘက်သို့ ရေမိုင်၂ဝခန့်အကွာမှာ ရေကြောင်းပြရေယာဉ်ကို ရေ ကြောင်းပြစခန်းအဖြစ် ကျောက်ချထားရှိပါတယ်။ ရေကြောင်းပြမှူးကြီးတွေက အဲဒီရေယာဉ်မှာစခန်း ချပြီး ရန်ကုန်ဆိပ်ကမ်းသို့ဝင်ထွက် ဆိုက်ကပ်တဲ့သင်္ဘောကြီးတွေကို မောင်းနှင်ပေးရပါတယ်။ ရာသီဥတု ဆိုးရွားချိန်မှာ ရေကြောင်းပြရေ ယာဉ်ကို ဘေးကင်းလုံခြုံတဲ့နေရာကို ပြောင်းရွှေ့ရပါတယ်။ ရေယာဉ်ရဲ့ ပြုပြင်ထိန်းသိမ်းစရိတ် ကြီး မြင့်လာတယ်။ လှိုင်းလေတို့ကြောင့် ရေယာဉ် လှုပ်ရှားမှုရှိတဲ့အတွက် ကောင်းစွာ အနားယူလို့မရတာ၊ လုံခြုံစိတ်ချရမှုလျော့နည်းလာပြီး ရေယာဉ်တွေ ဝင်ထွက်မှု ပိုမိုများ ပြားလာပြီး တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေလည်း ပိုမိုများပြား လာတာကြောင့် နေရာလုံလောက်မှုမရှိ ဖြစ်နေတာတွေကြောင့် အခု လို သံကူကွန်ကရစ် သုံးထပ်ရေ ကြောင်းပြ အဆောက်အအုံကို အစားထိုးတည်ဆောက်တာဖြစ်ပါတယ်''ဟု အောက်တိုဘာ ၉ ရက်က ပြောသည်။


ယင်း Offshore Fixed Pilot Station  စီမံကိန်းလုပ်ငန်းတွင် အလျား ၃၃ ဒသမ ၂ မီတာနှင့် အနံ ၃ဝ ဒသမ ၄ မီတာ အရွယ်သံကူကွန်ကရစ်သုံးထပ်အဆောက် အအုံတစ်လုံး၊ ရေယာဉ်အရွယ်အစား GRT ၁၅ဝဝအရွယ်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း၊ ရေကြောင်းပြအဆောက်အအုံတွင်မီးစက်၊ ရေသန့်စင်စက်၊ ရေ ဆိုးသန့်စင်စက်၊ ရေကြောင်းဆက် သွယ်ရေးဆိုင်ရာကိရိယာများ၊ Radar စက်နှင့် Pilot Boat သုံးစင်း တည်ဆောက်ခြင်း စသည့်လုပ်ငန်း များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဦးနေမျိုးညွန့်က ''Pilot Boat သုံးစင်းကို တရုတ်နိုင်ငံမှာတည် ဆောက်နေတာဖြစ်ပါတယ်။ လူဦး ရေဆယ်ဦးလောက်တင်နိုင်ပါတယ်။ အကြမ်းဖျင်းသိရတာ ဒီဇင်ဘာမှာ ပြီးလိမ့်မယ်လို့သိရပါတယ်။ ပြီးရင် တော့ စမ်းသပ်တဲ့ကိစ္စတွေ သွား လုပ်ဆောင်မှာပေါ့နော်။ တန်ဖိုးက တော့ အမေရိကန်ဒေါ်လာ ၁ဒသမ ၁၇ မီလီယံပါ''ဟု ပြောသည်။


TEEP

#democracytoday

Rate this item
(0 votes)
back to top