HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လောင်းကစားသတင်း တိုင်ကြားမှုကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ခြိမ်းခြောက်ခံရ ဟုဆို

လောင်းကစားသတင်း တိုင်ကြားမှုကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ခြိမ်းခြောက်ခံရ ဟုဆို

ပဲခူး၊ အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိလွှတ် တော်ကိုယ်စားလှယ်များက လောင်းကစားမှုများနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားရာတွင် သတင်းပေါက်ကြားမှုများ၊ ခြိမ်း ခြောက်ခံရမှုများ ဖြစ်ပေါ်နေ ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

''ပြည်ခရိုင်ထဲရှိ မြို့နယ်တွေမှာရှိနေတဲ့ လောင်းကစားဝိုင်းတွေ နဲ့ပတ်သက်ပြီး ဒေသခံတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို သတင်းပေးတာကြောင့် လွှတ် တော်ကိုယ်စားလှယ်က တာဝန်ရှိ သူ နယ်/လုံဝန်ကြီးဆီကို ဖုန်းနဲ့ တိုင်ကြားခဲ့ပေမယ့် လောင်းကစားသူတွေက သတင်းကြိုတင်သိရှိနေတာကြောင့် ဖမ်းမိတာမရှိခဲ့ဘူး'' ဟု သဲကုန်းမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ဇော်လင်းထိုက်ကပြောသည်။

 

ယင်းသို့တိုင်ကြားမှုများ ကြောင့် ဖဲဝိုင်းလုပ်သူက လွှတ် တော်ကိုယ်စားလှယ်ကို သတ်မည်ဆိုပြီး ခြိမ်းခြောက်မှုများအထိရှိခဲ့ ကြောင်းလည်း ပြည်မြို့ မဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဇေယျက ပြောသည်။ ယင်းဖြစ်စဉ်များကြောင့် ယခုနောက်ပိုင်း သတင်းပေးတိုင်ကြားမှုများပြုလုပ်သည့်အခါမှာ ချင့်ချိန်ရသည့်အပိုင်းများရှိလာကြောင်း ဆက်လက်ပြောဆိုသည်။


''ဒီကိစ္စတွေနဲ့ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌကိုယ်တိုင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ရဲတပ်ဖွဲ့မှူးတွေနဲ့ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေကို ပဲခူးမြို့တော် ခန်းမမှာ ခေါ်ယူသတိပေးပြော ကြားခဲ့တယ်''ဟု ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ပြောသည်။


CNB

#democracytoday

Rate this item
(0 votes)
back to top