HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ထိုင်းတွင် အလုပ်လုပ်ရန်အတွက် ရန်ကုန်သို့ အင်တာဗျူးလာဖြေရာမှ ပွဲစား လိမ်မှန်းသိပြီး တည်းခိုစရာ မရှိဖြစ်နေသူ ၅ဝ ကျော်ကို အေဂျင်စီအသင်းချုပ် အကူအညီပေးထား

ထိုင်းတွင် အလုပ်လုပ်ရန်အတွက် ရန်ကုန်သို့ အင်တာဗျူးလာဖြေရာမှ ပွဲစား လိမ်မှန်းသိပြီး တည်းခိုစရာ မရှိဖြစ်နေသူ ၅ဝ ကျော်ကို အေဂျင်စီအသင်းချုပ် အကူအညီပေးထား

ရန်ကုန်၊ အောက်တိုဘာ ၉ 

ထိုင်းတွင်အလုပ်ရမည်ဟုဆိုသဖြင့် ရန်ကုန်သို့ရောက်ရှိလာပြီးမှ ပွဲစားလိမ်လည်မှန်းသိရှိကာ တည်းခိုစရာမရှိဖြစ်နေသူ ၅ဝ ကျော်ကို ပြည်ပအလုပ်အကိုင် အေဂျင်စီများအဖွဲ့ချုပ်မှ လတ်တလောအကူအညီပေးထားကြောင်းသိရသည်။ ''တရားဝင် အေဂျင်စီနာမည်သုံးပြီး ပွဲစားဆိုတဲ့သူက နယ်ကလူတွေကို ငွေတောင်းထားတယ်။ လိမ်လည်ပြီး ဖြစ်ချင်ရာဖြစ် လမ်းမှာပစ်ထားခဲ့တာပါ။ ကျွန်တော်တို့က သူတို့ကို လတ်တလော နေစရာနဲ့ စားစရာပေးပြီးကူညီထားပါတယ်''ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ်မှ ဦးဇော်မင်းက အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

ယင်းအဖွဲ့ချုပ်ထံ အလုပ်သမားများက ဆက်သွယ်တိုင်ကြားခဲ့ ခြင်းဖြစ်ပြီး ¤င်းတို့ကအလုပ်သမားများ ပြန်စရာနေရာမရှိ၍စုဝေးနေသည့် ဗိုလ်အောင်ကျော်လမ်းသို့ သွားရောက်ကာတွေ့ဆုံခဲ့ကြောင်း၊ အလုပ်သမားများထံမှရရှိသော ဖုန်းနံပါတ်ဖြင့်ပွဲစားကို ဆက်သွယ်ထားပြီး လာရောက်ဖြေရှင်းရန် အကြောင်းကြားထားကြောင်း အောက်တိုဘာ ၉ ရက် ညပိုင်းတွင် လာရောက်ဖြေရှင်းခြင်းမရှိပါက လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးသို့ တိုင်တန်းသွားမည်ဖြစ် ကြောင်း ၎င်းကပြောသည်။ ''ပွဲစားရဲ့ယောက္ခမက အလုပ်သမားတွေက ပြန်မလွှတ်လို့ ကျန်ခဲ့တယ်။ သူနဲ့ အလုပ်သမား တွေ ဘယ်နေ့ဘယ်ရက်မှာ ငွေ တွေပြန်ပေးပါ့မယ်ဆိုပြီး စာချုပ် စာတမ်းတွေချုပ်ခိုင်းပြီး ယာယီ ဖြေရှင်းပေးထားတယ်။ ပွဲစားက တော့ ဥပဒေအတိုင်းသွားမှာပေါ့ ''ဟု ၎င်းကပြောသည်။


ပျဉ်းမနား၊ ကွမ်းခြံကုန်းစသည့်မြို့နယ်များရှိ အလုပ်သမား ၅၁ ယောက်ထံမှ မယဉ်မိုးသူဆို သော အသက် ၃ဝ ကျော်ခန့် အမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံတွင်အလုပ်ရရှိမည်ဟုဆိုကာ လွန်ခဲ့သော လေးလခန့်က ကျပ်ငွေ နှစ်သိန်းခွဲ၊ သုံးသိန်းစီ စရန်ငွေအ ဖြစ်တောင်းယူခဲ့ကြောင်း၊ အောက်တိုဘာ ၉ ရက်တွင် တရားဝင်လိုင်စင်ရ အေဂျင်စီတစ်ခု၌ အင်တာ ဗျူးဖြေဆိုရမည်ဟုချိန်းဆိုထားပြီး ထိုအေဂျင်စီက ဗိုလ်အောင်ကျော် လမ်းရှိ Yangon City Hotel တွင်ပြုလုပ်သည့် အင်တာဗျူးသို့ လာရောက်စဉ် စာရင်းမပါဟုဆိုကာ ပြန်လည်စေလွှတ်သည့်အခါမှ လိမ်လည်ခံရကြောင်း သိရှိရသည်ဟု အလုပ်သမားတစ်ဦးဖြစ်သူ ကိုသက်ပိုင်ဦးကပြောသည်။


''ကျွန်တော်တို့ဆီက ငွေ တောင်းထားတာ လနဲ့ချီနေပြီ။ ဒီနေ့အင်တာဗျူးဖြေရမယ်ဆိုလို့ အားလုံးလာခဲ့တာ မနက်ကတည်းက။ ဟိုကျတော့ Passport စာအုပ်တောင်းတော့ ကျွန်တော်တို့က သူသိမ်းထားတယ်ပြောလိုက်တယ်။ အဲဒီမှာမှ ဟိုကလူကြီးတွေက စာရင်းမပါဘူးဆိုပြီး ကျွန် တော်တို့အားလုံး ပြန်လွှတ်လိုက်တယ်''ဟု ၎င်းကပြောသည်။ အဆိုပါအမျိုးသမီးမှာ ၎င်းတို့နှင့်အတူပြန်လိုက်ပါလာသော်လည်း ခဏအကြာတွင် မည်သည့် နေရာသို့ ထွက်သွားသည်မသိ ကြောင်း၊ မနက်ကတည်းက အင်တာဗျူးဖြေရန် စောင့်ဆိုင်းနေရ သည့်အတွက် ထမင်းမစားရသူများ ရှိသကဲ့သို့ အလိမ်ခံရမှုကြောင့် ညပိုင်းတွင် တည်းခိုစရာမရှိသူများလည်းရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။


''ထိုင်းမှာ တစ်လငါးသိန်း လောက်ရမယ်လို့သူကပြောတော့ သွားလုပ်မယ်ပေါ့။ စရန်ပေးခဲ့တာကလည်း သူများဆီကအတိုးနဲ့ချေး ငှားပြီးပေးထားရတာ။ ခုတော့ အလိမ်ခံရပြီဆိုတော့ ဒုက္ခရောက်ပြီ။ အိမ်ကိုလည်း ဘယ်လိုမျက်နှာ ပြရမလဲမသိတော့ဘူး။ ရန်ကုန်မှာလည်းအသိမရှိဘူး။ ဘယ်မှာတည်း ရမှန်းလည်းမသိတော့ဘူး''ဟု ပျဉ်းမနားမြို့ ကျေးရွာတစ်ခုမှလာ ရောက်ခဲ့သည့် အလုပ်သမားတစ် ဦးဖြစ်သူ မအေးသီတာက ဒီမိုက ရေစီတူဒေးသို့ပြောသည်။ နာမည်အသုံးချခြင်းခံရသည့် ပြည်ပအလုပ်အကိုင်ကုမ္ပဏီသို့ သွားရောက်မေးမြန်းရာ အဆိုပါ ပွဲစားဟုဆိုသည့် အမျိုးသမီးကို မသိရှိကြောင်း၊ လူ ၅၁ ဦးကို နာ မည်စာရင်းမပါသဖြင့် ပြန်လွှတ်လိုက်သည်မှာ မှန်ကန်သော်လည်း ၎င်းတို့တရားဝင်ခေါ်ယူထားသည့် အလုပ်သမားများ မဟုတ်သဖြင့် အင်တာဗျူးဖြေဆိုခွင့်မပေးခြင်းသာဖြစ်ကြောင်း၊ နာမည်အလွဲသုံး စားပြုလုပ်၍ ယခုကဲ့သို့ မသိနားမလည်သူများကို လိုက်လံလိမ်လည် နေသည်များ မကြာခဏဖြစ်ပေါ် နေသဖြင့် သတိပြုဆင်ခြင်စေလို ကြောင်း ယင်းကုမ္ပဏီမှတာဝန်ရှိ သူတစ်ဦးကပြောသည်။


နောက်ဆုံး အခြေအနေအရ ပွဲစား၏ ယောက္ခမနှင့် မောင်ဖြစ် သူလာရောက်၍ အောက်တိုဘာ ၁၆ ရက်နေ့တွင် ၄င်းတို့ရယူထား သောပိုက်ဆံများ ပြန်လည်ပေးအပ်မည်ဟု အာမခံသွားကြောင်း အလုပ်သမားများထံမှ ည ၈နာရီ ၄၅ မိနစ်တွင် သိရသည်။

NT

#democracytoday

Rate this item
(0 votes)
back to top