HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လမ်းမကြီးများနှင့် အမည်တပ် လမ်းမကြီးများရှိ အိမ်စီးကားများအတွက် တစ်နာရီ ကျပ်၂ဝဝ ကောက်ခံမည့်အစား သီးခြား အစီအမံဖြင့်ေ ဆာင်ရွက်ပေးရန် ဆက်လက် ညှိနှိုင်းဆွေးနွေးမည် ဟုဆို

လမ်းမကြီးများနှင့် အမည်တပ် လမ်းမကြီးများရှိ အိမ်စီးကားများအတွက် တစ်နာရီ ကျပ်၂ဝဝ  ကောက်ခံမည့်အစား သီးခြား အစီအမံဖြင့်ေ ဆာင်ရွက်ပေးရန် ဆက်လက် ညှိနှိုင်းဆွေးနွေးမည် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

ကားပါကင်ကြေးကောက်မည့် ရန်ကုန်မြို့တွင်းမြို့နယ်များရှိ လမ်းမကြီးများနှင့် အမည်တပ်လမ်းမကြီးများရှိ အိမ်စီးကားများအတွက် တစ်နာရီ ကျပ်၂ဝဝ ကောက်ခံမည့်အစား သီးခြားအစီအမံဖြင့်ဆောင်ရွက် ပေးရန် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

မိမိအိမ်ရှေ့တွင် ကားရပ်ထားရင်း နာရီတိုင်း ကျပ် ၂ဝဝ စရိတ်တက်နေမည့်ကိစ္စနှင့်စပ်လျဉ်းပြီး ကားပါကင်ကြေးကောက်ခံရန် သတ်မှတ်ထားသည့်လမ်းများတွင် နေထိုင်သူ ပြည်သူများက လွှတ် တော်ကိုယ်စားလှယ်များထံတင်ပြ အကူအညီတောင်းခံမှုများရှိ ကြောင်း၊ ထို့ကြောင့် ကားပါကင် ကောက်ခံမည့် မြို့နယ်များအတွင်း နေထိုင်သူများ၏အိမ်ကားများအတွက် ကားပါကင်ကြေးသတ်မှတ်ချက်ကိုသီးခြား(ဥပမာ-လစဉ်ကြေး သတ်မှတ်ပေးခြင်း၊ နှစ်စဉ်ကြေး သတ်မှတ်ပေးခြင်း)စဉ်းစားရန် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အောက်တိုဘာ ၉ ရက်က ပြုလုပ်သည့်ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် ကားပါကင်ကြေးကောက်ခံမှုနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းချိန်တွင် ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

 

ယင်းမေးခွန်းနှင့် စပ်လျဉ်း ပြီး ရန်ကုန်မြို့တော်ဝန်က''ကိုယ့် အိမ်ရှေ့မှာ ကိုယ်ကားရပ်ထား တယ်ဘာလို့ပေးရမှာလဲဆိုတဲ့အ တွေးမျိုးမဟုတ်ပဲနဲ့ Public ဧရိယာမှာရပ်ထားလို့ ငါတော့အများ နည်းတူတော့ ကားဝန်ဆောင်မှု ပေး၊ နောက်တစ်ခုကလည်း သူတို့ ကားပါကင်ကြေးကောက်ချိန်က နံနက် ၈ နာရီကနေ ညနေ ၆ နာရီထိပါ။ အဲဒီချိန်လေးပါပဲ။ တစ် နေကုန် ဒီမှာရပ်လို့ရှိရင်တော့ ဒီ ဟာကျွန်တော်တို့ပြန်စဉ်းစားရပါ လိမ့်မယ်။ နောက်တစ်ခုက ဘာလဲဆိုရင် ၈ နာရီကနေ ၆ နာရီသွားတာဖြစ်တဲ့အတွက်ကြောင့် ယာဉ်ကြောကျပ်တည်းမှုကိုတစ် နည်းအားဖြင့်ထိန်းလို့ရသွားမယ်။ အရင်တုန်းကဆိုရင် သူမသိကိုယ် မသိကောက်နေတဲ့အခြေအနေကနေ သူသိကိုယ်သိ သတ်သတ်မှတ်မှတ်ပေးပြီး ကောက်ထားရင် သူ့မှာတာဝန်ယူမှုတာဝန်ခံမှုရှိ သွားတဲ့အတွက်ကြောင့် ယာဉ် ကြောပိတ်ဆို့မှု၊ အလွဲသုံးစားမှု မသမာမှု၊ ဒုစရိုက်မှုကအစ အနည်းနဲ့အများတစ်နည်းနည်းနဲ့ တော့ကျသွားနိုင်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။


ယင်းသို့ပြန်လည်ဖြေကြားချက်နှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေး နွေးပေးမည့်အကြောင်း မပါဝင် ခြင်းကြောင့် နည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဆွေးနွေးနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်ဒေါ်ကြည် ပြာက အောက်တိုဘာ ၉ ရက်လွှတ် တော်အပြီးတွင် မီဒီယာများကို ပြောသည်။ ''ကိုယ်စားလှယ်တွေကပြည် သူ့အသံတွေနဲ့စနစ်တကျ ဆွေး နွေးနေတဲ့ လွှတ်တော်မှာပြောရ မယ်ဆိုရင် တက်နိုင်သမျှညှိနှိုင်း ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဖြေသွားတာက တော့ ကျွန်မတို့ဆွေးနွေးခဲ့တဲ့အချက်ပေါ်မှာ ညှိနှိုင်းဆွေးနွေးပေးဖို့ ဆိုတာတစ်ခုမှမပါသွားဘူး။ ဒါပေမဲ့ ဒီအတိုင်းတော့မပြီးပါဘူး။ ဒီမြို့ နယ်တွင်းမှာနေတဲ့ပြည်သူတွေကနစ်နာလို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို အားကိုးတကြီးစာတွေပို့၊ ဖုန်းတွေဆက်ဆွေးနွေးတယ်။ ဒီမှာ လာမေးပြီးဘာမှလည်းအကြောင်းမထူးပါလားဆို တာမျိုးကအဆင်မပြေဘူး။ ဒါ ကြောင့် ထပ်ပြီးလုပ်လို့ရတဲ့နည်း လမ်းနဲ့စာထပ်တင်ရမလား၊ ဘယ်လိုတိုင်ပင်ဆွေးနွေးရမလဲဆိုတာ ကိုလွှတ်တော်နည်းလမ်းနဲ့လုပ်လို့ ရတာလေးတွေကို ဆက်ပြီးဆောင်ရွက်မယ်''ဟု ၎င်းကပြောသည်။


ရန်ကုန်မြို့တွင်းမြို့နယ်များရှိ လမ်းမကြီးများနှင့်အမည်တပ် လမ်းမကြီးများတွင် ကားပါကင် ကြေးကောက်ခံခြင်းဆောင်ရွက်ရာတွင် တင်ဒါမအောင်မြင်သော ဇုန်များကို တင်ဒါထပ်မံခေါ်ယူ ထားသဖြင့် ယာဉ်ရပ်နားခကောက် ခံမှုတစ်ချိန်တည်းဖြစ်စေရန် နိုဝင်ဘာ ၁ ရက်မှ ၂ဝ၁၉ ခုနှစ်မတ်၃၁ ရက်အထိ ငါးလဆောင်ရွက်ရန် သတ်မှတ်ထားပြီး ယင်းကာလပြီး ဆုံးပါက ပိုမိုခေတ်မီပြီးစနစ်ကျ သော Smart Car Parking System ဆောင်ရွက်ရန်စီစဉ်ထားကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင်-၄ ဒေါ် မေမေသွယ်က ''ကိုယ်အိမ်ရှေ့ ကိုယ်ကားရပ်တယ်ဆိုပေမယ့် ကိုယ့်မြေမဟုတ်တဲ့အတွက် စည်ပင်သာယာမြေမှာရပ်ရင် ကားပါကင်ကြေးပေးရမှာပေါ့လေ။ဘီး ခွန်ဆောင်ထားလည်းပဲ ကားပါကင်ကြေးကပေးရမှာပဲပေါ့။ ညအိပ်ခွန်ကလည်း မကောက်တော့ဘူး။ ညဘက်ကိုရပ်လို့ရအောင် ကားပါကင်ကြေးကို ည ၆ နာရီက နေနောက်တစ်နေ့နံနက် ၈ နာရီ မကောက်ဘူးလေ''ဟု ပြောသည်။


ရန်ကုန်မြို့တွင်းမြို့နယ်များရှိ လမ်းမကြီးများနှင့်အမည်တပ် လမ်းမကြီးများတွင် ဇုန်ရှစ်ဇုန်ပိုင်း ခြားသတ်မှတ်၍ ၁ နာရီလျှင်ကျပ် ၂ဝဝ နှုန်းဖြင့် နေ့စဉ်နံနက် ၈ နာရီ မှညနေ ၆ နာရီအထိယာဉ်ရပ်နား ခကောက်ခံခြင်းလုပ်ငန်းအား အငှား ချထားရန် သြဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နိုင်ငံပိုင်သတင်း စာများမှဈေးပြိုင်တင်ဒါခေါ်ယူခဲ့ ပြီး ဇုန်ရှစ်ဇုန်အနက် ဇုန်ငါးဇုန်မှာ တင်ဒါအောင်မြင်ခဲ့ပြီး ဇုန်သုံးဇုန် မှာကြမ်းခင်းဈေးပြည့်မီခြင်းမရှိ သဖြင့် တင်ဒါပြန်လည်ခေါ်ယူနေ ကြောင်းသိရသည်။

TTMT

 #democracytoday

Rate this item
(0 votes)
back to top