HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရန်ကုန်တိုင်း ရွှေအသင်း တွဲဖက်အတွင်းရေးမှူးကို ဒေါ်လာဈေး ကစားမှုဖြင့် ဖမ်းဆီး

ရန်ကုန်တိုင်း ရွှေအသင်း တွဲဖက်အတွင်းရေးမှူးကို ဒေါ်လာဈေး ကစားမှုဖြင့် ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတွဲ ဖက်အတွင်းရေးမှူးကို ဒေါ်လာဈေး ကစားသည့်လက်ကြီးသမားဟုဆိုကာ ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း သိရသည်။ ''ငွေလဲကောင်တာဥပဒေကို မလိုက်နာတဲ့ ဥပဒေပုဒ်မနဲ့ပါ။ ကျန်တဲ့ ကစားတဲ့သူတွေကို ကျွန်တော်တို့ဆက်ပြီး စုံစမ်းစစ်ဆေးနေတုန်းပဲ။ ဘယ်သူတွေပူးပေါင်းပါဝင်တယ်ဆို တာဆက်စစ်ပြီးသွားမှာ''ဟု အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနပြော ရေးဆိုခွင့်ညွှန်ကြားရေးမှူးဦးအောင်မျိုးက ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၁၆ ရက်တွင်ပြောသည်။

ဖမ်းဆီးခံရသူမှာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏တွဲ ဖက်အတွင်းရေးမှူးဖြစ်သူ ဦးညီ ညီဦး(ခ)လှလေးစိန်ဖြစ်ပြီး နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂ ဖြင့် ပန်းဘဲတန်းမြို့နယ်ရဲစခန်း၌ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းက အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။ ''သူကတွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေပေမယ့် အခု အရေးယူတဲ့ကိစ္စက ရွှေနဲ့မဆိုင်ပါဘူး'' ဟု ၎င်းကပြောသည်။ ယင်းအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးမျိုးသက်က ဦးညီညီဦးကို ဒေါ်လာဈေးကစားမှုဖြင့် အမှုဖွင့်အရေး ယူထားသည်မှာ မှန်ကန်ကြောင်း၊ တရားရုံးသို့ တိုက်ရိုက်စွဲဆိုပြီးတင် ပို့ခဲ့ကြောင်းပြောသည်။


''ဒီနေ့ နေ့လယ်ပိုင်းကတရား ရုံးကို တိုက်ရိုက်တရားစွဲပို့တယ်။တရားရုံးချိန်မမီလို့ တရားရုံးရမန်ယူပြီး ၁၈ ရက်နေ့မှာမှ တရားထပ် စွဲမှာ။ သူ့ကိုစခန်းအချုပ်ထဲမှာပဲ ချုပ်ထားမှာပါ'' ဟု ဒီမိုကရေ စီတူဒေးသို့ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်းထံ ဖုန်းဆက်မေး မြန်းခဲ့ရာ ဆက်သွယ်၍မရခဲ့ပေ။ ဒေါ်လာဈေးကစားသူများ သည် တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အုပ်စုဖွဲ့လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း ယခုဖမ်းဆီးခံရသူမှာ ဈေးကွက်အတွင်းနာမည်ထွက်နေ သူတစ်ဦးဖြစ်ကြောင်း အမည်မဖော်လိုသူနိုင်ငံခြားငွေကြေးရောင်းဝယ် သူတစ်ဦးကပြောသည်။ ဒေါ်လာဈေးကစားသူများကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကတရားလိုပြု၍ အမှုဖွင့်အရေးယူခဲ့သည်မှာ ယခုအခါခြောက်ဦးအထိရှိခဲ့ ပြီဖြစ်သည်။ 

NT

#democracytoday

Rate this item
(0 votes)
back to top