HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ အတွက် အတားအဆီး၊ အဟန့်အတား မဖြစ်စေသည့် ကမ္ဘာသုံးပုံစံများကို ရန်ကုန်မြို့တော်တွင် စတင်အသုံးပြုမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြောကြား

မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ အတွက် အတားအဆီး၊  အဟန့်အတား မဖြစ်စေသည့် ကမ္ဘာသုံးပုံစံများကို  ရန်ကုန်မြို့တော်တွင် စတင်အသုံးပြုမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြောကြား

ရန်ကုန်၊ နိုဝင်ဘာ ၅ 

ရန်ကုန် မြို့တော်နေ ပြည်သူအားလုံးအ ဆင်ပြေချောမွေ့စေရန် မြို့တော် အတွင်းသွားလာကြသည့် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် အတားအဆီး၊ အဟန့်အတားမဖြစ်စေသည့် ကမ္ဘာသုံးပုံစံများကို စတင်အသုံးပြုသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြော ကြားလိုက်သည်။

အဆိုပါအစီအစဉ်ကို ပိုင်း လော့ပရောဂျက်အနေဖြင့် ရန်ကုန်မြို့ လယ်ခြောက်မြို့နယ်တွင် ပြုပြင်ပြောင်းလဲမှုများ စတင်လုပ် ဆောင်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်တွင် Summit Parkview  ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ''ရန် ကုန်မြို့တော်နှင့် ကမ္ဘာသုံးပုံစံမြို့ တော်ကြီး ဖော်ဆောင်ရေးဆိုင်ရာ ဆွေးနွေးပွဲ'' တွင် အမှာစကား ပြောရင်းထည့်သွင်းပြောကြားခဲ့ ခြင်း ဖြစ်သည်။

 

''ဒီအလုပ်ရုံဆွေးနွေးပွဲကြီး ပြီးရင် ဘယ်နေရာဘယ်ရပ်ဝန်း လေးကိုတော့ ပိုင်းလော့ပရောဂျက်လုပ်မယ်ဆိုတာကိုလည်း စဉ်းစားကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တစ်မြို့လုံးကြီးကို ဖြန့်ကြက် စဉ်းစားမယ်ဆိုရင်တော့ ကျွန်တော်တို့လုပ်ရမှာနယ်ပယ်တွေက အများ ကြီးဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် မို့ ရန်ကုန်မြို့လယ်ခြောက်မြို့နယ် လောက်ကို ကျွန်တော်တို့ပြုပြင် ပြောင်းလဲဆောင်ရွက်မလား။ ဘယ် နေရာကိုစပြီး ဆောင်ရွက်မလဲ။ ဒီမြို့နယ်ခြောက်မြို့နယ်မှာ အပိုင်းလိုက်အပိုင်းလိုက်ခွဲပြီး ဆောင်ရွက် ကြမလား။ ဒီလိုဆောင်ရွက်နိုင်ဖို့ အတွက်လည်း လက်တွေ့ကျတဲ့ ဆောင်ရွက်နိုင်မှုဖြစ်ဖို့ ဒီအလုပ်ရုံ ဆွေးနွေးပွဲအပြီးမှာ ဆက်လက်ဆွေး နွေးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်'' ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။


အလုပ်ရုံဆွေးနွေးပွဲကို သြစ တြေးလျသံရုံး Australian AID၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့တို့မှကြီးမှူးကျင်းပခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်ကြီးကို နေချင့်စ ဖွယ်ဖြစ်အောင် ဆောင်ရွက်ရာတွင် မြို့တော်အတွင်း နေထိုင်ကြသော မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် အခြားလိုအပ်ချက်ရှိနေသောသူများအတွက်လည်း ထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။


''နေချင့်စဖွယ်ဖြစ်ဖို့ဆိုတဲ့ နေရာမှာ ကျွန်တော်တို့မြို့မှာ နေထိုင်တဲ့သူတွေအားလုံး ကျွန်တော်တို့ တိုင်းအတွင်းမှာနေထိုင်တဲ့ ပြည် သူအားလုံးအတွက် အဆင်ပြေနိုင်တဲ့ လူမှုဘဝတစ်ခုကို ထူထောင် ပေးနိုင်ဖို့ ကျွန်တော်တို့လိုပါတယ်။ ဒီလိုလူမှုဘဝတစ်ခုကိုထူထောင် ပေးနိုင်ဖို့ဆိုတဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့လူတွေ၊ မသန်စွမ်း တွေ၊ အခြားအခြားသောလိုအပ်ချက်တွေအတွက် လိုအပ်ချက်တွေ တွေရှိတဲ့သူတွေအားလုံးအတွက် အဆင်ပြေချောမွေ့နိုင်မယ့် မြို့ပြ ပုံစံတစ်ခုကို ကျွန်တော်တို့ရေးဆွဲ ဖို့လိုအပ်ပါတယ်။ ဒီလိုရေးဆွဲဖို့ ဆိုရင် ဒီလိုအလုပ်ရုံဆွေးနွေးပွဲဟာ အထောက်အကူများစွာဖြစ်လာလိမ့်မှာဖြစ်ပါတယ်''ဟု ၎င်းကဆက် လက်ပြောသည်။


ရန်ကုန်မြို့တော်တွင်နေထိုင် သောမသန်စွမ်းသူ သုံးသိန်းကျော် ရှိရာ မြို့တော်လူဦးရေ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြောင်း သိရသည်။ ''ကမ္ဘာသုံးပုံစံဆိုတာကတော့ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အို တွေရောလူတွေအားလုံးအဆင်ပြေ နိုင်မယ့် အဆောက်အအုံတွေ၊ လမ်း တွေဖြစ်ဖို့ ပြောတာဖြစ်ပါတယ်။ အတားအဆီး အဟန့်အတားမရှိတဲ့ ပုံစံမျိုးဖြစ်ရမှာပေါ့''ဟု မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ အမှုဆောင်ဒါရိုက်တာ ဦးနေလင်း စိုးက ပြောသည်။


ရန်ကုန်မြို့တော်တွင် ကမ္ဘာသုံးပုံစံပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများကို ဦးစားပေးစတင်ခြင်း၊ မြို့သစ်တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီဝင် ဒေါ်သန်းမြင့် အောင်က အကြံပြုပြောကြားသည်။ ရန်ကုန်မြို့တော်ဝန်ဦးမောင် မောင်စိုးကလည်း ''ဒါတွေကို ကျွန် တော်တို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါတွေကိုဖြည့်ဆည်းပေးမှာပါ'' ဟုပြောသည်။


လက်ရှိအချိန်တွင် မသန်စွမ်း သူများသည် အစိုးရရုံး၊ ဆေးရုံ၊ လွှတ်တော်၊ တရားရုံး၊ ဘတ်စ်ကား၊ ရထား၊ ဘဏ်နေရာများ၊ အများသုံး သန့်စင်ခန်းများသို့သွားလာရာတွင် အခက်အခဲများ ရှိနေပြီး ဝှီးချဲဖြင့်သွားလာရသူများအတွက် ဆင်ခြေလျှောများ၊ မျက်မ မြင်များအတွက် မျက်မမြင်လျှောက်လမ်းများ၊ အကြားအာရုံချို့ယွင်းသူများအတွက် အသံစနစ်များ ထည့်သွင်းပေးပြီး ကမ္ဘာသုံးပုံစံများ ဖြစ်အောင် ပြောင်းလဲရန်လိုအပ် နေဆဲဖြစ်ကြောင်း သိရသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top