HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မိုးရာသီကာလ ချင်းတောင်ပေါ်၌ သွားလာခွင့် ပိတ်ထားသော ကုန်တင်ယာဉ်ကြီးများ မကြာမီ ပြန်လည် သွားလာခွင့်ပြုတော့မည်

မိုးရာသီကာလ ချင်းတောင်ပေါ်၌ သွားလာခွင့် ပိတ်ထားသော ကုန်တင်ယာဉ်ကြီးများ မကြာမီ ပြန်လည် သွားလာခွင့်ပြုတော့မည်

ကလေး၊ နိုဝင်ဘာ ၅ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ချင်းပြည်နယ်၏ မြို့ကြီးများဖြစ်သော ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ ရိဒ်ခေါရ်ဒါမြို့များသို့ သွားလာနေသော ကုန်တင် ၁ဝ ဘီး နှင့် ၁၂ ဘီးယာဉ်ကြီးများကို နိုဝင်ဘာလတွင်းမှစတင်၍ ပြန်လည် သွားလာခွင့်ပြုတော့မည်ဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ်သည် မိုးများသည့်ဒေသဖြစ်သည့်အပြင် မိုးရာသီတွင် တောင်ပြိုလမ်းပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေခြင်းနှင့် ကားလမ်းများပျက်စီးမှုများပြားခြင်းတို့ကြောင့် မိုးဦးကျရာသီ ဇွန်လမှစတင်၍ ၁ဝ ဘီး၊ ၁၂ ဘီးကုန်တင်ယာဉ်ကြီးများ ပြေးဆွဲခြင်းကို ပိတ်ထားခဲ့ရာမှ ယခုပွင့်လင်းရာသီကာလတွင် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်လာပြီဖြစ်သောကြောင့် ပြန်လည်ပြေးဆွဲ သွားလာခွင့်ပြုခြင်းဖြစ်သည်။


''ခြောက်ဘီးအထက်ယာဉ်ကြီးတွေကို မိုးတွင်းကာလမှာ အန္တရာယ်များတဲ့အတွက် သွားလာခွင့်ပိတ်ထားခဲ့တာဖြစ်ပါတယ်။ အခုပွင့်လင်းရာသီမှာ ဒေသတွင်းလိုအပ်ချက်ကြောင့် ပြန်လည်သွားလာ ခွင့်ပြုတာပါ။ အဓိကကတော့ ကုန်စည်စီးဆင်းမှုကောင်းမွန်ဖို့ ဒေသ ထွက် ကုန်စည်တွေပို့ဆောင်ရာမှာ အချိန်နှင့် တစ်ပြေးညီရောက်ရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ လမ်းပြုပြင်မှု၊ လမ်းအဆင့်မြင့်တင်မှုတွေ လည်း တိုးမြှင့်ဆောင်ရွက်နေပါတယ်''ဟု တီးတိန်မြို့နယ်လမ်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည်။


မိုးရာသီကာလတစ်လျှောက်တွင် ချင်းပြည်နယ် ကုန်စည်တင် ပို့မှုနှင့် ခရီးသည်တင်ပို့မှုအတွက် ခြောက်ဘီးယာဉ်များ၊ မီနီဘတ်စ်ယာဉ်ငယ်များ၊ ဟိုင်မွာလ်ဂျစ်များနှင့် SKAT, Forland, Sino Truck များ ပြေးဆွဲပေးသည်။ ချင်းပြည်နယ်မြို့များနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဆက်သွယ်ပြေးဆွဲသည့် ယာဉ်အသင်းပေါင်း ၂၅ သင်းဝန်းကျင်ရှိ ပြီး၊ ၁ဝ သင်းဝန်းကျင်မှာ ကလေး - မြန်မာ -အိန္ဒိယနယ်စပ်ရိဒ်ပြေးဆွဲသည့်ယာဉ်အသင်းများဖြစ်ကာ ကျန်သည့်ယာဉ်အသင်း ၁၅ သင်းမှာ ချင်းပြည်နယ်မြို့ကြီးများဖြင့် ဆက်သွယ်ပြေးဆွဲသည့်ယာဉ် အသင်းများဖြစ်ကြောင်း သိရသည်။ 

MOS

#democracytoday

Rate this item
(0 votes)
back to top