HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဂျပန်တွင် သူနာပြုအလုပ် ရမည်ဟုဆိုကာ ငွေကြေး လိမ်လည်သော ဂျပန်စာသင်ကျောင်း တစ်ကျောင်းကို အမှုဖွင့်  

ဂျပန်တွင် သူနာပြုအလုပ် ရမည်ဟုဆိုကာ ငွေကြေး လိမ်လည်သော ဂျပန်စာသင်ကျောင်း တစ်ကျောင်းကို အမှုဖွင့်   

ရန်ကုန်၊ နိုဝင်ဘာ ၆

ဂျပန်နိုင်ငံတွင် သူနာပြုအကူ အလုပ်ရမည်ဟုဆိုကာ ငွေ ကြေးလိမ်လည် တောင်းခံခဲ့သည့် ဗဟန်း မြို့နယ်မှ ဂျပန်စာသင်တန်းကျောင်း တစ် ကျောင်းကို ပြည်ပအလုပ်အကိုင်ဥပဒေ ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဗဟန်းမြို့နယ် ကိုယ်မင်းကိုယ်ချင်းလမ်း ယုဇနတာဝါတွင် ဖွင့်လှစ်ထားသည့် ဂျပန်စာသင်တန်းကျောင်း တစ်ကျောင်းသည် ဂျပန်သို့ သူနာပြုအကူအလုပ် တရားဝင် သွားရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်းတစ်လလျှင် လုပ်ခကျပ် ၁၆ သိန်းရရှိမည်ဖြစ် ကြောင်း စည်းရုံးပြောဆို၍ သင်တန်းသား၊ သင်တန်းသူ ၅ဝ ထံမှ စရန်ငွေ ကျပ် ၁၅ သိန်းစီ တောင်းယူခဲ့ကြောင်း ငွေကြေးယူ ပြီးနောက် သင်တန်းကျောင်းပိုင်ရှင်ဆိုသူ များမှာ ကျောင်းသို့ မလာတော့သည့်အပြင် မည်သည့်အခြေအနေမှ မေးမြန်းစုံစမ်း၍ မရတော့သဖြင့် သင်တန်းသား အမျိုးသမီး ငယ်အချို့က မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရုံးသို့ အကူအညီတောင်းခံခဲ့ ခြင်းဖြစ်ကြောင်း MOEAF အဖွဲ့ချုပ်မှ သိ ရသည်။

 

ယင်းသို့ တိုင်ကြားချက်နှင့် စစ်ဆေး ပေါ်ပေါက်ချက်တို့အရ ငွေကြေးလိမ်လည် တောင်းခံခဲ့သည့် ယင်းဂျပန်စာ သင်တန်း ကျောင်းပိုင်ရှင်နှစ်ဦးကို ပြည်ပအလုပ်အ ကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် ဗဟန်း မြို့မ ရဲစခန်းတွင် နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီကျော်က အမှုဖွင့်လိုက်ခြင်းဖြစ် ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။  ''ဒီဖြစ်စဉ်မှာဆိုရင် သင်တန်းကျောင်းက ကလေးတွေဆီကနေ တချို့ဆိုရင်လည်း ကျပ် ၁ဝ သိန်း၊ တချို့လည်း အဲဒီထက် ကျော်ပြီး ပေးရတယ်တဲ့ ယူထားတယ်လို့ သိရတယ်။ ဒါကြောင့် ကာယကံရှင်တွေထဲကမှ မိန်းကလေးခုနစ်ဦးက သက်သေလုပ်ပြီး သူတို့ကိုယ်တိုင် အမှုဖွင့်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့တယ်။ အဲဒါတောင် ကာ ယကံရှင် ငွေယူထားတဲ့ သင်တန်းကျောင်းပိုင်ရှင်က မဖွင့်နဲ့ဦး။ ယူထားတဲ့ငွေတွေ ပြန် လျော်ပေးမယ်ဆိုတဲ့ သဘောမျိုး လုပ်နေတယ်ထင်တယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီ လိုလုပ်လို့မရဘူး။ ဒါဖွင့်ကို ဖွင့်မှရမယ်ဆို တာမျိုးနဲ့ဆောင်ရွက်ခဲ့ရတယ်''ဟု ရန်ကုန် တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူးရဲမှူးခင်မောင်ကြွယ်ကပြောသည်။


ယင်းဂျပန်စာသင်တန်းကျောင်း ပိုင်ရှင်နှစ်ဦးကို ဗဟန်းမြို့မရဲစခန်းတွင် (ပ)၄၆၈/ ၂ဝ၁၈ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ရဲမှူးခင် မောင်ကြွယ်ကဆိုသည်။  MOEAF  ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်က ''ဘာသာစကား သင်တန်းကျောင်းတွေ အနေနဲ့ သင်တန်းကျောင်းဖွင့်ခွင့်ကတော့ရှိတယ်။ ဒါပေမဲ့ အခုက ဘာဖြစ်လာလဲဆို တော့ သင်တန်းကျောင်းတွေကနေ အလုပ်ပါတွဲပြီး ကြေညာလာတယ်။ အလုပ်သမား ပို့ခွင့်လိုင်စင်မရှိဘဲနဲ့ပေါ့။ တကယ်ဆို အဲဒီလို လုပ်ခွင့်မရှိပါဘူး။ ပြီးရင် လိုင်စင်ရအေဂျင်စီတွေတောင် ကြေညာခွင့်မရှိတဲ့ အလုပ်အကိုင်တွေကို သူတို့က လွတ်လွတ်လပ် လပ်ကြေညာလာတယ်။ အဲဒီမှာ ကျောင်းသားတွေက မသိတော့ အလိမ်ခံရတယ်။ အခုဖြစ်စဉ်ကလည်း အဲဒီလိုမျိုးပဲ။ အဲဒီလို နည်းတွေနဲ့ လိမ်လာတာတွေများလာတယ်'' ဟု ပြောသည်။

ZCH

#democracytoday

Rate this item
(0 votes)
back to top