HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြန်မာပတ်စ်ပို့နှင့် ထိုင်းဗီဇာအတု ပြုလုပ်ကိုင်ဆောင်သူ မြန်မာနိုင်ငံသား ၂၁ ဦး ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရ

မြန်မာပတ်စ်ပို့နှင့် ထိုင်းဗီဇာအတု ပြုလုပ်ကိုင်ဆောင်သူ မြန်မာနိုင်ငံသား ၂၁ ဦး ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၇ 

မြန်မာပတ်စ်ပို့နှင့် ထိုင်းဗီဇာအတုပြု လုပ်ကိုင်ဆောင်သူ မြန်မာနိုင်ငံသား ၂၁ ဦး ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်သည် ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန် ခရိုင်အတွင်း မြန်မာပတ်စ်ပို့နှင့် ထိုင်းဗီဇာအတု ပြုလုပ်သူ၊ ကိုင် ဆောင်သူအပါအဝင် ဥပဒေနှင့်မညီသည့် နိုင်ငံခြားသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းထဲတွင် မြန်မာပတ်စ်ပို့အတု၊ ထိုင်းဗီဇာအတု ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား ၂၁ ဦးပါဝင် ကြောင်း ထိုင်းကမ္ဘာလှည့်ခရီး သည်ဆိုင်ရာရဲတပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်ကထုတ်ပြန်ထားဟုထိုင်း သတင်းဌာနများ၏ဖော်ပြချက် အရ နိုဝင်ဘာ ၇ ရက်က သိရသည်။

''အဖမ်းခံရတဲ့ မြန်မာ ၂၁ ဦးက အတုလုပ်ပေးတာကို ခံရတာ။ အဲ့ဒီတော့အတုကိုင်ဆောင် မှုနဲ့အဖမ်းခံရတာ။ ထိုင်းမှာ ပတ်စ်ပို့အတု ဗီဇာအတုလုပ်ပေးတဲ့ ဈေးကွက်က ဘယ်လိုပုံစံလဲဆိုတော့ ပွဲစားတွေပြောတာ အကုန်ယုံကြတယ်။ ထိုင်းပို့ပေးမယ်၊ တရားဝင် ပတ်စ်ပို့နဲ့ဗီဇာနဲ့ဆို အကုန်ယုံကြတယ်။ အဲ့ဒီတော့ ပွဲစားကပတ်စ် ပို့လုပ်ပေးပြီး နယ်စပ်ကနေ Border Pass  နဲ့ ဖြတ် ထိုင်းဘက်ကိုရောက် တော့ ကားနဲ့ကယ်ရီလုပ်ပေးပြီး ဗီဇာတုံးအတုထုပေးပြီး စက်ရုံတွေလိုက် သွင်းပေးတယ်။ အဲ့ဒါကို အဟုတ်ကြီးထင်နေကြတယ်။ ပတ်စ်ပို့နဲ့ ဗီဇာဆိုတာကိုဘာမှန်းသေချာနားမလည် ပွဲစားကအာမခံတယ်လို့ ပြောတဲ့စကားကို ဘုရားဟောတ ရားလိုယုံကြည်ပြီး ပိုက်ဆံတောင်း သလောက်ပေးပြီး လုပ်နေကြတာ''ဟု ထိုင်းအခြေစိုက်ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေး က ပြောသည်။


ယခုဖြစ်စဉ်၌ ဖမ်းဆီးခံရသူများတွင် မြန်မာပတ်စ်ပို့တွင် ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာတုံး အတုထုပေးသူ၊ ထိုင်းဌာနဆိုင်ရာ စာရွက်စာတမ်းအတု ပြုလုပ်ပေးသူ၊ ကိုင်ဆောင်သူ၊ ထိုင်းလဝကထံ ရက် ၉ဝ ပြည့် ဧည့်စာရင်းတိုင် ရန်ပျက်ကွက်သူနှင့် Over Stay ဖြစ်နေသည့် နိုင်ငံခြားသားများလည်းပါဝင်ကြောင်းသိရသည်။  ယင်းသို့ပတ်စ်ပို့အတု ဗီဇာ အတုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထပ် မံပါဝင်ပတ်သက်နေသူများကို လည်း ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟု ထိုင်းအာဏာပိုင်များကဆိုထားသလို ဗီဇာ အတုကိုင်ဆောင်မှုဖြစ်စဉ်များသည်လည်း လူပွဲစားမှလုပ်သားများကို မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်စေ၍ ထိုင်းနိုင်ငံအတွင်း Border Pass ဖြင့်သွင်းကာ ပွဲစားမှပင် ဗီဇာတုံးအတုထု၍ အလုပ်သွင်းပေးနေ ခြင်းဖြစ်ပြီး ဗီဇာတုံးအတုပြုလုပ်ခငွေသည် အနည်းဆုံးထိုင်းငွေဘတ် ၈ဝဝဝ မှ ၁၅ဝဝဝ အထိပေးရကြောင်းသိရသည်။

ZCH

#democracytoday

Rate this item
(0 votes)
back to top