HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ယာဉ်ကြောပိတ်ဆို့မှုကို ပိုဖြစ်စေသည့် အဝိုင်းပတ် မီးပွိုင့်စနစ်များကို ဖျက်သိမ်းလိုက်ပြီ၊ ပုံမှန်အဝိုင်း ပတ်စနစ်အတိုင်းသာ ဆက်လက် ကျင့်သုံးတော့မည်

ယာဉ်ကြောပိတ်ဆို့မှုကို ပိုဖြစ်စေသည့် အဝိုင်းပတ် မီးပွိုင့်စနစ်များကို ဖျက်သိမ်းလိုက်ပြီ၊ ပုံမှန်အဝိုင်း ပတ်စနစ်အတိုင်းသာ ဆက်လက် ကျင့်သုံးတော့မည်

ရန်ကုန်၊ နိုဝင်ဘာ ၇ 

ဦးဝိစာရအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းနှင့် ဟံသာဝတီအဝိုင်းတို့တွင် တပ်ဆင်စမ်းသပ်နေသည့် အဝိုင်းပတ်မီးပွိုင့်စနစ်ဖျက်သိမ်း၍ ပုံမှန်အဝိုင်းပတ်စနစ်သာ ဆက်လက်ကျင့်သုံးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင် အဖွဲ့မှ သိရသည်။

ဦးဝိစာရအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းနှင့် ဟံသာဝတီအဝိုင်းတို့ရှိ မီးပွိုင့်များအား နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ စမ်းသပ်လည်ပတ်ခဲ့ရာ ယာဉ်ကြောကျပ်တည်းမှု ပိုမိုဖြစ်ပေါ်ခဲ့သည့်အတွက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၇ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

 

''အဝိုင်းပတ်မီးပွိုင့်စနစ်ကို စမ်းသပ်တာအဆင်မပြေဘူး။ ဒါ ကြောင့် ရပ်ဆိုင်းပါမယ်။ မီးပွိုင့် အချက်ပြစနစ်မဟုတ်ဘဲ ပုံမှန်အဝိုင်းပတ်စနစ်ကိုပဲ ဆက်အသုံးပြုမှာဖြစ်ပါတယ်။ အဝိုင်းပတ်မီးပွိုင့်စနစ်ကို တရုတ်ကုမ္ပဏီကစမ်းသပ်တာ မအောင်မြင်ဘူးဆိုတော့ ထိန်းချုပ်ရေးစင်တာကနေ မီးပွိုင့်တွေ ထိန်းချုပ်ရေးလုပ်ငန်းတွေ စတင်အသက်ဝင်ဖို့က ဘယ်တော့ ဆိုတာတော့ ပြောဖို့ခက်သေးတယ်။ စောင့်ကြည့်ရမှာပေါ့''ဟု ၎င်းက ပြောသည်။

 

အဝိုင်းပတ်မီးပွိုင့်စနစ်ကို ရပ်ဆိုင်းလိုက်သော်လည်း အဝိုင်းပတ်များတွင် တပ်ဆင်ထားသည့် အချက်ပြမီးပွိုင့်များဖြုတ်မည် သို့မဟုတ် ဆက်လက်ထားရှိမည်တို့ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ အဝိုင်းပတ်မီးပွိုင့်များ စမ်းသပ်လည်ပတ်ခဲ့ရာ အဝိုင်းနှင့်ဆက်စပ်သည့်လမ်းမများတွင်ပါ ယာဉ်ကြောကျပ်တည်းမှုများဖြစ် ပေါ်ခဲ့သည်ကိုတွေ့ရှိရကြောင်း စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသော်တာအောင်ကပြောသည်။


''ပုံမှန်အဝိုင်းပတ်စနစ်က အဝိုင်းပတ်ကားတွေ ဦးစားပေးပြီး ကျန်တဲ့ကားတွေက သူ့ဘာသာ သူလည်ပတ်သွားလာနေတာ။ ခု မီးပွိုင့်စနစ်ကျတော့ မီးပွိုင့်တစ်ပွိုင့်ကို လွှတ်ပေးနေတဲ့အချိန်မှာ ကျန်တဲ့ပွိုင့်မလွှတ်ပေးတော့ ကား တွေမထွက်ရဘဲ ရပ်ကုန်တယ်။အဝိုင်းနားကလမ်းတိုင်းမှာ ကားတန်းတွေရှည်ပြီးယာဉ်ကြောကျပ် တည်းမှုတွေ ဖြစ်တယ်။ အဝိုင်းမှာ မီးပွိုင့်တွေ တပ်တာအဆင်မပြေဘူး။ အဝိုင်းပတ်စနစ်ပဲထားတာ အကောင်းဆုံးပဲ''ဟု ၎င်းကပြောသည်။


နှစ်ပေါင်း ၃ဝ ခန့်ကတာမွေအဝိုင်းနှင့် မြောက်ဥက္ကလာပအဝိုင်းကို ဖျက်သိမ်းပြီးအချက်ပြမီးပွိုင့် စနစ်ကိုပြောင်းလဲခဲ့ရာ ယာဉ်သွားလာမှုကြန့်ကြာခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းကြောင့် ကျန်အဝိုင်းများ မီးပွိုင့်စနစ်သို့မပြောင်းဘဲ ဆက်လက်ထားရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်သူတစ်ဦးကေ ပြာသည်။


''ပြီးခဲ့တဲ့နှစ်ပေါင်း ၃ဝ လောက်က အစိုးရလက်ထက်တုန်းက တာမွေနဲ့မြောက်ဥက္ကလာအဝိုင်းကိုဖျက်ပြီး မီးပွိုင့်စနစ်လုပ် လိုက်တာမှာ အဲဒီအချိန်က ကား တွေဒီလောက်မများသေးတဲ့အချိန်မှာတောင် ကြန့်ကြာမှုတွေ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက အဝိုင်းနှစ်ခုဖျက်လိုက်ချိန်က အဆင်မ ပြေတာကြောင့် ကျန်တဲ့အဝိုင်း တွေမဖျက်လို့ ခုဦးဝိစာရအဝိုင်း၊ဟံသာဝတီအဝိုင်းတို့ ဦးထောင် ဘိုအဝိုင်းတို့ကျန်နေတာ။ နောက်ပိုင်းအဲဒီအဝိုင်းတွေမှာ ပတ္တမြားတုံးတွေ၊ ဆွမ်းအုပ်ပုံတွေနဲ့အလှဆင်လိုက်တော့ဒီအဝိုင်းတွေကို မဖျက်တော့တာပိုသေချာသွား တယ်။ မီးအချက်ပြစနစ်ထက် အဝိုင်းပတ်စနစ်က ပိုအဆင်ပြေ တယ်''ဟု¤င်းကပြောသည်။


ဦးဝိစာရအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းနှင့်ဟံသာဝတီအဝိုင်း ပတ်တွင်တပ်ဆင်ထားသည့်မီးပွိုင့် စနစ်လည်ပတ်မှုကို နိုဝင်ဘာ ၄ ရက် နံနက် ၁၁နာရီမှ ညနေ ၃ နာရီအထိ၊ နိုဝင်ဘာ ၅ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၉ နာရီနှင့် နံနက် ၁၁ နာရီမှ ညနေ ၃နာရီ အထိ၊ နိုဝင်ဘာ ၆ ရက်တွင် နံနက် ၇ နာရီမှ ည ၉ နာရီအထိ နှင့် နိုဝင်ဘာ ၇ ရက်မှ နံနက် ၇ နာရီမှ ည ၉ နာရီအထိ ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


၂ဝ၁၅-၂ဝ၁၆ ခုနှစ်ဘဏ္ဍာရေးတွင် ခေတ်မီမီးအချက်ပြစနစ်တပ်ဆင်ခြင်းနှင့်ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်းလုပ်ငန်းအတွက်Myanmar Shwe Ying International Co.,Ltd ESifh China Railway 21st Bureau Group Co.,Ltd(China) တို့ကတင်ဒါအောင်မြင်ခဲ့ပြီး ယင်းလုပ်ငန်းများဆောင်ရွက်ရန် ကျပ် ၁၈ ဒသမ ၉၃၈ဘီလီယံဖြင့် ယခင်အစိုးရနှင့် စာချုပ်ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂ဝ၁၆- ၂ဝ၁၇ ခုဘဏ္ဍာ ရေးနှစ်စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာတွင် ဖော် ပြချက်အရသိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top