HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မုံရွာတွင် ကုန်းတွင်း ဆိပ်ကမ်း တည်ဆောက်ရန်ရှိ၊ မြေရောင်းစားမည်ကို ကြောက်သဖြင့် ဖော်ဆောင်မည့် နေရာကို မပြောရဲဟု ပြည်ထောင်စုဝန်ကြီး ဆို

မုံရွာတွင် ကုန်းတွင်း ဆိပ်ကမ်း တည်ဆောက်ရန်ရှိ၊ မြေရောင်းစားမည်ကို ကြောက်သဖြင့် ဖော်ဆောင်မည့် နေရာကို မပြောရဲဟု ပြည်ထောင်စုဝန်ကြီး ဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ကုန်းတွင်း ဆိပ်ကမ်းတစ်ခုဖော် ဆောင်ရန် စီစဉ်ထားသော်လည်း မြေရောင်းစားမည်ကိုကြောက် သဖြင့် အကောင်အထည်ဖော် မည့်နေရာအား မပြောရဲကြောင်း ပြည်ထောင်စုဝန်ကြီးဦးသန့်စင် မောင်က ပြောသည်။ နိုဝင်ဘာ ၁၁ ရက်နေ့၊ ရွာ သာကြီးတွင်ပြုလုပ်သည့် ကုန်း တွင်းဆိပ်ကမ်းစီမံကိန်းဖြစ်သော Yangon Dry Port  ဖွင့်ပွဲအ ခမ်းအနားအပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးသန့်စင်မောင် က အထက်ပါအတိုင်းပြောကြား လိုက်သည်။

မုံရွာတွင် ကုန်းတွင်းဆိပ် ကမ်းတည်ဆောက်မည့်အချိန်ကို လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခြင်းမရှိပေ။  ''မုံရွာမှာ Dry Port အလုပ် ဖို့စဉ်းစားနေပါတယ်။ မင်းတို့ကို မပြောရဲတာ။ ဘာလို့မပြောရဲလဲဆို တော့ ခက်တာကမြန်မာလူမျိုးလို့။လူမျိုးနဲ့ချီ အပြစ်မတင်ချင်ပါဘူး။တို့ကကြိုးစားပြီးတော့ လုပ်ချင် စိတ်အားနည်းနေသေးတယ်။ မြေ ကြီးလှောင်တယ် ရောင်းစားတယ်။ ကားလှောင်တယ်၊ ရောင်းစားတယ်။ အဲ့ဒါက အလုပ်မဟုတ်ဘူး။ အဲဒါ က ခပ်ညံ့ညံ့လူတွေလုပ်တဲ့အလုပ်။ ငါကငါ့လူတွေကို၊ ငါ့တိုင်းပြည် ကို ခပ်ညံ့ညံ့လူတွေမဖြစ်စေချင် ဘူး။ ဒါကြောင့် အခုကမြေကြီး ရောင်းစားမှာကြောက်လို့ ဘယ် နားလုပ်မယ်လို့မပြောရဲဘူး။လုပ် မယ့်အစီအစဉ်တော့ရှိတယ်''ဟု ¤င်းကပြောသည်။


Logistics Industry  မ ကောင်းလျှင် တိုင်းပြည်တိုးတက် ရန်နည်းနည်းခက်မည်ဖြစ်ပြီး Logistics Industry ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆောင်ရွက်ရန် ၁၉၉၆ ခုနှစ်ကတည်းက ပင်အိုင်ဒီ ယာရှိသော်လည်း လုပ်ခွင့်မရဘဲ ယခုမှသာ Dry Port များပြန် လုပ်ရခြင်းကြောင့် ပထမခြေ လှမ်းအဖြစ်သာရှိနေသေးကြောင်း ပြည်ထောင်စုဝန်ကြီးကပြော သည်။


ယခုအခါ ရွာသာကြီးနှင့်မြစ်ငယ်တို့တွင် ကုန်းတွင်းဆိပ်ကမ်း များတည်ဆောက်ထားပြီးဖြစ်ပြီး မုံရွာတွင် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ရေးအတွက် မြန်မာ့ မီးရထားနှင့် ကိုရီးယားကုမ္ပဏီတို့ပူးပေါင်းကာ စီမံကိန်းဖြစ်နိုင်စွမ်းရှိ၊ မရှိ လေ့လာနေကြောင်း ယင်းဆိပ်ကမ်းသာတည်ဆောက်နိုင်ပါက တမူး - ကလေးဘက်မှ ကုန်ပစ္စည်းများကို ရန်ကုန်သို့သယ် ဆောင်နိုင်မည်ဖြစ်သလို ရန်ကုန်ဘက်မှကုန်များကိုလည်းပို့ဆောင် နိုင်မည်ဖြစ်ကြောင်း KM Terminal and Logistics Limited ၏အထွေထွေ မန်နေဂျာဦးညီထွဋ်က ပြောသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top