• About Us
  • Advertise
  • Careers
  • Contact Us
Sunday, December 8, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ငွေကျပ် ၉ သိန်းကျော် ကုန်ကျခဲ့သော်လည်း ထိုင်းတွင် အလုပ်မရရှိဟုဆိုကာ MoU လုပ်သား ၃၈ ဦး မြဝတြီ??

by M Bwe
June 13, 2019
in Others
1 min read
0
0
SHARES
13
VIEWS
Share on FacebookShare on Twitter

RelatedPosts

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019

ရန်ကုန်၊ နိုဝင်ဘာ ၆

ငွေကျပ် ကိုးသိန်းကျော် ကုန်ကျခဲ့သော် လည်း ထိုင်းတွင်အလုပ်မရရှိဟု ဆိုကာ MoU လုပ်သား ၃၈ ဦး မြဝတီမြို့ ကျောက်လုံးကြီးစခန်းရှိ အလုပ်သမားရုံးသို့ လာရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်သား ၃၈ ဦး သည် Myanmar Worker  ပြည် ပအလုပ်အကိုင်အေဂျင်စီ၏စေ လွှတ်မှုဖြင့် ထိုင်းနိုင်ငံရှိ ဆောက် လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ခဲ့ ခြင်းဖြစ်သော်လည်း အလုပ်အကိုင် အဆင်မပြေသည့်အပြင် တောအ တွင်းနေထိုင်ရခြင်း စားဝတ်နေ ရေးခက်ခဲခြင်းကြောင့်ဟုဆိုကာ နိုဝင်ဘာ ၆ ရက်တွင် ထိုင်းမှ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိ လာပြီး မြဝတီမြို့ကျောက်လုံးကြီး စခန်းရှိ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနသို့ လာရောက်တိုင် ကြားခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ် နှင့်ပတ်သက်၍ မြဝတီမြို့အလုပ် သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်သမားများထံမှ သိရသည်။

”ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန် တော်တို့ကတော့ပို့ပေးတဲ့ Myanmar Worker  ကုမ္ပဏီကတာ ဝန်ရှိသူတွေကိုခေါ်ပြီးတော့ အ လုပ်သမားတွေအတွက် ဘယ်လို ဆောင်ရွက်မလဲဆိုတာကို အတတ် နိုင်ဆုံးညှိနှိုင်း ဆောင်ရွက်ပေးသွား မှာပါ။ ညှိနှိုင်းမှုရလဒ်တွေကို အလုပ် သမားတွေဘက်က မကျေနပ်ဘူး ဆိုရင် အထက်ဌာနကို စာတင် ပေးရမှာပေါ့။ အခုဖြစ်စဉ်ကိုလည်း အထက်ဌာနကိုတင်ပြသွားမှာပါ” ဟု မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတာဝန်ခံ အရာရှိ ဦးသန်းထိုက်က နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီကပြောသည်။

အဆိုပါဖြစ်စဉ်သည်လည်း Myanmar Worker  ပြည်ပအ လုပ်အကိုင်အေဂျင်စီမှ မြဝတီမြို့ နယ်မှတစ်ဆင့် အလုပ်သမား ၂ဝဝ ကို အောက်တိုဘာ ၈ ရက်တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊ ဆောက်လုပ်ရေးလုပ် ငန်းခွင်တွင် လုပ်ကိုင်ရမည်ဟု စာ ချုပ်ချုပ်ဆိုပို့ဆောင်ခဲ့သော်လည်း တောအတွင်းနေထိုင်ရခြင်း၊ ထိုင်း အာဏာပိုင်များ ဝင်ရောက်ဖမ်းဆီး ပါက ပုန်းရှောင်နေရခြင်း၊ အလုပ် ၁ ရက်သာလုပ်ကိုင်ရခြင်းတို့ကြောင့် ပြန်လာခြင်းဖြစ်ကြောင်း MoU  လုပ် သားများက ပြောဆိုထားသည်။

”ကျွန်တော်တို့ပွဲစားဦးထွန်း ဝေဆိုတဲ့သူနဲ့ချိတ်ပြီး တစ်ယောက် ကို ကိုးသိန်းပေးရတယ်။ အဲ့လို ပေးပြီး Myanmar Worker အေဂျင်စီနဲ့ ထိုင်းကိုသွားခဲ့တယ်။ လေယာဉ်ကွင်းဆောက်လုပ်ရေး အလုပ်ဆိုပြီးပို့တာ တောထဲကို ရောက်တယ်။ တစ်ရက်ပဲအလုပ် လုပ်ရတယ်။ ခေါက်ဆွဲထုတ်စားပြီး နေခဲ့ရတယ်။ ဘယ်လိုမှအဆင်မ ပြေလို့ မြန်မာသံရုံးကိုသွားတယ်။ ထိုင်းက MOEAF ရုံးကိုလည်း သွားတယ် ညှိနှိုင်းတယ် ဘယ်လို မှအဆင်မပြေဘူး။ မြန်မာတွေပဲ ဟာ ဘယ်လိုပဲဖြစ်ဖြစ်ရတဲ့ အ လုပ်လုပ်ရမှာပဲဆိုပြီးပြောတယ်။ အဲ့တော့ ဘယ်လိုမှအဆင်မပြေ လို့ ပြန်လာပြီးတိုင်ရတာဖြစ် တယ်”ဟု MoU လုပ်သား ကို ထွန်းလင်းကပြောသည်။

လက်ရှိတွင်လည်း နိုဝင်ဘာ၆ ရက်က အဆိုပါပြဿနာကိုညှိနှိုင်း သော်လည်း ပြေလည်မှုမရရှိသဖြင့် နိုဝင်ဘာ၇ရက်ကို ပြန်လည်ချိန်းဆို ထားကြောင်းနှင့် အဆိုပါ Myanmar Worker ပြည်ပအလုပ်အကိုင် အေဂျင်စီအနေဖြင့်လည်း ယခင်တွင် ထိုသို့ အလုပ်သမားပြဿနာများ ကြောင့်ပင် ခံဝန်များထိုးဖူးကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနမှသိရသည်။ ”ဒီဖြစ်စဉ်ကို သေချာစစ်ဆေး သွားမယ်။ အဓိကကတော့အလုပ်သမား မနစ်နာဖို့ဘဲ။ Myanmar Worker က အရင်လည်းခံဝန်ထိုး ထားဖူးတယ်”ဟု အလုပ်သမားညွှန် ကြားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍လည်း Myanmar Worker အေဂျင်စီ MD  ဦးဝင်းထွန်းက ”သူတို့ကို ထိုင်း စူရန ဖွန်လေဆိပ်ရဲ့ တိုးချဲ့ဆောင်ဆောက် လုပ်ရေးလုပ်ငန်းကိုပို့တာပါ။ အဲ့ဒါ ကို တောထဲလို့ပြောတယ်။ တောထဲ ဟုတ် မဟုတ် စဉ်းစားချင့်ချိန်ကြည့် ကြပါ။ ပြီးတော့ အဲ့နားက နေရာ တွေကို လဝကကလာစစ်တာကို သူ တို့ ကြောက်လန့် ထွက်ပြေးကြတယ်။ ပို့တဲ့အလုပ်သမား ၂ဝဝလောက်မှာ ၃၈ဦးပဲ မလုပ်နိုင်ဘူးဆိုတာ ပြန် လာတာစဉ်းစားကြည့်ပါ။ ပြီးတော့ သူတို့ပွဲစားကိုပေးရတဲ့ ငွေကိုးသိန်းကို Myanmar Worker က လျော် ဆိုရင်တော့ မလျော်ဘူး ဆောရီးပဲ။ အလုပ်ခွင်ထဲ တစ်ရက်ပဲဝင်ပြီး သူ တို့က နစ်နာကြေးတောင်းတာတော့ မလုပ်ပေးနိုင်ဘူးလေ။ သူတို့အတွက် ကျန်တဲ့ကုန်ကျစရိတ်တွေ အကုန် စိုက်ပေးထားပြီးသား။ ပွဲစားဆီက ပဲတောင်းပေါ့။ မနက်ဖြန်ပွဲစားတွေ လည်း လာရှင်းမယ် ထပ်ညှိမယ်။ အဲ့လိုမှမဟုတ်ဘဲ အေဂျင်စီကိုသိက္ခာ ချရင်တော့ အေဂျင်စီက အလုပ် သမားတွေကို တရားပြန်စွဲမယ်”ဟု ပြောသည်။ 

KKTM/ ZCH

#democracytoday

Previous Post

တက္ကသိုလ် ဒီဂရီကောလိပ် ကျောင်းဝင် မှတ်ပုံတင်ခြင်းများ နိုဝင်ဘာ ၁၅ ရက်တွင် စတင်လက်ခံမည်

Next Post

အောက်တိုဘာ လကုန်အထိ ဟိုတယ် အလုံးရေ တစ်ထောင်ကျော်နှင့် အခန်းပေါင်းခြောက်သောင်းကျော် လုပ်ငန

M Bwe

Related Posts

Others

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019
Others

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019
Others

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019
Yangon Media Group
Others

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019
Yangon Media Group
Others

နေပြည်တော် စည်ပင်ရိပ်သာဗုံးလန့်မှုနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်များကို တစ်လကျော်ကြာသည်အထိ ခြေရာခံ မမိသေးဟုဆို

August 28, 2019
Yangon Media Group
Others

ပုသိမ်မြို့၌ လမ်းသွားလမ်းလာများကို အုပ်စုဖွဲ့ ရိုက်နှက်ရမ်းကားခဲ့သည်ဟုဆိုသူ လူငယ် ၁၀ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၁၁ ခုဖြင့် အမှုဖွင့်

August 28, 2019
Next Post

အောက်တိုဘာ လကုန်အထိ ဟိုတယ် အလုံးရေ တစ်ထောင်ကျော်နှင့် အခန်းပေါင်းခြောက်သောင်းကျော် လုပ်ငန

Discussion about this post

Connect with us

ADVERTISEMENT

Recommended

စူပါဟီးရိုးအသစ်များ ထပ်မံဖန်တီးမည်ဟု Marvel ဥက္ကဋ္ဌပြော

1 year ago
Yangon Media Group

၂၀၁၈ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်တွင် ကပ်လှူနိုင်ရန်ချပ်ရေ ၁၀ဝ ပါ ရွှေဆိုင်းပေါင်း ၁၂?

2 years ago

လပွတ္တာမြို့နယ်တွင် ဓားကိုင် ရမ်းကားနေသူကို ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီး  

6 months ago

အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရ

7 months ago

အဖွဲ့ဝင် တစ်ဖနီရဲ့မွေးနေ့မှာ အတူတူပြန်ဆုံခဲ့ကြတဲ့ Girls Generation အဖွဲ့ဝင်များ

4 months ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ကမ္ဘောဇသာဒီ နန်းတော်တွင် ဘုရင့်နောင် မင်းတရားကြီး၏ မိဖုရား ထိုင်းမင်းသမီး ဆုပန်ကလျာ ရုပ်တု??

    0 shares
    Share 0 Tweet 0
  • Airbus A220-300 ခရီးသည်တင်လေယာဉ်ကို ရန်ကုန်မြို့တွင် ပျံသန်းမိတ်ဆက်

    822 shares
    Share 822 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    0 shares
    Share 0 Tweet 0
  • ”အိချောက မိန်းကလေးဆန်တဲ့ ကာရိုက်တာတွေကို သိပ်မကြိုက်ပါဘူး” အိချောပို

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.