ကသာ၊ အောက်တိုဘာ ၂
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ ၇၂ ရွာအား NEP စီမံကိန်းဖြင့် ဆိုလာမီးများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ကသာခရိုင် ကျေးလက်ဦးစီးဌာနမှ သိရသည်။ ”ကသာခရိုင်အတွင်းမှာလာမယ့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ နြဏ စီမံကိန်းနဲ့ ကျေးရွာ ၇၂ ရွာကို တစ်အိမ်သုံး ဆိုလာမီးတွေ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်”ဟု ကသာခရိုင် ကျေးလက်ဦးစီးမှူး ဦးတိုး ကြည်က ပြောသည်။
အဆိုပါ NEP အမျိုးသားလျှပ်စစ်ဓာတ်အားစီမံကိန်းဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကသာမြို့နယ်တွင် ကျေးရွာသုံးရွာ၊ ထီးချိုင့် မြို့နယ်တွင် သုံးရွာ၊ ဗန်းမောက်မြို့နယ်တွင် ခုနစ်ရွာနှင့် အင်းတော် မြို့နယ်တွင် ရှစ်ရွာတို့အား ဆိုလာမီးများ တပ်ဆင်ပေးခဲ့ကြောင်း သိ ရှိရသည်။
ကသာခရိုင်အတွင်းရှိ ကသာ၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့်နှင့် ဗန်းမောက်မြို့နယ်များရှိ ကျေးရွာ ၇၂ ရွာအား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် NEP စီမံကိန်းဖြင့် ဆိုလာမီး များ တပ်ဆင်ပေးမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများမှ ၁၃ ရာခိုင်နှုန်းထည့်ဝင်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့က ကျန်ရာခိုင်နှုန်းကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း၊ ယခုအခါ ကသာခရိုင်အတွင်းရှိ ကျေးရွာလူဦးရေ ၁၄၄၇ ဦး ဆိုလာ မီးများရရှိနေပြီဖြစ်ကြောင်း ကသာခရိုင်ကျေးလက်ဦးစီးဌာနမှ သိရသည်။
HT(AL)
#democracytoday
Discussion about this post