ရန်ကုန်၊ ဧပြီ ၂၈
ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာထောက် ထားမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထား ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD အဖွဲ့၏ ဆောက်လုပ်ရေးနှင့်အခြေ ခံ အဆောက်အအုံ တည်ဆောက် ရေးလုပ်ငန်းအဖွဲ့မှ ဒုတိယအဖွဲ့ ခေါင်းဆောင် ဦးကိုကို ဦးဆောင် သည့်အဖွဲ့သည် မောင်တောမြို့ နယ်၊ လှဖိုးခေါင် ယာယီကြားစခန်း ရှိ ယာယီတဲများ ဆောက်လုပ်ပြီး စီးမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
ဆောက်လုပ်နေသည့် ယာယီ တဲများ အချိန်မီပြီးစီးရန်နှင့် အရည်အသွေး ပြည့်ဝရန်အတွက် သွား ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၃ရက်မှ ဧပြီ ၂၅ရက်အထိ သုံး ရက်တာကြာမြင့်ခဲ့ကြောင်း သိရ သည်။ ”ယာယီတဲတွေ ဆောက်လုပ် တဲ့အခါမှာ ကြီးမားတဲ့ အခက်အခဲ မရှိပေမယ့် သင်္ကြန်ပိတ်ရက်တွေ ရှိခဲ့တဲ့အတွက် လုပ်သားရှားပါးမှု နဲ့ ပစ္စည်းပြတ်လပ်တာတွေကို ကြုံ ခဲ့ရတယ်”ဟု UEHRD(CITF) အဖွဲ့၊ တွဲဖက်အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်ဝင်းက ပြောသည်။ လှဖိုးခေါင်ယာယီကြားစခန်း ရှိ ယာယီတဲများကို ပြန်လည်ဝင် ရောက်လာသူ ၃ဝဝဝဝခန့် နေထိုင် ရန်အတွက် ဆောက်လုပ်နေခြင်း ဖြစ်ပြီး ဆောက်လုပ်သည့်အခါတွင် လည်း တဲတစ်လုံးကို ရှစ်ခန်းတွဲ ထည့်သွင်း တည်ဆောက်ခြင်းဖြစ် ကာ တစ်ခန်းတွင် လူခြောက်ဦး နေထိုင်နိုင်မှာဖြစ်သည်။ တဲတစ်လုံး တွင် လူ ၄၈ဦး နေထိုင်နိုင်မည် ဖြစ်ပါသည်။ ယာယီတဲပေါင်း ၆၂၅ လုံး တည်ဆောက်သွားမည်ဖြစ်ပြီး လတ်တလော ယာယီတဲပေါင်း အလုံး ၅ဝဝကျော် ပြီးစီးနေပြီဖြစ် ကြောင်း ယာယီတဲ ဆောက်လုပ် ရေးလုပ်ငန်းခွင်မှ တာဝန်ခံအင် ဂျင်နီယာ ဦးမြတ်ကိုကိုကပြော သည်။
လှဖိုးခေါင်ယာယီကြားစခန်း မှ ယာယီတဲများကို ၂ဝ၁၈ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ယာယီတဲများ အားလုံးကို မိုးမကျမီကာလအတွင်း အပြီး ဆောက်လုပ်သွားမည်ဖြစ် ကြောင်း UEHRD(CITF) အဖွဲ့ မှ သိရသည်။ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့သည် CITF တည်ဆောက် နေသည့် တောင်ပြိုလက်ဝဲ၊ အိုး ထိန်းနှင့် ကြိမ်ချောင်းဆောက်လုပ် ရေးလုပ်ငန်းအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ် ချက်များကို ပေါင်းစပ်ညှိနှိုင်းပေး ခဲ့ကြောင်း သိရသည်။
CNB
Discussion about this post