ရေး၊ ဇန်နဝါရီ ၁၅

မွန်ပြည်နယ် ရေးမြို့မိသားစုပရဟိတအဖွဲ့မှ အထောက်အပံ့နည်းပါးသည့် စာသင်ကျောင်းများကို အဓိကထားပံ့ပိုး ကူညီပေးသွားမည်ဖြစ်ပြီး လိုအပ်နေသောထောက်ကူပစ္စည်းများအပြင် ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်ခွန်အားပေး ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကိုပါ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ဦးမန်းဂျော်နီနုတ်ထွက်သွားပြီးသည့်နောက် လစ်လပ်နေသော ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နေရာကို အစားထိုးခန့်အပ်ရန် ဇန်နဝါရီ ၁၅ ရက်တွင်ခေါ်ယူခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်အရေး ပေါ်အစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်သို့ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။ ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသည့်ဒုတိယအကြိမ်ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်အရေးပေါ် အစည်းအဝေး(၁/၂ဝ၁၈) ကို တိုင်း ဒေသလွှတ်တော်ကိုယ်စားလှယ်များရောက်ရှိနေရာယူပြီးသည့်အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်အခမ်းအနားမှူးကကြေညာလိုက် ခြင်းဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၅

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဘုတလင်မြို့နယ်တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် မြို့နယ်တရားသူကြီး၊ ဥပဒေအရာရှိနှင့် အထက်တန်းရှေ့နေတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။ ၎င်းတို့သုံးဦးစလုံးမှာ အမျိုးသမီးများဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဖြင့် ဘုတလင်မြို့မရဲစခန်း၌ ဇန်နဝါရီ ၁၂ ရက်က အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ (၁၁၂)နှစ်ပြည့် အထိမ်းအမှတ်ကို ကလေးများ ပျော်ရွှင်စေရန်အဓိကရည်ရွယ်၍ ဖျော်ဖြေရေးအခမ်းအနားများစွာ ဖြင့်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် တိရစ္ဆာန်ဥယျာဉ်အတွင်း၌ 'ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ (၁၁၂) နှစ် ပြည့်အထိမ်းအမှတ် ကလေးသူငယ် များရန်ပုံငွေပွဲ Yangon Zoo Donation Fair  ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး လာရောက်လည်ပတ်သူများပြားခဲ့ကြောင်း သိရသည်။

ရေး၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် ၂ဝ၁၇ ခုနှစ်အတွင်း သေမှုသေခင်းနှင့် လူသတ်မှုပေါင်း ၄၇မှုဖြစ်ပွားခဲ့ ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ ယင်းသို့သေမှုသေခင်း ၃၈မှု နှင့် လူသတ်မှု ၉မှုဖြစ်ပွားခဲ့ ခြင်းသည် ကျန်းမာရေးကြောင့်နှင့် ပင်လယ်ပြင်အတွင်း သောက်စား မူးယစ်ပြီး ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုက ဇန်နဝါရီ ၁၃ရက်ကပြောသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၄

မြန်မာ-ဂျပန်ချစ်ကြည်ရေးအထိမ်း အမှတ်အဖြစ် ဒုတိယအကြိမ် ချယ်ရီပန်းပင် ၂ဝဝ စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ကျင်းပ ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ၁၃

ဘန်ကောက်တွင်ရှိသောအနှိပ်ခန်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်စီးခဲ့ရာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မခိုင်းစေခံရသည့် မြန်မာမိန်းကလေး၁ဝဝခန့်ကို ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ၁၂ရက်က ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)၊ စစ်တပ်နှင့် ဒေသခံအာဏာပိုင်များက ဘန်ကောက်မြို့ ရာမာအရပ်ရှိ လူသိများသည့် နာမည်ကြီး Victoria Secret Massage အမည်ရှိ အနှိပ်ခန်းသို့ ဝင်ရောက်စီးနှင်းခဲ့ကာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မခိုင်းစေခံရသည့် မြန်မာမိန်းကလေး ၁ဝဝ ခန့်အပါအဝင် မိန်းကလေးများကို ကယ်တင်နိုင်ခဲ့ ကြောင်း ဇန်နဝါရီ ၁၃ရက်က ဖော် ပြထားသည့် ဘန်ကောက်ပို့စ် သတင်းအရသိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃- မြန်မာပလာဇာရှေ့တွင် လမ်း ဖြတ်ကူးသူ မလေးရှားနိုင်ငံသားတစ်ဦး ယာဉ်တိုက်ခံရမှု ကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Page 2 of 45