HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြို့သစ်မြို့နယ်တွင် မီးဖိုမီးမှ တစ်ဆင့် နွားစာပုံကို မီး ကူးစက်လောင်၊ အိမ် ၂၇ လုံး ဆုံးရှုံး

မကွေး၊ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဆူးတပ်ကြီးကျေးရွာတွင် မိခင်မရှိ ခိုက် မောင်နှမနှစ်ဦး မီးဖိုအား အသုံးပြုရာမှ နွားစာပုံအား မီးကူးစက်ကာ နေအိမ် ၂၇လုံးမီးလောင် မှုဖြစ်ပွားခဲ့ကြောင်း ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်သူလူထုအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ပဲခူးမြို့၌ ခုတင် ၅ဝ ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်လှစ်

ပဲခူး၊ ဖေဖော်ဝါရီ ၂၇

ပဲခူး မြို့နယ်အတွင်းရှိ ပြည်သူလူထုအား တိုင်းရင်းဆေးဖြင့် အချိန် ပြည့်ကျန်းမာရေးစောင့်ရှောက်မူ ပေးနိုင်ရန် ခုတင် ၅ဝ ဆံ့တိုင်းရင်း ဆေးရုံဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဥဿာမြို့ သစ် (၇) ရပ်ကွက်၊ ဓမ္မစေတီလမ်းတွင် ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီး၏ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဘုံသုံးဆင့် ရွှေထီးတော်တို့ ရွှေတိဂုံစေတီတော်သို့ ရင်ငွေ့ခိုလှုံရန် ပင့်ဆောင်

ဘီးလင်း၊ ဖေဖော်ဝါရီ ၂၇

ကျိုက်ထီးဆောင်းဆရာတော်ကြီး၏ဆန္ဒ တော်နှင့်အညီ ထီးတော်အဆူ ၅ဝ၁ ဆူပြည့်တင်လှူပူဇော်မည့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်း တောင်းမြို့နယ် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့်ဘုံး သုံးဆင့်ရွှေထီးတော်တို့အား မွန် ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာရှိ ဆံတော်ရှင်ကျိုက် ထီးဆောင်းစေတီတော်မှ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ် ကြီးသို့ ရင်ငွေ့ခိုလှုံရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက စတင်ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း ကျန်းမာရေး ပြဿနာကြောင့် ဆေးရုံတက်ရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် မန္တလေးဆေးရုံကြီးတွင် စာဖြေဌာနတစ်ခု သီးသန့် ဖွင့်လှစ်ပေးသွားမည်

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပနေစဉ်အတွင်း ကျန်းမာရေးအခြေအ နေကြောင့် ဆေးရုံတက်ရသည့် ကျောင်းသား၊ ကျောင်းသူများနစ်နာမှုမရှိစေရေးအတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဖျားနာ ဆောင်အရှေ့ဘက်အဆောင်တွင် သီးသန့်စာဖြေဌာနတစ်ခုဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ဆေးလူ မှုဆက်ဆံရေးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားစေသည့် ယာဉ်ပိုင်ရှင်များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူတော့မည်

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တ လေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားစေသည့် ယာဉ်များကြာရှည်စွာရပ်နားခြင်း၊ ယာဉ်နှစ်ထပ် ရပ်နားခြင်းတို့ပြုလုပ်ပါက ယာဉ်ပိုင်ရှင်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၁၁၂ အရ အရေးယူသွားတော့မည်ဖြစ်ကြောင်း ကော်မတီမှ ဖေ ဖော်ဝါရီ ၂၅ ရက်ထုတ်ပြန်သည့် အသိပေးကြေညာချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဦးဝီရသူအား အရေးယူပေးရန် နှိုးဆော်သည့် သတင်းစာ ရှင်းလင်းပွဲ ပျက်ပြီးနောက် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းကို မတ် ၁၅ ရက် နောက်ဆုံးထား ရွှေ့ပေးရန် အိမ်ရှင် အကြောင်းကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ဦးဝီရသူအား အရေးယူပေးရန် သတင်းစာရှင်းပွဲပျက်သွားပြီးနောက် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းကို မတ် ၁၅ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် ပိုင်ရှင်မှလာရောက် အသိပေးသွားကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)မှ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။ ''မနေ့ကလုပ်တဲ့သတင်းစာရှင်းလင်းပွဲကိစ္စနဲ့ပတ်သက်ပြီး ညကဖုန်းဆက်ပြီးပြောတယ်။ ပြီးတော့ ဒီမနက်မှာပဲ ရုံးခန်းကိုလာသွားပြီး ပြောတယ်လို့ ရုံးကအမှုဆောင်တွေက ပြောတယ်။ ဆက်မငှားတော့ဘူးလို့ပြောတယ်။ ဒီမနက်ကတော့ ရဝတက အိမ်ခန်းကိုမငှားဖို့ အိမ်ရှင်ကိုပြောတယ်လို့ ပြောတယ်'' ဟု ၎င်းကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန် တိုင်းဒေသကြီးတွင် လေးနာရီအတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၌ လေးနာရီအတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ငြိမ်းချမ်းရေး ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲမှ ဒုတိယဆုရှင် ကြူကြူခိုင်ကို မြန်မာသံစဉ် မြတ်နိုးသူများ မိသားစုများမှ ဂုဏ်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတွင် ပြိုင်ပွဲ ဝင်ကာလတစ်လျှောက်လုံး မြန်မာသံစဉ်များဖြင့် တစိုက်မတ်မတ်ယှဉ်ပြိုင်ပြီး ဒုတိယဆုရရှိခဲ့သည့် ကြူကြူခိုင်ကို မြန်မာသံစဉ်မြတ်နိုးသူမိသားစုများအဖွဲ့မှ ဂုဏ် ပြုပွဲပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါဂုဏ်ပြုပွဲကို ဖေဖော်ဝါရီ ၂၅ ရက် ဗဟန်းမြို့နယ် ကျောက်ဆည်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...