HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်းတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ညောင်ပင်ဝင်တိုက်၊ ယာဉ်မောင်းသေဆုံး

ကျိုင်းတုံ၊ ဒီဇင်ဘာ ၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းမကြီးတွင် ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းမဘေးရှိ ညောင်ပင်ကြီးအား ဝင်ရောက်တိုက်မိခဲ့ပြီး အခင်း ဖြစ်ရပ်နေရာတွင် ယာဉ်မောင်းသေဆုံးခဲ့ကြောင်း အမှတ် (၁၁၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

(၉)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ ကျပ်သိန်းတစ်ထောင်နှင့် အထက် ထီဆုငွေများ ဒီဇင်ဘာ ၄ ရက်တွင် နေ့ချင်းပြီး ထုတ်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁

 

(၉)ကြိမ် မြောက်ကျပ် ၅ဝဝ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲ၏ကျပ်သိန်းတစ်ထောင်နှင့်အထက် ထီဆုငွေများကို ဒီဇင်ဘာ ၄ ရက်တွင် နေ့ချင်းပြီးထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ (၉)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အက္ခရာ ၄၇ လုံးကျော်ထီစာအုပ်ပေါင်း ၃၈၄၅၄၄၆ အုပ်အားရောင်းချခဲ့ရာ ငွေကျပ်သန်း ပေါင်း ၁၉၂၂၇ ဒသမ ၂၃ သန်းရရှိခဲ့ပြီး ယင်းရရှိငွေများအနက် ငွေကျပ်သန်းပေါင်း ၁၁၅၃၆ ဒသမ ၃၃၈ သန်းအားထီဆုငွေအဖြစ် ခွဲဝေပေးခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အမျိုးသားဇာတ်ရုံ (မန္တလေး)ကို ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးရန် တင်ဒါခေါ်ယူ

မန္တလေး၊ နိုဝင်ဘာ ၃ဝ

 

မန္တလေးတိုင်းဒေသကြီး မန္တလေးအောင်မြေ သာစံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံကို ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တင်ဒါခေါ်ယူထားကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန် ...

အလယ်တန်းနှင့် အထက်တန်းကျောင်းခွဲများတွင် ကျောင်းအုပ် ရာထူးနေရာ ၁၂ဝဝ ခန့် လစ်လပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၃ဝ

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလယ်တန်းကျောင်းများနှင့်အထက်တန်း ကျောင်းခွဲများအတွက် ကျောင်းအုပ်ရာထူးနေရာ ၁၂ဝဝ ခန့်လစ် လပ်နေကြောင်းသိရသည်။ ယခုပညာသင်နှစ်တွင် အလယ်တန်းကျောင်းများနှင့်အထက်တန်းကျောင်းခွဲများအတွက် ကျောင်းအုပ်ရာထူးနေရာ ၁၂ဝဝ ခန့်လစ်လပ်မှုရှိနေပြီး လက်ရှိတွင် အဆိုပါရာထူးနေရာများကို ဖြည့်တင်းရန်အတွက် ဘီအီးဒီဘွဲ့ရ အထက်တန်းပြ၊ အထက်တန်းပြ (ကာယ)တို့ထဲမှလုပ်သက်သုံးနှစ်ပြည့် ပြီးသူများ၊ အသက်(၅၉)နှစ်ထက် မကြီးသူများကို ရာထူးတိုးလျှောက်ထားရန်အတွက် ခေါ်ယူထားပြီး ကျောင်းအုပ်ရာထူးတိုးလျှောက်ထားသူများသည် ရေးဖြေစာမေးပွဲများနှင့်လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်ခံရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မဏိပူရမြစ်ကူး မံဆောင်းတံတား ရေရှည်ခိုင်ခံ့ရေး နိုဝင်ဘာလကုန်မှ စ၍ တန်ပိုကားများ ဖြတ်သန်းခွင့် မပြုတော့

မြန်မာ- အိန္ဒိယနယ်စပ်ရောင်းဝယ်ရေးတွင် ဒုတိယအကြီးမားဆုံးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်နယ်စပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အကြား ကုန်စည်ပို့ ဆောင်ရေးတွင် အရေးပါအဓိကကျသည့် ရိဒ်-ကလေးကားလမ်းတွင်တည်ရှိသည့် မဏိပူရမြစ်ကူး၊ မံဆောင်းတံတားရေရှည်အသုံးပြု နိုင်ရေးနှင့် တံတားမပျက်စီးစေရေး အတွက် နိုဝင်ဘာလကုန်မှစ၍ ဝန်ချိန် ၁၆ တန်ထက်ပိုသောကား များကို ဖြတ်သန်းသွားလာခွင့်ပြု တော့မည်မဟုတ်ကြောင်း ဖလမ်း ခရိုင်လမ်းတံတားဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ပုဂံဒေသခံများ တောင်းဆိုသည့် ဇုန်ပြောင်းလဲ သတ်မှတ်ပေးရေး ကိစ္စ စည်းမျဉ်းများ အတည်ပြုပြီးပါက ညှိနှိုင်းဆောင်ရွက်မည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၉

 

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျေးရွာခြောက်ရွာဒေသခံများမှ ဇုန်ပြောင်းလဲသတ်မှတ်ပေးရန် အချက်အပါအဝင် အခြားတောင်းဆိုချက်များအတွက် ရှေးဟောင်း နယ်မြေနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ အတည်ပြုပြီးပါက ချပြညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြား ရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

သရုပ်ဆောင် ဝေဠုကျော် WLK တံဆိပ်ဖြင့် ဆိုင်ကယ်ရောင်းချ

သရုပ်ဆောင် ဝေဠုကျော်အနေဖြင့် ဆိုင်ကယ်ရောင်းချနေပြီး ယင်းဆိုင်ကယ် ရောင်းရသောအမြတ်ငွေများထဲမှ တစ်ဝက်ကို ပရဟိတလုပ်ငန်းများတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ဝေဠုကျော်အနေဖြင့် အတိုကောက် စာလုံးဖြစ်သော (WLK)အမှတ်တံဆိပ်ဖြင့် မော်တော်ဆိုင်ကယ်များကို ဧရာတီတိုင်း ညောင် တုန်းမြို့ရှိ ခြင်္သေ့မြန်မာမော်တော်ဆိုင်ကယ် Show Room  တွင် ရောင်းချလျက်ရှိနေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တောင်းဆိုချက်များ မရမချင်း ဒဂုံဆိပ်ကမ်း အထည်ချုပ် သပိတ်စခန်းအား ပိတ်သိမ်းသွားမည် မဟုတ်

ရန်ကုန်

 

အလုပ်သမားများမှ အလုပ်ရှင်များထံ တောင်းဆိုထားသည့် တောင်းဆိုချက်များ မရမချင်း ဒဂုံဆိပ်ကမ်းအထည်ချုပ်သပိတ်စခန်းအား ပိတ်သိမ်းသွားမည်မဟုတ်ကြောင်းသိရသည်။ အဆိုပါသပိတ်စခန်းအား နိုဝင်ဘာ ၂၈ ရက် နံနက် ၇ နာရီခွဲမှစတင်ကာ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)၊ စက်မှုဇုန်(၁)၊ အမှတ် (၁၃၇)ရှိ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံရှေ့ တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...