နေပြည်တော်၊ ဇန်နဝါရီ ၁၄

မြန်မာ-ဂျပန်ချစ်ကြည်ရေးအထိမ်း အမှတ်အဖြစ် ဒုတိယအကြိမ် ချယ်ရီပန်းပင် ၂ဝဝ စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ကျင်းပ ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ၁၃

ဘန်ကောက်တွင်ရှိသောအနှိပ်ခန်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်စီးခဲ့ရာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မခိုင်းစေခံရသည့် မြန်မာမိန်းကလေး၁ဝဝခန့်ကို ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ၁၂ရက်က ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)၊ စစ်တပ်နှင့် ဒေသခံအာဏာပိုင်များက ဘန်ကောက်မြို့ ရာမာအရပ်ရှိ လူသိများသည့် နာမည်ကြီး Victoria Secret Massage အမည်ရှိ အနှိပ်ခန်းသို့ ဝင်ရောက်စီးနှင်းခဲ့ကာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မခိုင်းစေခံရသည့် မြန်မာမိန်းကလေး ၁ဝဝ ခန့်အပါအဝင် မိန်းကလေးများကို ကယ်တင်နိုင်ခဲ့ ကြောင်း ဇန်နဝါရီ ၁၃ရက်က ဖော် ပြထားသည့် ဘန်ကောက်ပို့စ် သတင်းအရသိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃- မြန်မာပလာဇာရှေ့တွင် လမ်း ဖြတ်ကူးသူ မလေးရှားနိုင်ငံသားတစ်ဦး ယာဉ်တိုက်ခံရမှု ကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃- လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည့် YBS-20 ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်ခံရ ကြောင်း ပြောခဲ့သည့် ခရီးသည်အမျိုးသမီးတစ်ဦးအား ဆဲဆိုကြိမ်းမောင်းသွားသူ ခါးပိုက်နှိုက်အုပ်စု ဗီဒီယိုဖိုင်တွင် ပါဝင်သည့် ကျူးလွန်သူများမှနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃- ၂ဝ၁၇ ခုနှစ် တစ်နှစ်အတွင်း ပြည်ပ နိုင်ငံ ခုနစ်နိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာလုပ်သားဦးရေ ၁၆ဝဝဝဝ ဝန်းကျင်အထိရှိခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနစာရင်းများအရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂

သီရိမင်္ဂလာယာဉ်ရပ်နားစခန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ကြောင်း ကြေညာထားသော်လည်း အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ရန်မသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ သုံးသပ်ထားကြောင်းသိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂

လှိုင်သာယာရှိ အိတ်ချုပ်စက်ရုံမှ အလုပ်သမား ၅ဝဝ ခန့်က လုပ်ငန်းခွင်ရပ်ဆိုင်းကာ အချက် ၁ဝ ချက်ကို ဆန္ဒထုတ်ဖော်တောင်းဆိုနေကြကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂ 

မြန်မာအစိုးရ အနေဖြင့် လဝကစိစစ်မှုပါမှသာ CI ပြုလုပ်ပေးမည်ဆိုသည့်အချက်ကို ပြန်လည် ဖြေလျှော့ပေးရန် မလေးရှားရှိ မြန်မာလူမှုကူညီရေးအဖွဲ့အချို့က တောင်းဆိုလိုက် ကြောင်းသိရသည်။  မလေးရှားတွင် တရားမဝင်လုပ်သားဖမ်းဆီးမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် နေရပ်ပြန်လိုသည့် တရားမဝင်မြန်မာများများပြားနေသော်လည်း မြန်မာအစိုးရအနေဖြင့် CI ထုတ်ပေးမှု ကန့်သတ်ထားခြင်းကြောင့် တရားဝင်နည်းလမ်းဖြင့် နေရပ်ပြန်ရန်ခက်ခဲနေပြီး ဖမ်းဆီးခံနေရခြင်းများကြောင့် ဖြေလျှော့ ပေးရန်တောင်းဆိုရခြင်းဖြစ်ဟု မလေးရှားနိုင်ငံအခြေစိုက် ကပုန်းလူမှုကူညီရေးအသင်းမှ ဇန်နဝါရီ ၁၁ ရက်ကသိရသည်။

Page 2 of 45