HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မှော်ဘီ အိတ်ချုပ်စက်ရုံမှ ကြိုတင် အသိမပေးဘဲ အလုပ်ထုတ် ခံရသူငါးဦး နို့တစ်ကြေး ရရှိပြီ

ရန်ကုန်၊ အောက်တိုဘာ ၃

 

မှော် ဘီမြို့နယ်ရှိ GOLD IMPERE အိတ်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံရသူငါးဦးကို နို့တစ်ကြေးပေးခဲ့ ကြောင်းသိရသည်။ ယင်းစက်ရုံမှအလုပ်ရှင်နှင့် အလုပ်ထုတ်ခံရသူတို့အကြား အ ငြင်းပွားမှုကို အောက်တိုဘာ ၂ ရက်တွင် မှော်ဘီမြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖျန်ဖြေရေးအဖွဲ့မှ ညှိနှိုင်းခဲ့ရာ နှစ်ဖက်သဘောတူညီမှုရရှိခဲ့ ကြောင်း မှော်ဘီမြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှသိရသည်။  'ညှိနှိုင်းပွဲမှာ ရှင်းပြလိုက်လို့ အလုပ်ရှင်ဘက်က သဘောတူတယ်။ လာတဲ့သူတွေကို ချက်ချင်း ထုတ်ပေးခဲ့ပါတယ်''ဟု မှော်ဘီမြို့ နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ထွန်း ကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

NEP စီမံကိန်းဖြင့် ကျေးရွာ ၇၂ ရွာကို ဆိုလာမီးများ တပ်ဆင်ပေးမည်

ကသာ၊ အောက်တိုဘာ ၂

 

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ ၇၂ ရွာအား NEP စီမံကိန်းဖြင့် ဆိုလာမီးများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ကသာခရိုင် ကျေးလက်ဦးစီးဌာနမှ သိရသည်။ ''ကသာခရိုင်အတွင်းမှာလာမယ့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ နြဏ စီမံကိန်းနဲ့ ကျေးရွာ ၇၂ ရွာကို တစ်အိမ်သုံး ဆိုလာမီးတွေ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်''ဟု ကသာခရိုင် ကျေးလက်ဦးစီးမှူး ဦးတိုး ကြည်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေးတက္ကသိုလ် ပင်မ အဆောက်အအုံကြီးရှေ့တွင် ပထမအကြိမ် ဆီမီး ၅ဝဝဝ ပူဇော်မည်

မန္တလေး၊ အောက်တိုဘာ၂

 

မန္တလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများစုပေါင်းစီစဉ်မှုဖြင့် ပင်မအဆောက်အအုံ(Main)ရှေ့ တွင် အောက်တိုဘာ ၅ ရက် (သီတင်းကျွတ်လပြည့်နေ့) ညနေ ၅ နာရီမှ စတင်၍ ဆီမီး ၅ဝဝဝ ထွန်းညှိပူ ဇော်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးတက္ကသိုလ် ပင်မအ ဆောက်အအုံကြီး (Main) ကို ၁၉၂၄ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ အဆောက်အအုံ သက်တမ်း ၉၃ နှစ်ကျော်ရှိပြီဖြစ်ပြီး မန္တလေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူဟောင်းများမှ မြန်မာ့ရိုးရာသီတင်းကျွတ် မီးထွန်းပွဲတော်ကာလတွင် ဘာသာရေး ပူဇော်မှုများနှင့်အတူ အမိမန္တလေးတက္ကသိုလ်ကြီး၏ ဂုဏ် ကျေးဇူးအား အသိအမှတ်ပြု ပူဇော်သည့်အနေဖြင့် ယခုနှစ်တွင် ပထမအကြိမ် မီးထွန်းပွဲတော်ကျင်းပခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ် ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ရာထူးနေရာ ၁၁ဝဝဝ ကျော်အထိ လစ်လပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂

 

ယခု နှစ်အတွက်တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဘာသာရပ် ၄၆ ခု၌ ရာထူးနေရာတစ် သောင်းတစ်ထောင်ကျော်အထိ လစ်လပ်နေကြောင်းသိရသည်။ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်ဒီဂရီ ကောလိပ်များတွင် ယခုနှစ်သြဂုတ် ၃၁ ရက်အထိ ဘာသာရပ် ၄၆ ခု ၌ လက်ထောက်ကထိကရာထူးနေရာ ၈၇၁၉ ဦး၊ ကထိကရာထူးနေရာ ၁၇၉၂ ဦး၊ တွဲဖက်ပါမောက္ခရာထူး နေရာ ၉၈၂ ဦး၊ ပါမောက္ခရာထူးနေရာ ၁၄၉ ဦးစုစုပေါင်းရာထူးနေရာ တစ်သောင်းတစ်ထောင်ကျော် လစ်လပ်နေကြောင်း အဆိုပါလစ် လပ်ရာထူးနေရာများအတွက် သက်ဆိုင်ရာတက္ကသိုလ်ဒီဂရီ ကောလိပ်များတွင် တာဝန်ထမ်း ဆောင်နေသော ဆရာ၊ ဆရာမများ အနေဖြင့် ပညာရေးဝန်ကြီးဌာနမှ ယခုနှစ်တွင်ထုတ်ပြန်ထားသော ရာထူးတိုးသတ်မှတ်ချက်မူများ ဖြင့် ရာထူးတိုးလျှောက်ထားနိုင် ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဘိုကလေးတွင် လေးလောင်းပြိုင် လူသတ်မှုဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂

 

ဘိုကလေးမြို့နယ်အတွင်း အရက်ဖိုး တောင်းသည့်ကိစ္စ စကားများခဲ့သည်ကို မကျေနပ်သဖြင့် ဇနီးနှင့် မယားပါ သမီးသုံးဦးအား ဓားဖြင့်ခုတ်သတ်ခဲ့ရာ လေးဦးစလုံးအခင်း ဖြစ်နေရာတွင် သေဆုံးခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် ည ၁၂ နာရီခန့်တွင် ဘိုကလေး မြို့နယ်၊ ခိုင်ရွှေဝါကျေးရွာနေ ဦးကျော်ဌေး(၃၆)နှစ်နှင့် ဇနီးဖြစ်သူ မသန်းညွန့် (၃ဝ) နှစ်တို့သည် ညနေပိုင်းက အရက်ဖိုးတောင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ခဲ့ကြောင်း၊ ယင်းအပေါ် မကျေနပ်သဖြင့် အပြင်မှ အရက်သောက်ပြီးပြန်လာသည့်အခါ အိပ် ပျော်နေသည့်ဇနီးနှင့် မယားပါသမီးသုံးဦးကို ထင်းခုတ်ဓားမဖြင့် ခုတ်သတ်ခဲ့ကြောင်း ဘိုကလေးမြို့မရဲစခန်းထံမှ စုံစမ်းသိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

မန္တလေးမြို့တွင် ငြိမ်းချမ်းရေး လှုပ်ရှားမှု ရက်သတ္တပတ် ကျင်းပမည်

မန္တလေး၊ အောက်တိုဘာ ၁

 

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီမှ ကြီးမှူး၍မန္တလေးမြို့ တွင် နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်ကို အစီအစဉ်ငါးမျိုးဖြင့်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပထမဦးဆုံးအစီအစဉ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ပြီး ဒုတိယ အစီအစဉ်အဖြစ် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံနှင့် ဆောင်းပါးများကို ပြသ သွားမည်ဖြစ်ကာ တတိယအစီအစဉ်အဖြစ် ကျုံးဘေးတွင် စာအုပ်စာပေပွဲတော်နှင့် ငြိမ်းချမ်းရေးမီး ထွန်းပွဲတော် ပြုလုပ်ခြင်း၊ ငြိမ်းချမ်း ရေးချိုးငှက် အရုပ်မီးပုံးဖြင့် မီးထွန်း ပွဲတော်ကိုပြုလုပ်ခြင်း၊ စာရေးဆရာများနှင့် ဆွေးနွေးခြင်းနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ရန်လည်း စီစဉ်ပေးမည်ဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

သီတင်းကျွတ်ပွဲတော် ကာလအတွင်း လုံခြုံရေးအင်အား တိုးမြှင့်မည်

မန္တလေး၊ အောက်တိုဘာ ၁

 

မန္တလေး မြို့ သီတင်းကျွတ်ပွဲတော်ကာလ လူစည်ကားသော နေရာများတွင် အများပြည်သူ အထိတ်တလန့် ဖြစ်စေနိုင်သည့် ဗြောက်အိုး၊ မီးရှူးမီးပန်း ပစ်ဖောက်ခြင်းအပါအဝင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွား စေရန်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထားရန် စီစဉ်ထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ''နေစဉ် ပုံမှန်ဆောင်ရွက်နေတဲ့ လှည့်ကင်း၊ ပတ်ကင်းတွေက တော့ ပုံမှန်လုပ်နေမှာပဲ။ ဗြောက်အိုး၊ မီးရှူးမီးပန်းတွေ ပစ်ဖောက်မှုလုပ်ဆောင်ရင်လည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ-၁၈၈ အရအရေးယူ ဆောင်ရွက်မှုတွေလုပ်သွားမယ်''ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမျိုးအောင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မူးယစ်ဆေးဝါး သယ်ဆောင်လာသော ယာဉ်ကို ဖမ်းဆီးပေးနိုင်ခဲ့သော ရဲအုပ်အား စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၏ အမြင့်ဆုံးဆု ချီးမြှင့်

အင်းတော်၊ အောက်တိုဘာ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် ကျပ်သိန်းပေါင်းတစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသောယာဉ်ကို ပိတ်ဆို့ဖမ်းဆီး နိုင်ခဲ့သောရဲအုပ်ခင်ဇော်ထိုက်အား ဇေယျာထူးချွန်ဆု ချီးမြှင့်ခဲ့ကြောင်း မုံရွာမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာ ၁ ရက်ကကျင်းပသော (၅၃)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှ သိရသည်။  ''မူးယစ်ဆေးအမှုတွေ လျော့နည်းစေဖို့ ထူးထူးချွန်ချွန်ဖော်ထုတ် ဖမ်းနိုင်တဲ့ သူတွေကိုအစဉ်အမြဲချီးမြှင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျပ်သိန်းပေါင်း တစ်သောင်းကျော်နဲ့အထက် ဖော်ထုတ်ဖမ်းနိုင်ရင် အစိုးရအဖွဲ့ ကက်ဘိနက်ထိုင်ဆုံးဖြတ်ပြီး ဇေယျာထူးချွန် ဂုဏ်ထူးဆောင် ဆုတံဆိပ်ပေးပါတယ်''ဟု ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...