HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြောင်းမြတံတားသစ် တည်ဆောက်ခြင်းတွင် ဘေးပေါင်ကာခြင်းနှင့် ချဉ်းကပ်လမ်းပြုလုပ်ခြင်းသာ ကျန်ရှိတော့

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

မြောင်း မြတံတားသစ်မှာ ဘေးပေါင်ကာ ခြင်းနှင့် ချဉ်းကပ်လမ်းများပြုလုပ် ရန်သာ ကျန်တော့ကြောင်းသိရသည်။ ''မနေ့က သံပေါင်တင် နောက် ဆုံးအစိတ်အပိုင်းတပ်ဆင်ပြီးစီး ပြီ။ ဘေးပေါင်ကာတာနဲ့ ချဉ်း ကပ်လမ်းများ ဆက်လုပ်ဖို့ပဲ ကျန် တော့ပါတယ်'' ဟု မြောင်းမြမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၁၄ ရက်ကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရဲတပ်ဖွဲ့ဝင်တစ်ဦး ဘန်ကာကင်းရုံအတွင်း မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်သေဆုံး

မန်စီ၊ ဇန်နဝါရီ ၁၄

ကချင် ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီး နယ်မြေရဲစခန်းရှိ ဘန်ကာကင်းရုံအတွင်း ရဲတပ်သားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်သေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန် သိမ်ဖြူ စာအုပ်တန်းကို ယခုလအတွင်း ပြန်လည် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရန်ကုန်သိမ်ဖြူစာအုပ်တန်း(Yangon Book Street)ကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေပြီး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့ တော်ဝန်တို့နှင့် ညှိနှိုင်းဆွေးနွေးရာတွင် ယခုနှစ်အတွက် ဖွင့်လှစ်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါစာအုပ်တန်း ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းမှ ကြိုးပမ်းဆောင်ရွက်နေ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပုဂံဘုရားအမှတ် (၆၆၄) ရှိ နံရံဆေးရေးပန်းချီများတွင် လွှဖြတ်ရာများတွေ့ရ၍ လုံခြုံရေးကိစ္စများကို အဓိကထားဆောင်ရွက်နေ၊ နံရံပန်းချီများအား ဖျက်ဆီး၊ ခိုးယူပါက ဥပဒေအရ ထောင်ဒဏ်ငွေဒဏ်များ ချမှတ်အရေးယူခံရမည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပုဂံဘုရားအမှတ်(၆၆၄)ရှိ နံရံဆေး ရေးပန်းချီများတွင် လွှဖြတ်ရာများ တွေ့ရသဖြင့် ပုဂံဒေသတွင် လုံခြုံ ရေးကိစ္စများကို အဓိကထားဆောင်ရွက်နေကြောင်းနှင့် ရှေးဟောင်း ဝတ္ထုပစ္စည်းများဖြစ်သော နံရံဆေး ရေးပန်းချီများကို ဖျက်ဆီး၊ ခိုးယူပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။ ယင်းနံရံဆေးရေးပန်းချီများကို ဖျက်ဆီးခြင်း၊ ခိုးယူခြင်းများ ပြုလုပ်ပါက 'ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ' အရ အရေးယူခံရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုအတွက် လိုင်စင်ရ ကန်ထရိုက်တာ လုပ်ငန်းရှင်များအသင်းချုပ်မှ ကျပ်သိန်း ၁၂ဝဝ ကျော် လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

နေ ပြည်တော် သပြေကုန်းအဝိုင်းတွင်ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေး ရုပ်တုအတွက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာလုပ်ငန်းရှင်များ အသင်းချုပ်က မတည်အလှူငွေ ကျပ်သိန်း ၁၂၅ဝ လှူဒါန်းခဲ့ ကြောင်းသိရသည်။  အဆိုပါလှူဒါန်းပွဲကို ဇန်နဝါ ရီ ၁၂ ရက်က နေပြည်တော်စည်ပင် ဧည့်ရိပ်သာတွင် အလှူငွေပေးအပ် ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသူက ''မြင်းစီးဗိုလ်ချုပ်ကြေး ရုပ်တုအတွက် လှူဒါန်းငွေကျပ် သိန်း ၁၃ဝဝ ကျော်ရရှိထားပြီ ဖြစ်တယ်'' ဟု ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျပ်သိန်း နှစ်သောင်းနီးပါး လိမ်လည်မှုဖြင့် ဒေါ်နန္ဒမာလာကို အမှုနှစ်မှု ထပ်မံဖွင့်၊ လိမ်လည်မှုကို ဂိုဏ်းအသွင် လုပ်ဆောင်နေဟု မင်္ဂလာဒုံ လွှတ်တော်ကိုယ်စားလှယ် ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး လိမ်လည်မှုဖြင့် ဒေါ်နန္ဒမာလာကို အမှုနှစ်မှု ထပ်ဖွင့်လိုက်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလအတွင်းက ခင်မင်ရင်နှီးသူ ဒေါ်နန္ဒမာလာသည် ဖုန်းငွေဖြည့်ကတ်မျိုး စုံ လက်ကားဖြန့်ချိရာတွင် ၎င်းထံမှ ယူပါက ရာခိုင်နှုန်းများများ ပေးမည်ဖြစ်ကြောင်း ယုံကြည်အောင် ပြောသဖြင့် စာချုပ်ချုပ်ခဲ့ကြောင်း၊ စပေါ်ငွေကျပ်သိန်း ၁၅ဝဝ အပြင် စုစုပေါင်း ကျပ်သိန်း ၁၅ဝဝဝ နီး ပါးကိုယူပြီးနောက် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ ငွေများကို ပြန်မပေးတော့သဖြင့် အမှုဖွင့်လိုက် ပြီဖြစ်ကြောင်း ကာယကံရှင် အင်းစိန် မြို့နယ်နေ ဒေါ်ဌေးဌေးက ဒီမိုက ရေစီတူဒေးသို့ ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အငြိမ်းစားများ နာရေးကူညီမှုအသင်း (လှည်းကူးမြို့နယ်)၏ ခုနစ်နှစ်တာသက်တမ်းတွင် နာရေးနှင့် ဆေးရုံတက် လူနာထောက်ပံ့ငွေကျပ်သိန်း ၂ဝဝ ကျော် ထောက်ပံ့ပေးနိုင်ခဲ့ ဟုဆို

လှည်းကူး၊ ဇန်နဝါရီ ၁၂

အငြိမ်းစားများ နာရေးကူညီမှုအသင်း (လှည်းကူးမြိုနယ်) အသင်း၏ခုနစ် နှစ်တာ သက်တမ်းတစ်လျှောက် တွင် နာရေးနှင့် ဆေးရုံတက်လူနာ ထောက်ပံ့ငွေကျပ်သိန်း ၂ဝဝ ကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း အသင်း အတွင်းရေးမှူး ပြောကြားခဲ့သည်။ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်း ကူးမြို့နယ် မြို့မ၈/၃ရပ်ကွက် ကု သိနာရုံပရိယတ္တိဓမ္မဗိမာန်စာသင် တိုက်တွင် ဇန်နဝါရီ ၁၂ ရက် မွန်း လွဲ ၁ နာရီချိန်က အငြိမ်းစားများနာ ရေးကူညီမှုအသင်း (လှည်းကူးမြို့ နယ်) ခုနစ်နှစ်ပြည့်နှစ်ပတ်လည် မျက် နှာစုံညီ အစည်းအဝေးပွဲအပြီးတွင် အသင်းအတွင်းရေးမှူးကို မီဒီယာ များက အသင်း၏ထောက်ပံ့ပေး နိုင်မှုများနှင့်ပတ်သက်၍ မေးမြန်း မှုအား ဖြေကြားရာတွင် အထက် ပါအတိုင်း ထည့်သွင်းပြောကြား သွားခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

AA တိုက်ခိုက်မှုကြောင့် ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ မိသားစုကိုကူညီရန် အိုင်စီတေးဂီတ အဖွဲ့ဝင်များ၏ လက်မှတ်ပါသည့် ဂစ်တာကိုလေလံတင်ရာတွင် ကျပ် ၂၁ သိန်းဖြင့် လုပ်ငန်းရှင် တစ်ဦးဝယ်

ရန်ကုန်၊ ဇန်နဝါရီ ၁၂ 
 
AA သောင်းကျန်း သူများ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများကိုကူညီရန် ဓာတ်ပုံဆရာဝဏ္ဏခွာနီးက အိုင်စီ (Iron Cross) အဖွဲ့အဆိုတော်များ၏ လက်မှတ်ထိုးထား သော ဂီတာကိုလေလံတင်ရာ ကျပ် ၂၁ သိန်း ဖြင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခဲ့ ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် ...