မကွေး၊ ဇန်နဝါရီ ၁၁

မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦး နုတ်ထွက်သွားသည့်ကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က စိတ်မကောင်းဖြစ်ရကြောင်း မီဒီယာများအား မျက်ရည်များကျရင်း ပြောခဲ့သည်။ အဆိုပါဖြေကြားမှုကို ဇန်နဝါရီ ၁၁ ရက်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် သတင်းမီဒီယာများနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၁

ပြန်ကြားရေးဌာနနှင့် Megalink Techology တို့ ပူးပေါင်းဆောင်ရွက်သည့် Myanmar Digital News စတင် မိတ်ဆက်ခြင်း အခမ်းအနားကို ဇန်န၀ါရီ ၁၁ ရက်နေ့၊ ညနေ ၄ နာရီအချိန်က နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်မှ တက်ရောက်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။ 

ရန်ကုန် ဇန်နဝါရီ ၁ဝ 

ငမိုးရိပ်ချောင်းတစ်လျှောက်ထပ်မံပြေးဆွဲမည့် Yangon Water Bus ခရီးစဉ်အတွက် ဆိပ်ကမ်းများ တည်ဆောက်ရန် ရေကြောင်းနှင့် ကုန်းတွင်းပိုင်းလေ့လာဆန်းစစ်မှုလုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ လတ်တလောတွင် ငမိုးရိပ်မြစ်ကြောင်း တစ်လျှောက်မှ ဆိပ်ကမ်းတည်ဆောက် မည့်နေရာများကို အကြမ်းသတ်မှတ်လျာ ထားပြီးဖြစ်ပြီး Survey  ပြီးစီးပါက သက်ဆိုင် ရာဌာနဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြ မည်ဖြစ်ကြောင်း Tint Tint Myanmar ကုမ္ပဏီမှ Project Manager ဦးထွန်းနိုင်လင်းက ဇန်နဝါရီ ၁ဝ ရက်က ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

ရန်ကုန်

ပြည်ပခရီးစဉ်များအား By Name  ဖြင့် ဖိတ်ကြားခြင်းကို ခွင့်မပြုတော့ခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ ပြန်လည်ဖြေရှင်းမှုအပေါ် ကြိုဆိုသော်လည်း နောင်အခါတွင် တိကျပြတ်သားစွာ ထုတ်ပြန်ရန်လိုအပ်ကြောင်း တက္ကသိုလ်ဆရာ သမဂ္ဂများ ကိုယ်စားပြုကော်မတီ (UTA)မှ ဦးဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့် ကထိကဆရာ လှိုင်တင့်က ပြောသည်။

ရန်ကုန်

ဇန်နဝါရီလ ၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏နေအိမ်၌ မတ်တော်စပ်သူမှာ သေဆုံး နေပြီး အဆိုပါသေဆုံးမှုအား လူမှုကွန်ရက်စာမျက်နှာတွင် ပုတ်ခတ်ရေးသားသတင်းတင်ထားသူကို ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၉

ယခုနှစ်၏ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး၊ ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး မန္တလေးနန်းမြို့ ရိုးနှင့် ကျုံးရေပြင်ကြားတွင် ယခင် ရှိခဲ့ဖူးသော မန်းသီတာဥယျာဉ်နေရာ၌ အသစ်ပြန်လည်တည်ဆောက်မည့်ဥယျာဉ်နှင့်လိုက်ဖက်ညီစွာ သာယာလှပစေရန် ကျုံးတောင်ဘက်လျှောက်လမ်းအား အဆင့် မြှင့်တင်မှုလုပ်ငန်းများကို ဇန်နဝါရီလအတွင်းမှ စတင်ဆောင်ရွက် သွားရန် စီစဉ်လျက်ရှိကြောင်း မန္တ လေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မန္တလေး၊ ဇန်နဝါရီ ၉

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဆောင်အယောင်ဖြင့် ဥက္ကဋ္ဌထိုင်ခုံ၌ထိုင်နေသည့် ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ပုံတူ ကြေးသွန်းရုပ်တုကို မန္တလေးတမ္ပဝတီ ကြေးသွန်းရပ် ပြည့်ဝမြန်မာမှုကြေးသွန်းလုပ်ငန်းမှ ဦးလှမြင့်နှင့်အဖွဲ့က မြန်မာ့ပထမဆုံးကြေးသွန်းရုပ်တုအဖြစ် သွန်းလုပ်ခဲ့ရာ ဇန်နဝါရီပထမပတ်တွင် အချောသပ်ပြီးစီးကြောင်း သိရသည်။

Page 4 of 45