ရန်ကုန်၊ ဇန်နဝါရီ ၉

ယခုနှစ်၏ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး၊ ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး မန္တလေးနန်းမြို့ ရိုးနှင့် ကျုံးရေပြင်ကြားတွင် ယခင် ရှိခဲ့ဖူးသော မန်းသီတာဥယျာဉ်နေရာ၌ အသစ်ပြန်လည်တည်ဆောက်မည့်ဥယျာဉ်နှင့်လိုက်ဖက်ညီစွာ သာယာလှပစေရန် ကျုံးတောင်ဘက်လျှောက်လမ်းအား အဆင့် မြှင့်တင်မှုလုပ်ငန်းများကို ဇန်နဝါရီလအတွင်းမှ စတင်ဆောင်ရွက် သွားရန် စီစဉ်လျက်ရှိကြောင်း မန္တ လေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မန္တလေး၊ ဇန်နဝါရီ ၉

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဆောင်အယောင်ဖြင့် ဥက္ကဋ္ဌထိုင်ခုံ၌ထိုင်နေသည့် ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ပုံတူ ကြေးသွန်းရုပ်တုကို မန္တလေးတမ္ပဝတီ ကြေးသွန်းရပ် ပြည့်ဝမြန်မာမှုကြေးသွန်းလုပ်ငန်းမှ ဦးလှမြင့်နှင့်အဖွဲ့က မြန်မာ့ပထမဆုံးကြေးသွန်းရုပ်တုအဖြစ် သွန်းလုပ်ခဲ့ရာ ဇန်နဝါရီပထမပတ်တွင် အချောသပ်ပြီးစီးကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၉

စုပ်ခွက်ငါးသည် ရေသယံဇာတကိုပျက်စီး စေပြီး အခြားသောငါးများ၏အစာကို လုယူစားသောက်နေသည်ဟုဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံအလှမွေးငါးလုပ်ငန်းရှင်များအသင်းမှတုံ့ပြန်လိုက်သည်။ ယင်းစုပ်ခွက်ငါးနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ထင်မြင်ယူဆချက်များစွာ ရေး သားလျက်ရှိနေသည့်အပေါ် မြန်မာနိုင်ငံအလှမွေးငါးလုပ်ငန်းရှင်များ အသင်းမှ ဇန်နဝါရီ ၉ ရက်က မြန် မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ငါးလုပ်ငန်းပုံ မှန်အစည်းအဝေးတွင် ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၈

၂ဝ၁၇- ၂ဝ၁၈ ခုနှစ်ပညာသင်နှစ်စတုတ္ထ တန်းနှင့်အဋ္ဌမတန်းအတန်းတင် စာမေးပွဲများကိုလာမည့် ဖေဖော်ဝါရီ ၂၁ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်ပညာသင်နှစ် အခြေခံပညာစတုတ္ထတန်းနှင့်အဋ္ဌမတန်းတို့၏နှစ်ဆုံးအတန်းတင်စာမေးပွဲများကို လာမည့် ဖေ ဖော်ဝါရီ ၂၁ ရက်မှ စတင်ပြီး ၂၈ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာဖြင့် ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပညာသင်နှစ်၏ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲ ကျင်းပရာတွင် အဆိုပါအတန်းများ၌ တက်ရောက်နေသော ကျောင်းသားရှိသည့် ကျောင်းတိုင်းသည် စာစစ်ဌာနများအဖြစ် ဖွင့်လှစ်ပြီး ကျင်းပပြုလုပ်သွားရမည်ဖြစ် ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အငှားယာဉ်အ ဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအားလုံး စီးတီးတက္ကစီယာဉ်များအဖြစ် မှတ်ပုံတင်ခြင်းလုပ်ငန်းကို အချိန်တစ်လထပ်မံတိုးမြှင့် ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၈

ပြည်ပခရီးစဉ်များကို By Name တပ်ပြီးဖိတ်ကြားပါက ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူရာထူးများအတွက် မဖြစ်မနေစေလွှတ်ရမည့်ခရီးစဉ်များကိုသာ စိစစ်ခွင့်ပြုမည်ဖြစ်ပြီး ကျန်သင်ကြားရေးဝန်ထမ်းနှင့်အရာထမ်းများကိုလည်းခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

Ambassador of Conscience Award 2009 အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် ဘိုနို(ယာစွန်)။

 

စောဝေ

-------------

အနုပညာသမားချင်းဆိုတဲ့မူနဲ့ပဲ ဘိုနိုလို့ခေါ်ပြောရေးပါ့မယ်(Bono U2 ဆိုတာ အိုင်ယာလန်က ဂီတအဖွဲ့ပါ)။ ဒီစာရေးဖို့ သတင်းရင်းမြစ်က (၃ဝ.၁၂.၂ဝ၁၇)နံနက်ပိုင်း ဘီဘီစီသတင်းနားထောင်ပြီး သေချာသိချင်တာနဲ့ ဖေ့စ်ဘွတ်ခ်ကရှာပြီး ကြည့်မိရာက ဖြစ်လာတာပါ။ ဘိုနိုယူတူးဆိုပြီး မီဒီယာပေါင်းစုံမှာပါ လာတာဖြစ်လို့ မီဒီယာပေါ်ကပဲ ပြန်ပြောတာဖြစ်ပါတယ်။ ပထမဆုံးစပြောချင်တာက ခင်ဗျားပြောသလောက်၊ ခင်ဗျားလုပ်ခိုင်းသ လောက် မြန်မာ့ရဲ့အနောက်တံခါးကိစ္စကမလွယ်ပါဘူး။ ''နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ် နေသော ထိလွယ်ရှလွယ်ရှိသည့်အခြေအ နေများကို အပြည့်အဝနားလည်သဘော ပေါက်စေရန် ကြိုးပမ်းသင့်သကဲ့သို့ ရခိုင်ပြည်နယ်၏အနာဂတ်အတွက် အပြုသဘော ဆောင်သော မျှော်မှန်းချက်ထွက်ပေါ်လာ စေရန် အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားသင့်ပါသည်''လို့ ကိုဖီအာနန် အကြံ ပေးကော်မရှင်က အတိအလင်းပြောသွားတာပါ။ ဒါကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နုတ်ထွက်သင့်တယ်၊ နုတ်ထွက်ပေးပါလို့ ခင်ဗျားပြောသလိုလုပ်ဖို့ မလွယ်ပါဘူး။ ဆိုင်လည်းမဆိုင်ပါဘူးဆိုတာ အကိုးအကားနဲ့ အထောက်အထားနဲ့ ပြောပါ့မယ်။

Page 4 of 45