ရန်ကုန်၊ ဇန်နဝါရီ ၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အငှားယာဉ်အ ဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအားလုံး စီးတီးတက္ကစီယာဉ်များအဖြစ် မှတ်ပုံတင်ခြင်းလုပ်ငန်းကို အချိန်တစ်လထပ်မံတိုးမြှင့် ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၈

ပြည်ပခရီးစဉ်များကို By Name တပ်ပြီးဖိတ်ကြားပါက ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူရာထူးများအတွက် မဖြစ်မနေစေလွှတ်ရမည့်ခရီးစဉ်များကိုသာ စိစစ်ခွင့်ပြုမည်ဖြစ်ပြီး ကျန်သင်ကြားရေးဝန်ထမ်းနှင့်အရာထမ်းများကိုလည်းခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

Ambassador of Conscience Award 2009 အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် ဘိုနို(ယာစွန်)။

 

စောဝေ

-------------

အနုပညာသမားချင်းဆိုတဲ့မူနဲ့ပဲ ဘိုနိုလို့ခေါ်ပြောရေးပါ့မယ်(Bono U2 ဆိုတာ အိုင်ယာလန်က ဂီတအဖွဲ့ပါ)။ ဒီစာရေးဖို့ သတင်းရင်းမြစ်က (၃ဝ.၁၂.၂ဝ၁၇)နံနက်ပိုင်း ဘီဘီစီသတင်းနားထောင်ပြီး သေချာသိချင်တာနဲ့ ဖေ့စ်ဘွတ်ခ်ကရှာပြီး ကြည့်မိရာက ဖြစ်လာတာပါ။ ဘိုနိုယူတူးဆိုပြီး မီဒီယာပေါင်းစုံမှာပါ လာတာဖြစ်လို့ မီဒီယာပေါ်ကပဲ ပြန်ပြောတာဖြစ်ပါတယ်။ ပထမဆုံးစပြောချင်တာက ခင်ဗျားပြောသလောက်၊ ခင်ဗျားလုပ်ခိုင်းသ လောက် မြန်မာ့ရဲ့အနောက်တံခါးကိစ္စကမလွယ်ပါဘူး။ ''နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ် နေသော ထိလွယ်ရှလွယ်ရှိသည့်အခြေအ နေများကို အပြည့်အဝနားလည်သဘော ပေါက်စေရန် ကြိုးပမ်းသင့်သကဲ့သို့ ရခိုင်ပြည်နယ်၏အနာဂတ်အတွက် အပြုသဘော ဆောင်သော မျှော်မှန်းချက်ထွက်ပေါ်လာ စေရန် အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားသင့်ပါသည်''လို့ ကိုဖီအာနန် အကြံ ပေးကော်မရှင်က အတိအလင်းပြောသွားတာပါ။ ဒါကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နုတ်ထွက်သင့်တယ်၊ နုတ်ထွက်ပေးပါလို့ ခင်ဗျားပြောသလိုလုပ်ဖို့ မလွယ်ပါဘူး။ ဆိုင်လည်းမဆိုင်ပါဘူးဆိုတာ အကိုးအကားနဲ့ အထောက်အထားနဲ့ ပြောပါ့မယ်။

ရန်ကုန်၊ ဇန်နဝါရီ ၇

ငမိုးရိပ် ချောင်းထဲသို့ ကိုယ်ပိုင်ယာဉ်တစ်စီး အရှိန်လွန်ထိုးကျ နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယာဉ်နှင့်အမျိုးသားတစ်ဦးကို ဆယ်ယူရရှိပြီး ကျန်အမျိုးသားတစ် ဦးပျောက်ဆုံးနေကြောင်းသိရသည်။ မြောက်ဒဂုံမြို့နယ်၊ (၃၃)ရပ်ကွက်၊ ဆရာစံလမ်းအတိုင်းယာဉ် မောင်း(စုံစမ်းဆဲ) မောင်းနှင်လာပြီး အမျိုးသားတစ်ဦး လိုက်ပါစီးနင်းလာ သော Honda Fit  အမျိုးအစားခဲ ရောင် ကိုယ်ပိုင်မော်တော်ယာဉ်မှာ နံနက် ၃ နာရီခွဲခန့်တွင် ငါးမာန်အောင် ဘုရားလမ်းဆုံအရောက် အရှိန်မ ထိန်းနိုင်ဘဲ တည့်တည့်ရှိငမိုးရိပ် ချောင်းအတွင်းသို့ ထိုးကျနစ်မြုပ် ခဲ့ကြောင်း အမှတ်(၂၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးထံမှ စုံစမ်းသိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၇

ကယား ပြည်နယ် လွိုင်ကော်မြို့တွင် သစ်သားခေါင်းတလားများရှိနေသော ကျတ်ဂူတစ်ခုနှင့် လူပုံရေးဆွဲထား သော နံရံပန်းချီရှိသည့်ကမ်းပါးနီ (ကျောက်အမိုးပြင်)တစ်ခုတို့ကို ထပ်မံတွေ့ရှိထားကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(လွိုင်ကော်ဌာန ခွဲ)မှသိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၇

ဝေဒနာနှင့် ပတ်သက်သည့် အခင်းအကျင်း ပန်းချီ၊ ပန်းပုလက်ရာများကို ပန်း ချီပန်းပုပညာရှင် ညီထွန်းက AFFLICTION 2 တစ်ကိုယ် တော်ပြပွဲတွင် ဖန်တီးပြသလျက်ရှိ နေကြောင်းသိရသည်။ အဆိုပါပြပွဲတွင် ပန်းပုရုပ်များတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏သဏ္ဍာန်ကို အနုပညာထုဆစ်ချက်များဖြင့် ပုံဖော်ထားပြီး ပန်းချီကားများအနေဖြင့် ကချေသည်စီးရီး၊ ငရဲခန်းစီးရီးများကို ပြ သနေခြင်းဖြစ်ပြီး ပန်းချီကား ၃၉ ကားနှင့် ပန်းပုရုပ်ငါးရုပ်ပြသသွား မည်ဖြစ်ကာ ဇန်နဝါရီ ၆ ရက်မှ ၁ဝ ရက်အထိ ဗိုလ်အောင်ကျော် လမ်းပေါ်ရှိ ဗိုလ်အောင်ကျော်ပြခန်းတွင် ပြသနေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၆

သမ္မတ ဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီကို ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်းသိရသည်။ ၂ဝ၁၆ ခုနှစ်က ကျင်းပခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ပါတီဗဟိုအလုပ်မှုဆောင် အဖွဲ့အသစ်ကို ပြန်လည်ရွေးချယ်ခဲ့ပြီး ယခင်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဦးဌေးဦးတို့ အပါအဝင် လူကြီးကိုးဦးဖြင့် ပါတီဗဟို ဦးဆောင် ကော်မတီကိုဖွဲ့စည်းခဲ့သည်။

စစ်ကိုင်း၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အထင်ကရကောင်းမှုတော်ဘုရားကြီးရွှေ ဆေးသင်္ကန်းကပ်လှူထားသည့်သက်တမ်းမှာ ယခုအခါကုန်ဆုံးသွားပြီဖြစ်သောကြောင့် စစ်ကိုင်းမြို့သူမြို့သားများ၏တောင်းဆိုချက်အရ မူလတည်စဉ်ကတည်းက ကပ်လှူထားသည့် ထုံးသင်္ကန်းပြန်လည်ကပ်လှူနိုင်ရန် ဇန်နဝါရီ ၆ ရက်မှစတင်၍ စစ်ကိုင်းမြို့မိမြို့ဖ အဖွဲ့ဦးဆောင်မှုဖြင့် ထုံးသင်္ကန်း ပြန်လည်ကပ်လှူရေး သဘောတူ ကြောင်း လက်မှတ်ရေးထိုးမှုကမ်ပိန်းကို စတင်ပြုလုပ်ကြောင်း သိရသည်။

Page 5 of 45