မကွေး၊ ဇန်နဝါရီ ၄ - မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါ ရီ ၄ ရက်တွင် ကျရောက်သည့် နှစ် (၇ဝ) ပြည့် လွတ်လပ်ရေးနေ့ကို မကွေးမြို့တွင် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက နေရာနှစ်နေရာ၌ ကျင်း ပခဲ့ကြောင်း သိရသည်။

မန္တလေး၊ ဇန်နဝါရီ ၄- နှစ်စဉ်ကျင်းပ လျက်ရှိသော မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ၂ဝ၁၈ ကို မန္တလေး မြို့ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း နှင့် ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မန္တလေးမြို့တော်စည်ပင်သာယာရုံး ရှေ့တွင် ဇန်နဝါရီ ၄ ရက်နံနက် ၆ နာရီခွဲက ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်သူ ၂၈ဝဝ နီးပါးဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

မန္တလေး၊ ဇန်နဝါရီ ၄ - မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် (၇၃) လမ်း၊ ငုရွှေဝါလမ်းထောင့်ရှိ မန္တလာသီရိဘောလုံးကွင်းတွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီကကျင်းပသော နှစ် (၇ဝ) ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားတွင် မန္တလေးမြို့နေ အသက် (၉ဝ) ကျော် လွတ်လပ်ရေးမော်ကွန်းဝင်လေးဦးအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်က အခမဲ့ယာဉ်စီးခွင့်၊ ဆေးကုသခွင့်၊ တစ်လ ရေ ၁၅ ယူနစ်နှင့် လျှပ်စစ်ယူနစ် ၁၅ဝ အခမဲ့အခွင့်အရေးများအား ပထမဆုံး အကြိမ်ပေးအပ်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

မင်းဘူး၊ ဇန်နဝါရီ ၃- မကွေး တိုင်းဒေသကြီး မင်းဘူး(စကု)မြို့ ရှိ မန်းရွှေစက်တော်ဘုရား သောင် ပြင်၌ ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်နေမှုမှာ ၈ဝ ရာခိုင် နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း မန်း ရွှေစက်တော်ဂေါပကဥက္ကဋ္ဌ ဦးသိန်း လှိုင်က ဇန်နဝါရီ ၃ ရက်တွင် ပြော ကြားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၃-ထိုင်းနိုင်ငံ သည် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံတို့ နှင့်ပူးပေါင်းပြီး ယခုလနှောင်းပိုင်း တွင် နိုင်ငံမြောက်ပိုင်းရှိ တောမီး များငြှိမ်းသတ်ရေးလုပ်ငန်းတစ်ခု လုပ်ဆောင်သွားမည်ဟု ဘန် ကောက်ပို့စ်တွင် ဇန်နဝါရီ ၃ရက် က ဖော်ပြထားကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၃- စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာ ဓားပြတိုက်မှုမှာ တစ်နှစ်ကျော်သွားပြီဖြစ်သော်လည်း ကျူးလွန်သူနှစ်ဦးနှင့်ပတ်သက်သည့် သဲလွန်စကို ယနေ့အချိန်ထိ ရရှိခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပ သော ''နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်''ပထမနေ့တရားပွဲဓမ္မသဘင်တွင် ပါမောက္ခချုပ်ဆရာ တော်ကြီးက တရားဟောကြား တော်မူခဲ့ပြီး တရားနာပရိသတ်နှစ်သိန်းခွဲကျော် တရားနာယူခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၁ ရက်နေ့ညက ပြည်သူ့ရင်ပြင်၌ကျင်းပခဲ့သော အဆိုပါတရားသဘင်ပွဲတွင် ဆရာတော်ကြီးအတွက် မတည်အလှူရှင်များ၊ SKY NET နှင့် တရားနာ ပရိသတ်များက အလှူငွေကျပ် သိန်းတစ်ထောင်ကျော်လှူဒါန်းခဲ့သည်ဟုဆိုသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂

 

နှစ်(၇ဝ)ပြည့်လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလံတင်ခြင်း အစမ်းလေ့ကျင့်ခြင်းကို ဇန်နဝါရီ ၂ ရက်က ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သည်။ နှစ် (၇ဝ) ပြည့် လွတ်လပ်ရေး နေ့ အခမ်းအနားကျင်းပမည့် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီမှစတင်ကာ အခမ်းအနားပြီးဆုံးချိန်အထိလမ်းအချို့ကို ခေတ္တပိတ်ထားမည် ဖြစ်ကြောင်းသိရသည်။ ယင်းအပြင် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပမည့် မဟာဗန္ဓုလပန်းခြံကိုလည်း ဇန်နဝါရီ ၁ ရက် ညနေပိုင်းမှစတင်ကာ ဇန်နဝါ ရီ ၄ ရက်နံနက်ပိုင်း လွတ်လပ်ရေး နေ့အခမ်းအနား ပြီးဆုံးသည့်ချိန်အထိ လေးရက်တိုင်တိုင်ပိတ်ထား မည်ဟု ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနမှသိရသည်။

Page 6 of 44