HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မုန်းချောင်း ကမ်းပြိုမှုကာကွယ်ရေး ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာသုံးရွာ၌ ရေထိန်းရေကာတာ သုံးခု တည်ဆောက်နေ  

ပွင့်ဖြူ၊ မေ ၇ 

မုန်းချောင်းကမ်း ပြိုကာကွယ်ရေးအတွက် မကွေး တိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပွင့်ဖြူမြို့နယ်ရှိ ကျေး ရွားသုံးရွာ၌ ရေထိန်းရေကာတာ များ တည်ဆောက်ပေးနေကြောင်း တိုင်းဒေသကြီးရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ ယခုတည်ဆောက်နေသော ကမ်းပြိုကာကွယ်ရေး ရေထိန်းရေ ကာတာသုံးခုမှာ ပွင့်ဖြူမြို့နယ် မ ကျီးကုန်းကျေးရွာ၊ ရွာထောင်ကျေး ရွာနှင့် မင်းမြေကျေးရွာတို့၌ တည် ဆောက်နေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မသန်စွမ်း ကလေးများအပေါ် မိဘများ၏ တန်ဖိုးမထားမှုနှင့် သက်ဆိုင်ရာဌာနများ၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းသည် စိန်ခေါ်မှုများ ဖြစ်ဟုဆို  

ရန်ကုန်၊ မေ ၇

မသန်စွမ်းကလေး များအပေါ် မိဘများ၏တန်ဖိုးထား ဂရုစိုက်ပေးနိုင်မှုနှင့် သက်ဆိုင်ရာ ဌာနများမှ ပညာရေးအတွက် ပူး ပေါင်းဆောင်ရွက်ပေးနိုင်ရေးတွေ့ ဆုံဆွေးနွေးခွင့်မရရှိမှုတို့သည် အခက်ခဲဆုံးစိန်ခေါ်မှုများဖြစ်နေရဟု သိရသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းဦး ရေသည် ၄ ဒသမ ၆ရာခိုင်နှုန်းရှိပြီး မသန်စွမ်းကလေးငယ်များအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် ခွဲ၍ပညာသင်ကြားပေးခြင်းသည် ပရဟိတလုပ်ဆောင်နေသည့် မ သန်စွမ်းသင်တန်းကျောင်းများအ တွက်လွယ်ကူသော်လည်း အထက် ပါစိန်ခေါ်မှုများစွာရှိနေရဟု လှိုင် သာယာမြို့နယ်ရှိ အေးမေတ္တာ မ သန်စွမ်းကျောင်းအတွင်းရေးမှူး ဦးဌေးလွင်က မေ ၇ ရက်တွင်ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တွန်းဇံပြည်သူများ လျှပ်စစ်မီးရရန် မျှော်ခဲ့ရသည်မှာ နှစ်များစွာကြာပြီမို့ နောက်ထပ် တစ်မနက်ပင် မစောင့်နိုင်တော့ဟု လွှတ်တော် ကိုယ်စားလှယ် ဆို

နေပြည်တော်၊ မေ ၆

ချင်း ပြည်နယ် တွန်းဇံမြို့နယ်ရှိပြည်သူ များမှာ လျှပ်စစ်မီးရရန် မျှော်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီမို့ နောက်ထပ်တစ်မနက်တောင် မ စောင့်နိုင်တော့ဟု အမျိုးသားလွှတ် တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ ''ချင်းပြည်နယ် တွန်းဇံမြို့မှ ပြည်သူများ လျှပ်စစ်မီးရရှိရန် စောင့်ခဲ့ရတာလည်း နှစ်ပေါင်းများစွာကြာလှပါပြီ။ နောက်ထပ်စောင့်ရဦးမှာလား။ အမှန်တိုင်းပြောရရင် တစ်နှစ် တစ်လ တစ်ရက် တစ်မနက်လေးတောင် မစောင့်နိုင်ဘူးလို့ ကျွန်မ၏မဲဆန္ဒနယ် ပြည်သူတွေက ပြောကြပါလိမ့်မယ်။ ကိုယ်ချင်းစာ ပေးကြပါရန်''ဟုပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါခေါ်မည်

ရန်ကုန်၊ မေ ၆

တိုင်းရင်းသား ကျေးရွာကိုအဆင့် မြှင့်တင်ရန်အတွက် တည်ဆောက်ရေးတင်ဒါကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ခေါ်ယူမည်ဖြစ် ကြောင်းသိရသည်။ တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်ရန်အတွက် ဒီဇိုင်းတင်ဒါ ခေါ်ယူရွေးချယ်ထားပြီး တည်ဆောက်ရေးတင်ဒါကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ''ဒီဇိုင်းရပြီးဖြစ်ပါတယ်။ ဒီဇိုင်းကို တည်ဆောက်မယ့်သူကို တင်ဒါခေါ်ဖို့ပဲ ကျန်ပါတော့တယ်။တိုင်းရင်းသားကျေးရွာကို ပြည် ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနကို လွှဲပြောင်းလိုက်ပြီ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကြီး ကြပ်ပြီး တင်ဒါခေါ်ယူသွားဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကိုဆောင်ရွက်လိုက်ရင် ရန်ကုန်က ခရီးသွားလုပ်ငန်းနယ်ပယ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အဂတိ တားဆီးကာကွယ်ရေး နှစ်အလိုက် စီမံချက်ချ ဆောင်ရွက်နေဟုဆို  

ရန်ကုန်၊မေ ၆

အဂတိတားဆီး ကာကွယ်ရေးကို နှစ်အလိုက်စီမံ ချက်များချမှတ်ကာ အကောင်အထည်ဖော်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်ကပြောသည်။ မေ ၅ ရက်၊ နေပြည်တော် Grand Amara Hotel တွင် ကျင်းပသည့် ကုလသမဂ္ဂအဂတိ တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCA) အကောင်အထည်ဖော် ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ဒုတိယစက်ဝန်းတွင် မြန်မာနိုင်ငံ၏  Country Repor ထုတ်ပြန်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲ၌ အဖွင့်အမှာစကား ပြောကြားရာ ၎င်းကအထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

လှည်းတန်းတွင် ရဲဘော်သုံးကျိပ် ပန်းခြံ ပြန်လည်ရရှိရေး ရပ်ကွက်နေပြည်သူများ ဆန္ဒထုတ်ဖော်  

ရန်ကုန်၊ မေ ၅

သမိုင်းဝင်ရဲ ဘော်သုံးကျိပ် ပန်းခြံပြန်လည်ရရှိ ရေး ရပ်ကွက်နေပြည်သူများက လှည်းတန်းတွင် ချီတက် ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သိရသည်။ မေ ၅ ရက် နေ့လယ် ၃ နာရီ ခွဲခန့်တွင် ကမာရွတ်မြို့နယ် ၃ ရပ် ကွက်နေ ဘိုးတော်ခင်ဝင်းဦး ဆောင်ပြီး ရပ်ကွက်နေပြည်သူ များမှ ဗီနိုင်းများ ကိုင်ဆောင်ကာ လှည်းတန်းတစ်လျှောက် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖော်ပွဲ တာဝန်ခံ ဘိုးတော်ခင်ဝင်းက ''ဝန်ကြီးချုပ် ဦးနုပေးခဲ့တဲ့ ၁၉၅၇ ခုနှစ် ဧပြီ ၁၇ ရက်ကပေးထားတာ။ သမိုင်း အမွေအနှစ်တန်ဖိုးပေါ့။ ပြည်သူ့ ပန်းခြံရဖို့ ဆက်ပြီးတော့ လှုပ်ရှား သွားမယ်။ ပန်းခြံစစ်စစ်ပဲ ပြန်ရ ချင်တယ်။ ကွန်ဒိုတွေ အထပ်မြင့် တွေ ကားပါကင်တွေ မလိုချင်ဘူး'' ဟု ဒီမိုကရေစီတူဒေး၏ မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

မကြာခဏ မီးပျက်ခြင်းကြောင့် ဂက်စ်ဖြည့်ချိန် ပိုကြာလာသဖြင့် YBS ယာဉ် ၃ဝ ရာခိုင်နှုန်းခန့် လိုင်း မထွက်နိုင်

ရန်ကုန်၊ မေ ၅

လျှပ်စစ်မီး မကြာခဏပြတ် တောက်မှုကြောင့် ဂက်စ်ဖြည့်ချိန် ပိုမိုကြာလာသဖြင့် YBS ယာဉ်ရာခိုင်နှုန်း ၃ဝ ခန့် လိုင်းမထွက်နိုင် ကြောင်း သိရသည်။ ''မူလ ၁ဝဝ ရာခိုင်နှုန်း ပြေးဆွဲနေတာကနေ အခု ၃ဝ ရာခိုင်နှုန်းလောက် မပြေးဆွဲနိုင်ဘဲ လုပ် ငန်းခွင် ကြန့်ကြာသွားတယ်။ အဓိကတော့ လျှပ်စစ် မီးက လာတစ်ချက် မလာတစ်ချက်ဆိုတော့ CNG ဆိုင်တွေမှာ အခက်အခဲတွေဖြစ်တာပေါ့။ တချို့ CNG ဆိုင်တွေက မီးစက်မမောင်းနိုင်တော့ ကား တွေ ဂက်စ်မထည့်နိုင်ဘဲ ပုံနေတယ်''ဟု လူထုမိတ် ဆွေယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသက် တင်ဝင်းက ဒီမိုကရေစီတူဒေးသို့ မေ ၅ ရက်တွင် ပြောသည်။ ယင်းဖြစ်ရပ်သည် ယခုရက်ပိုင်းအတွင်းမှစ၍ YBS ယာဉ်လိုင်းတိုင်း ကြုံနေရခြင်းဖြစ်ကြောင်း ယာဉ်လိုင်းအချို့ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တိုင်းတွင် တရားဝင် ဆိုင်ကယ်စီးခွင့်ရရေး တောင်းဆိုလက်မှတ်များကို ဝန်ကြီးချုပ်နှင့် လွှတ်တော်သို့ တင်ပြမည်

ရန်ကုန်၊ မေ ၅

ရန်ကုန်တိုင်းဒေသကြီး မည်သည့်မြို့နယ်တွင်မဆို တရားဝင်ဆိုင်ကယ်စီးခွင့်ရရေး တောင်းဆို လက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ ဆိုင်ကယ်စီးနင်းခွင့် တရားဝင်ရရှိရေး လက်မှတ်ရေးထိုးပွဲ ကို မေ ၅ ရက်က တောင်ဒဂုံမြို့နယ်၊ လှော်ကားလမ်းဘေးရှိ (၅၆) နှင့် (၇ဝ)ရပ်ကွက်ကြား ကွင်းပြင်တွင် ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းအတွင်းရှိ မည် သည့်မြို့နယ်တွင်မဆို တရားဝင် ဆိုင်ကယ်စီးခွင့်ရရှိလျှင် ယာဉ် ကြောကျပ်တည်းမှု ဖြေလျှော့နိုင် ခြင်း၊ ဆိုင်ကယ်ကယ်ရီအလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင် ခြင်းစသည့်ရလဒ်များ ထွက်ပေါ် လာနိုင်မည်ဖြစ်ကြောင်း လက် မှတ်ရေးထိုးပွဲ ဦးဆောင်သူဦး ကျော်လွင်ဦးက ဒီမိုကရေစီတူဒေး သို့ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...