HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အရက်အတုများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဇန်နဝါရီ ၂

ဇန်နဝါရီလ ၁ ရက် မွန်းတည့် ၁၂နာရီက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မူးယစ်ဆေးဝါးဖမ်းဆီးရေး အဖွဲ့ခေါင်းဆောင် ရဲမှူးစိုးအောင်နှင့် ချမ်းအေးသာစံ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလ ရပ်ကွက်၊ အကွက်(၆၁၉)၊ မန်းမြို့ တော်ပေါက်စီဆိုင် နောက်ကျောရှိ တိုက်ခန်းအမှတ်(၁)နေ ကိုတူး၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်မှု ၂ဝ၁၈ ခုနှစ်တွင် ပိုများခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂

ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်မှုမှာ ၂ဝ၁၈ ခုနှစ်အတွင်း ပိုမိုမြင့်တက်ခဲ့ကြောင်း သိရသည်။ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်သည့်နှုန်းသည် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း လူဦးရေတစ်သိန်းခြောက် သောင်းဝန်းကျင်ရှိခဲ့ရာမှ ၂ဝ၁၈ ခုနှစ်အတွင်းတွင် လူဦးရေ နှစ်သိန်းအထက်ရှိခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနစာရင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လှိုင်သာယာတွင် မြို့ပြနှင့်အိမ်ရာ ဌာနပိုင်အိမ်ရာများ ဆောက်လုပ်ရောင်းချရန် စီစဉ်နေမှုအပေါ် လယ်သမားပိုင် လယ်မြေများတွင် ကျူးကျော်သည်ဟု ဆိုကာ လယ်သမား ၁ဝ ဦး ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၂

လှိုင်သာယာမြို့နယ်တွင်ဆောက်လုပ်နေသည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနပိုင်အိမ်ရာများဆောက်လုပ်ရောင်း ချရန်စီစဉ်နေခြင်းများအပေါ် လယ်သမားပိုင် လယ်မြေများတွင် ကျူးကျော်ဆောက်လုပ်မှုများ ရှိနေဟုဆိုကာ လယ်သမား ၁ဝ ဦးက ကန့်ကွက်ထားကြောင်း သိရသည်။ ယင်းကန့်ကွက်မှုနှင့်ပတ်သက်ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆောင်ရွက်ထား ခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူကလည်း ဒီမိုကရေစီတူဒေး သို့ပြောဆိုထားသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်ဝမ် နိုင်ငံသားအိမ်ကို အနုကြမ်းဝင်စီးသူ နှစ်ဦးအား ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၁

သင်္ဃန်း ကျွန်းမြို့နယ်အတွင်းရှိ ထိုင်ဝမ်နိုင်ငံသား၏ နေအိမ်သို့ အနုကြမ်းဝင်စီးသူ နှစ်ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးထိမိုးမိ ရွှေလုပ်ကွက်အနီး တရားမဝင် ရွှေကြိတ်ခွဲစက်ရုံကို တွေ့ရှိဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၁

မိုးထိမိုးမိ ရွှေလုပ်ကွက်အနီး တောတွင်း၌ ပိုင်ရှင်မဲ့ ရွှေကြိတ်ခွဲစက်ရုံနှင့် တူး ဖော်ရာတွင်အသုံးပြုသည့် ပစ္စည်း များကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ တားမြစ်ပိတ်ပင်ထားသည့် မိုး ထိမိုးမိရွှေလုပ်ကွက်အတွင်း တရား မဝင် ရွှေတူးဖော်ကြိတ်ခွဲမှုများရှိ ကြောင်း သတင်းအရ ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းမှ စတင်ကာ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ဝင်း၊ ခရိုင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာ ဝန်ရှိသူများပါဝင်သည့် ပူးပေါင်း အဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ပိုင် ရှင်မဲ့ရွှေသန့်စင်ကြိတ်ခွဲစက်ရုံနှင့် ရွှေတူးဖော်ရာ၌ အသုံးပြုသည့် ဒီတိုနေတာများ၊ မော်တော်ဆိုင် ကယ်များနှင့် ရွှေပါဝင်သည်ဟု ယူဆ ရသည့် ဖြုန်းအိတ်များကို သိမ်း ဆည်းရမိခဲ့ပြီး လူတစ်ဦးကိုမျှ ဖမ်း ဆီးမိခြင်းမရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ အပါအဝင် ၁၂ နိုင်ငံမှ သံဃာတော်များ၏ နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနား ဘန်ကောက်တွင် ကျင်းပ

ရန်ကုန်၊ဇန်နဝါရီ ၁

မြန်မာအပါ အဝင်နိုင်ငံပေါင်း ၁၂ နိုင်ငံမှသံဃာ တော်များ၏ ၊ နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာ ပို့သခြင်းကို ထိုင်း၌ ကျင်းပခဲ့သည်။ ဒီဇင်ဘာ ၃၁ ရက်ည ၁၁နာရီ မှ စတင်ကာထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ရှိဆာနမ်လွန်တွင် ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေး ခွေးချစ်သူများအတွက် ခွေးအလှပြပွဲပြိုင်ပွဲ ကျင်းပမည်

မန္တလေး၊ ဒီဇင်ဘာ ၃၁ 

မန္တလေး မြို့ခွေးချစ်သူများအသင်းမှ ခွေး ကလေးများနှင့်အတူ တွေ့ဆုံပွဲနှင့် ခွေးအလှပြိုင်ပွဲကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ရက် ညနေ ၄နာရီမှ စတင်၍ ည ၈နာရီအထိ မန္တလေး မြို့ မနော်ရမံကစားကွင်း၌ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။  ခွေးလေးများနှင့်အတူ လာ ရောက်ကြသည့်ခွေးချစ်သူများ အား ကံစမ်းမဲအစီအစဉ်များစွာ ဖြင့် တွေ့ဆုံပွဲကြီးကျင်းပမည်ဖြစ် ရာ ပျော်ရွှင်စရာတွေ့ဆုံပွဲတွင် အ ချစ်တော်ခွေးလေးများဖြင့် ဓာတ်ပုံ အတူတူရိုက်ခွင့်ရကြမည်ဖြစ်ပြီး အဆိုပါပွဲတွင် ခွေးချစ်သူအချင်း ချင်း ခင်မင်ရင်းနှီးစွာဖြင့် စနစ်တ ကျမွေးမြူနည်းများ နှီးနှောဖလှယ် ခြင်း အသင်းအနေဖြင့် သိလိုသည် များအားပြောပြခြင်း၊ ဆေးပညာ အတွက်သိလိုသူများကို မန္တလေး မြို့မှ တိရစ္ဆာန်ဆေးကုဆရာဝန်ကြီး များက ဖြေကြားပေးခြင်းများ ပြု လုပ်ပေးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

နှစ်သစ်ကူးကာလတွင် မြဝတီဂိတ်မှ နေရပ်ပြန်ဝင်လာသည့် မြန်မာများ ပိုမိုများပြားလာ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

နှစ်သစ်ကူးကာလ မြဝတီ-မဲဆောက် ဂိတ်မှ နေရပ်ပြန်ဝင်လာသည့် မြန်မာလုပ်သားဦးရေများကြောင်း သိရသည်။  ထိုင်းမှ မြန်မာနိုင်ငံသို့ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား မှ နေရပ်ပြန်လည်ဝင်ရောက်သူ မြန်မာလုပ်သားဦးရေသည် ယခင် က နေ့စဉ် ၁၅ဝ မှ ၂ဝဝ ကြားခန့် ရှိသော်လည်း နှစ်သစ်ကူးကာလ အတွင်း နေ့စဉ် ၅ဝဝ ကျော်အထိ ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...