HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်သည် ဟုဆိုကာ သာကေတ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကို တာဝန်မှ ယာယီရပ်စဲ  

ရန်ကုန်၊ မေ ၂

သာကေတမြို့ နယ် ၃/ ရန်ပြေရပ်ကွက် အုပ်ချုပ် ရေးမှူးမှာ အားကစားကွင်းအတွင်း အုတ်တံတိုင်းဖြိုဖျက်သည့်ကိစ္စတွင် တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်ခဲ့ဟုဆိုကာ တာဝန်မှ ယာယီရပ်စဲလိုက်ကြောင်း သိရသည်။ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၁၅ (ခ)၊ အပိုဒ်(၅) အရ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခဲ့ဟုဆိုကာ ၃/ ရန်ပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်ကို တာဝန်မှယာယီရပ်စဲ လိုက်ခြင်းဖြစ်သည်ဟု မေ ၃ ရက် တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အကြောင်းပြန်ကြောင်း ၃/ရန်ပြေ ရပ်ကွက် ရာအိမ်မှူး ဒေါ်အေးအေး မော်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တောင်ကြီးမြို့ လေးလောင်းပြိုင် လူသတ်မှု ပြစ်မှု ကျူးလွန်သူတစ်ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းမိ

နေပြည်တော်၊ မေ ၁

ရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်သာယာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈)နေ ဒေါ်အေးရွှေ(၇ဝ)နှစ်၊ ရှမ်း၊ဗုဒ္ဓ(မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင်)၊ (ဖ)ဦးအန်ပန်သည် ပင်လုံမြို့၊ ကမ္မဋ္ဌာန်း ကျောင်းတိုက် ဆွမ်းကပ်လှူပွဲသို့ သွားရောက်ပြီး ၂၈-၄-၂ဝ၁၉ ရက်နေ့ နံနက်ပိုင်းနေအိမ်သို့ ပြန် ရောက်စဉ် နေအိမ်အဝင်ပေါက် ကားဂိုဒေါင်အောက်တွင် သားမက် ဖြစ်သူ စိုင်းဆေမွန်(ခ)ဆေမွန် အားလည်းကောင်း၊ နေအိမ်အ ပေါ်ထပ် ယာဘက်အခန်းအတွင်း သမီးဖြစ်သူမနန်းခမ်းလှိုင်နှင့် မြေး ဖြစ်သူစိုင်းဖဖတို့အား လည်း ကောင်း၊ ဝဲဘက်အခန်းအတွင်း၌ အိမ်ဖော်ဖြစ်သူ မအေးမိုးအားလည်းကောင်း၊ ပြင်ပဒဏ်ရာအသီးသီးဖြင့် သေဆုံးနေသည်ကိုတွေ့ ရှိရပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၁၅ မျိုး၊ ငွေကျပ်သိန်း ၄ဝ အပါအဝင် စုစုပေါင်းတန်ဖိုးကျပ် ၁၅၅၇ သိန်းခန့်ပျောက်ဆုံးနေသ ဖြင့် ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်ကြားခဲ့၍ တောင်ကြီးမြို့မရဲ စခန်း(ပ)၇၉၃/၂ဝ၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃ဝ၂/၃၉၄ ဖြင့် အမှု ရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုရန် ...

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ နည်းဥဒေပြဋ္ဌာန်းနိုင်ရန် အချိန်တစ်ခု လိုအပ်နေ

ရန်ကုန်

မြန်မာနိုင်ငံ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေကို ၂ဝ၁၉ ခုနှစ် မတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေထွက်ရှိလာနိုင်ရန်မူ အချိန်ကာလတစ်ခုအထိ လိုအပ်မည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းကပြောသည်။ ဧပြီ ၂၈ ရက် မနက်ပိုင်းက အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော တတိယအကြိမ် မြန်မာနိုင်ငံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကိုဝလုံးနှင့် ကိုကျော်စိုးဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၅ ဦးကို အမြန်ဆုံး လွှတ်ပေးရန် အရပ်ဘက်အဖွဲ့ ၂ဝဝ ခန့် တောင်းဆို  

ရန်ကုန်

စာနယ်ဇင်းတာဝန်များ ထမ်းဆောင်ရင်း အကျဉ်းကျခံနေရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၅ဦးကို အမြန်ဆုံးလွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၂ဝဝ ခန့်က ဧပြီ ၃ဝ ရက်က တောင်းဆိုလိုက်သည်။ ၎င်းတို့အနေဖြင့် ယခုနှစ် မေ ၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အား မြန်မာနိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက ကြိုဆိုဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒီမိုကရေစီရည်မှန်းချက်ထားရှိသည့် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်သည် လွတ်လပ်မှုမရှိဘဲ ခြိမ်းခြောက်ခံနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်မှာ ကိန်းဂဏန်းများက ညွှန်းဆိုနေကြောင်းလည်း ဖော် ပြထားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဖားကန့်၌ မူးယစ်ဆေးဝါး ရောင်းချသည်ဟု သံသယရှိသည့် ယာယီ ကျူးကျော်တဲများကို မီးရှို့ဖျက်ဆီး

လုံးခင်း၊ ဧပြီ ၃ဝ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု လယ်ပြင်ကျေးရွာ ချောင်းဆုံမြေစာပုံရှိ ယာယီကျူးကျော်တဲများ၌ မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု သတင်းရရှိသဖြင့် ရှာဖွေဖမ်းဆီးရာ သံသယရှိသည့် ယာယီကျူးကျော်တဲအချို့ကို ဧပြီ ၃ဝ ရက် နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း လုံးခင်းမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 

ဆက်လက်ဖတ်ရှုရန် ...

မြမြဝိညာဉ် ပူးကပ်ပြောဆိုခဲ့သည့်ဖြစ်စဉ် အပြင်တွင်အမှန်တကယ် မရှိဟု ကျောက်စိမ်း ဖိနပ်စက်ရုံ သတင်းစာရှင်း

ရန်ကုန်၊ ဧပြီ ၃ဝ

မြမြ ဝိညာဉ် ပူးကပ်ပြောဆိုခဲ့သည့် ဖြစ်စဉ် သည်အပြင်တွင် တကယ်မရှိခဲ့ဟု ကျောက်စိမ်းဖိနပ်စက်ရုံမှ HR မန်နေဂျာကိုဇော်ဇော်အောင်က ငြင်းဆိုလိုက်သည်။ ဧပြီ ၃ဝ ရက် တောင်ဒဂုံမြို့နယ်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ မြမြဝိညာဉ်ပူးကပ်သည့် ဖြစ်စဉ်ကို သန်းနှင့်ချီသော အများ ပြည်သူတို့ အမှန်သိချင်နေကြောင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အဆင့်ဆင့်နှင့် ဌာနဆိုင်ရာအသီးသီး၏ အသေးစိတ်လေ့လာစုံစမ်းမှုနှင့် နောက်ပိုင်းဖြစ်စဉ်များအရ ရည်ရွယ်ချက်ရှိရှိ တည်ငြိမ်မှုပျက်ပြားအောင်၊ ပြည်သူလူထုရင်ထဲ ပူးဆွေးစိုးရိမ် စိတ်ကိန်းအောင်းစေရန် လှုံ့ဆော် ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ - ကမ္ဘောဒီးယား ပညာရေးဖလှယ်မှု ဆယ်စုသက်တမ်းအထိ လုပ်ဆောင်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူ

ရန်ကုန်၊ ဧပြီ ၃ဝ

မြန်မာ-ကမ္ဘော ဒီးယား ပညာရေးဖလှယ်မှု အစီအစဉ်ကို ဆယ်စုနှစ် သက်တမ်းအထိ လုပ်ဆောင်သွားရန် နှစ်နိုင်ငံခေါင်း ဆောင်တို့ သဘောတူညီခဲ့ကြောင်း သိရသည်။ ဧပြီ ၃ဝ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ တွေ့ဆုံစဉ် ယင်းသို့ဆွေးနွေးခဲ့ခြင်းဖြစ် ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။ ထို့အပြင် နှစ်နိုင်ငံအစိုးရက ထောက်ပံ့ထားသော စီးပွားရေး ကျောင်းသားများနှင့် အခြား ကျောင်းသားများအကြား ပညာရေး ဖလှယ်မှု အစီအစဉ်များပြုလုပ်ရန် လည်း သဘောတူခဲ့ကြောင်း ကမ္ဘော ဒီးယားဝန်ကြီးချုပ်က ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စက်လှေတစ်စင်းပေါ်မှ ငွေကျပ် ဘီလီယံ ၃ဝ ကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိ၊ လာရောက်ပို့ဆောင်သူကို ဖမ်းမမိသေးဟုဆို

ရန်ကုန်၊ ဧပြီ ၂၉

ကော့သောင်း မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စက်လှေတစ်စင်းပေါ်မှ ငွေကျပ် ၃ဝ ဘီလီယံကျော်တန် ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိမှုမှ လာရောက်ပို့ဆောင်သူ ဖမ်းမမိသေးကြောင်း ကော့သောင်း မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မိုးက ဧပြီ ၂၉ ရက်တွင် ပြောသည်။ အမှုမှ ဖမ်းဆီးရမိသည့် လှေပိုင်ရှင် ဝေလင်းပါ လှေသားခုနစ်ဦး နှင့် မူးယစ်ဆေးဝါးများကို ကော့ သောင်းမြို့နယ် မြို့မရဲစခန်းနှင့် မူးယစ်တပ်ဖွဲ့စုသို့ ဧပြီ ၂၈ ရက် တွင် တပ်မတော်ဘက်မှ လွှဲပြောင်း ပေးခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ဖမ်းမိသူများ၏ ထွက်ဆိုချက် များအရ အဆိုပါမူးယစ်ဆေးဝါး များကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ဖြစ်ပြီး ဇော်ဦးဆိုသူ အမျိုးသားက လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ကော့သောင်းမြို့မရဲစခန်း ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...