HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

နေပြည်တော်၌ ဘုရားဖူးယာဉ် ချောက်ထဲထိုးကျ၊ ၂၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇- နေ ပြည်တော်၌ ဘုရားဖူး Express ယာဉ်တစ်စီး ကုန်းအတက်တွင် ဂီယာချိန်းရာမှ နောက်ပြန်လိမ့်ကျ ပြီး ချောက်ထဲသို့ထိုးကျတိမ်းမှောက် ရာ ယာဉ်မောင်းပါခရီးသည် ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အရည်အသွေးမြင့် Black Eagle Stout အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇- Carlsberg ၏နောက် ဆုံးပေါ် Stout အမှတ်တံဆိပ်အသစ်  Black Eagle ကို ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မြို့ အင်း လျားလိတ်ဟိုတယ်၌ စတင်မိတ်ဆက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

နေပြည်တော်တွင် ဒီချုပ်ရုံးခွဲဖွင့်ရန် မြေ ၁၆ ဧကကို ကျပ်သိန်းပေါင်း နှစ်ထောင်ကျော်ဖြင့် ဝယ်ယူထား၊ အဆောက်အအုံဆောက်လုပ်မည့် ပုံစံကို မဆုံးဖြတ်ရသေး ဟုဆို  

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

နေပြည်တော် ဒီချုပ်ရုံးခွဲဖွင့်ရန် မြေ ၁၆ဧကကို ကျပ်သိန်းပေါင်း နှစ်ထောင်ကျော်ဖြင့် ဝယ်ယူထား ပြီးဖြစ်သော်လည်း အဆောက်အအုံ ဆောက်လုပ်မည့်ပုံစံကို မဆုံးဖြတ် ရသေးကြောင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က ပြောသည်။ ဖေဖော်ဝါရီ ၂၆ ရက်က နေ ပြည်တော်တွင်ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးမစတင်မီ မီဒီယာများနှင့် တွေ့ဆုံစဉ် ¤င်းက အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

၁၃ဝဝ ပြည့် အရေးတော်ပုံ ကာလအတွင်း မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံးခြင်းအနှစ်(၈ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

၁၃ဝဝ ပြည့်အရေးတော်ပုံကာလအတွင်း မန္တလေးအာဇာနည် ၁၇ ဦးကျဆုံး ခြင်းအနှစ်(၈ဝ)ပြည့် အထိမ်းအ မှတ်အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက မန္တလေး တမ္ပဝတီရပ် သြူ<ွကယ်ကုန်းရှိ မန္တ လေးအာဇာနည် ၁၇ ဦး ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။မန္တလေး ၁၃ဝဝ ပြည့်အရေး တော်ပုံကာလဖြစ်သည့် ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် ချီ တက်ပွဲတွင် နယ်ချဲ့တို့အား အလံ မလှဲတိုက်ပွဲဝင်ခဲ့ကြသူများထဲမှ ရဟန်းခုနစ်ပါးနှင့် လူပုဂ္ဂိုလ် ၁ဝ ဦးတို့သည် မန္တလေးမြို့ ၂၆ လမ်း ၈ဝx ၈၁ လမ်းအရောက်တွင် နယ် ချဲ့လက်ပါးစေတို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ကျဆုံးခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆင်ပြတိုက်ကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ဖွင့်လှစ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ 

မြန်မာနိုင်ငံ၏ ပထမဦးဆုံးဆင်ပြတိုက် ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မတ် ၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် စတင်ဖွင့် လှစ်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၂၆ ရက်က မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ် မည့်ဆင်ပြတိုက်ဆိုင်ရာ သတင်း စာရှင်းလင်းပွဲကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ ဆင်ပြတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကလေးမြို့နယ် အတွင်း နွေစပါးစိုက်ပျိုးချိန်တွင် လုပ်သားရှားပါး၍ စိုက်ပျိုးစရိတ် ကြီးမြင့်နေ

ကလေး၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ် နွေ စပါးစိုက်ပျိုးချိန်ကာလ လယ်ယာ လုပ်သား ရှားပါးမှုပြဿနာကြောင့် စိုက်ပျိုးစရိတ် ကြီးမြင့်လာကြောင်း သိရသည်။ ကလေးမြို့နယ်သည် ရာဇဂြိုဟ် ဆည်ရေသာမက မြစ်ချောင်းများမှ ရာသီမရွေး ရေရရှိနိုင်သည့်အတွက် နွေစပါး၊ မိုးစပါးစိုက်ပျိုးသော ဒေ သဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မူကြိုသင်ဆရာ၊ ဆရာမများကို လေ့ကျင့်ပေးရန်နှင့် အာဟာရကျွေးမွေးရန် ဘတ်ဂျက်ထည့်သွင်းပေးရေးအဆိုကို ပြည်သူ့လွှတ်တော် အတည်ပြု  

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မူကြို ကလေးများကို သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအား လေ့ကျင့် ပေးရန်နှင့် အာဟာရကျွေးမွေးရန် ဘတ်ဂျက်ထည့်သွင်းပေးရန် တိုက်တွန်းသည့်အဆိုကို ပြည်သူ့လွှတ် တော်က အတည်ပြုလိုက်ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၂၅ရက်ကကျင်းပ သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်တန်းမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး တင်သွင်းသည့် အသက်သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေးများ၏ မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသောဆရာ၊ ဆရာမများ လေ့ကျင့်ပေးရန်နှင့်မူ ကြိုကျောင်းများတွင် အာဟာရကျွေး မွေးနိုင်ရန်အတွက် သင့်လျော်သော ဘတ်ဂျက် ထည့်သွင်းပံ့ပိုးပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်းအဆိုကိုတင်သွင်းခဲ့ရာ လွှတ် တော်ကိုယ်စားလှယ်ရှစ်ဦးက ဆွေး နွေးခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း အဆိုကိုအ တည်ပြုရန် တင်ပြခဲ့သည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အဆိုကိုအတည်ပြုခဲ့ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

စားသုံးသူအခွင့်အရေး ချိုးဖောက်နေသည့် ဆက်သွယ်ရေးအော်ပရေတာများကို ထိရောက်စွာ အရေးယူနိုင်ရန် ဆက်သွယ်ရေးနည်းဥပဒေ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ 

စားသုံးသူ အခွင့်အရေးချိုးဖောက်နေသည့် ဆက်သွယ်ရေးအော်ပရေတာများကို ထိရောက်စွာအရေးယူနိုင်ရန်အတွက် ဆက်သွယ်ရေးနည်းဥပဒေကို ပြန်လည်ပြင်ဆင်ဆောင် ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...