ရန်ကုန်၊ ဩဂုတ် ၁၇-ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပိုင်းပေါ်ရှိ တံတားနှစ်စင်းသည် ဩဂုတ် ၁၇ ရက်က ဖျက်ဆီးခံခဲ့ရပြီး ရှမ်းမြောက်တိုက်ပွဲများ အတွင်း ပိတ်မိနေသူများနှင့် ဒဏ်ရာရသူများကို ကယ်ဆယ်ရန် သွားသည့် လားရှိုး လူမှုကူညီရေးအသင်းယာဉ်နှင့်နမ့်ဖက်ကာ မေတ္တာရှင်လူမှုကူညီရေးယာဉ်တို့ကို လက်နက်ကိုင်အဖွဲ့မှပစ် ခတ်ခဲ့ရာ လားရှိုး လူမှုကူညီရေးအသင်းဥက္ကဋ္ဌသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ထောင်စုလမ်းမကြီးတစ် လျှောက် သိန္နီနှင့် ကွမ်းလုံမြို့နယ်အတွင်း သိန္နီ-ကွမ်းလုံ-ချင်း ရွှေဟော် လမ်းပိုင်းပေါ် ရှိ မိုင်တိုင် (၁၅/၃ ဖာလုံနှင့် ၄ ဖာလုံ)၊ ကောင်းကော်ရွာနှင့် နမ့်တုန်ဆုံရွာကြား အရှည်ပေ ၃၀၊ အကျယ် ၂၈ ပေရှိ သံကူကွန် ကရစ်တံတားနှင့် မိုင်တိုင် (၄၀/ ၃ ဖာလုံ နှင့် ၄ ဖာလုံ)ကြား ဗြုန်းတောင်အတွင်းရှိ အရှည်ပေ ၈၀၊ အကျယ် ၂၈ ပေခန့်ရှိ RC Arch Bridge တံတားတို့အား ဩဂုတ် ၁၇ ရက် နံနက် ၃ နာရီခန့်တွင် အကြမ်းဖက်သောင်း ကျန်းသူများက မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခဲ့ကြောင်း ရှမ်းပြည် နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
တံတားနှစ်စင်းပျက်စီးခဲ့သ ဖြင့် လမ်းပိုင်းလမ်းပန်းဆက်သွယ် နေပြီး ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ယာယီအနေဖြင့် ဘေလီ တံတားထိုးသွားရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲ မှူးချုပ်ဇော်ခင်အောင်က “”သိန္နီ နှင့်ကွမ်းလုံကြားက တံတားနှစ် စင်းကို မိုင်းနဲ့ခွဲတာပေါ့ ။ သူတို့ မူဆယ်နဲ့လားရှိုးလမ်းတစ်လျှောက် ကို ပိတ်ဆို့ဖြတ်တောက်ထားတာ ရှိတယ်။ တပ်မတော်က လိုက်ရှင်း နေပါတယ်။ တောက်လျှောက် ထိ တွေ့တာတွေရှိတယ်။ အဓိကတော့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ကို ဖြတ်တောက်တာပေါ့””ဟု ဒီမို ကရေစီတူဒေးသို့ ပြောသည်။
ဩဂုတ် ၁၇ ရက် နံနက်ပိုင်း မှ စတင်ကာ ရှမ်းပြည်နယ်(မြောက် ပိုင်း)၊ လားရှိုးခရိုင်နှင့်မူဆယ်ခရိုင် အတွင်းနေရာအနှံ့တွင် တပ်မ တော်နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့တို့ ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။
“”ဒီနေ့တိုက်ပွဲတွေက ရှမ်း မြောက်ဘက်ခြမ်းမှာဖြစ်တာ။ တိုက် ပွဲဖြစ်တာကတော့ မြောက်ပိုင်း လက်နက်ကိုင်တပ်ပေါင်းစုအဖွဲ့ နဲ့။ AA၊TNLA၊MNDAAတို့ပေါ့။ တိုက်ပွဲတွေကို မထိန်းချုပ်နိုင်သေး ဘဲနဲ့ ကယ်ဆယ်ရှင်းထုတ်တာတွေ အခက်အခဲရှိတယ်။ အခုလူမှုရေး အသင်းကားကိုတောင် ပစ်ခတ် တာလုပ်တဲ့အတွက်ကြောင့် ဘယ် သူမှ မကယ်ရဲဘူး””ဟု ၎င်းကထပ် မံပြောသည်။
တံတားနှစ်စင်း မိုင်းထောင် ဖောက်ခွဲမှု၊ လက်နက်ကြီး လက် နက်ငယ်များဖြင့် ပစ်ခေတ်မှု ကြောင့် စက်သုံးဆီဆိုင်မီးလောင် ရခြင်းမှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့မှ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ဇော်ခင် အောင်က ပြောသည်။
ကွတ်ခိုင်နှင့် သိန္နီမြို့တို့တွင် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက AA၊TNLA၊MNDAA လက် နက်ကိုင်အဖွဲ့မှ ၎င်းတို့၏ နိုင်ငံ ရေးစစ်ရေးအခြေအနေရှင်းလင်း ချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း၎င်းက ပြောသည်။
လားရှိုးမြို့အထွက် ပြည် ထောင်စုလမ်းပေါ် နမ့်တွန်းရွာ၊ ၁၂ မိုင် ရဲကင်းအနီးရှိ တိမ်ဖြူစက်သုံး ဆီဆိုင်တွင် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်မီးလောင်ခဲ့ပြီး မီးငြှိမ်းရန်သွားသည့် မီးသတ်ကား များကိုလည်း အဝေးမှနေ၍ ပစ်ခတ် သဖြင့် နောက်ပြန်လှည့်ခဲ့ရကြောင်း လားရှိုးခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိ ရသလို ဒဏ်ရာရသူနှင့်ပိတ်မိဒေ သခံများကို ကူညီရန်သွားသည့် လားရှိုးအခြေစိုက်၊ လားရှိုးလူငယ် များ လူမှုကူညီရေးအဖွဲ့ကား ၁၂ မိုင်အနီးအရောက် အသွားလမ်း ပေါ်တွင် လက်နက်ကြီးပစ်ခတ် သဖြင့် ထိမှန်ကာ တိမ်းမှောက်ခဲ့ ကြောင်း အဆိုပါလူမှုကူညီရေး အသင်းဝင် ကိုအောင်ကျော်ဦးက အတည်ပြုပြောသည်။
လားရှိုးခရိုင် မီးသတ်ဦးစီး မှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဦးက “”၉ နာရီ ၄၅ မိနစ် မှာ သတင်းရတယ်။ ဓာတ်ဆီဆိုင် မီးလောင်တယ်ဆိုလို့။ မီးသတ် ယာဉ်လေးစီးနဲ့ထွက်တယ်။ ဟို ရောက်ခါနီး တစ်မိုင်လောက် အလိုမှာတောင်ကုန်းရှိတယ်။ အဲ့ဒီ တောင်ကုန်းကနေ ပစ်နေတာတွေ တွေ့ရတယ်။ လက်နက်ကြီးတွေ ကျနေတာတွေ့တယ်။ အဲ့ဒီထဲကို ဝင်ပြီဆိုတာနဲ့အပစ် ခံရတော့မှာ ပေါ့။ အဲ့တာကြောင့် အပြင်ကနေ စောင့်ကြည့်နေတယ်။ စက်သုံးဆီ ဆိုင်ကတစ်ဆိုင်တည်း””ဟု ဒီမိုက ရေစီတူဒေးသို့ ပြောသည်။
ပစ်ခတ်မှုကြောင့် လူမှုကူညီ ရေးကားမောင်းနှင်နေသည့် အသင်း ဥက္ကဋ္ဌ ဦးထွန်းမြင့်မှာ သေဆုံးခဲ့ ပြီး အသင်းသား သုံးဦးဒဏ်ရာ ရ ထားပြီး လားရှိုးပြည်သူ့ဆေးရုံ ကြီးတွင် ကုသမှုခံယူနေကြောင်း ၎င်းကပြောသည်။
“”ကယ်ဆယ်ရေးသွားတာ။ အဲ့ဒီမှာ ရွာသားတွေလည်းပိတ် မိနေတယ်လေ။ ဆီဆိုင်ကိုလည်း လက်နက်ကြီးနဲ့ပစ်ပြီးတော့ မီးရှို့ တဲ့အတွက် သွားဖို့လုပ်ရင်းဖြစ် တာ။ သူတို့က လက်နက်ကြီးနဲ့ပစ် တယ်။ စနိုက်ပါနဲ့ပစ်တယ်။ အဝေး ကနေပစ်တာ။ ကားပေါ်မှာ အသင်း ဥက္ကဋ္ဌအပါအဝင် လေးဦးပါတယ်။ဥက္ကဋ္ဌသေဆုံးတယ်။ နောက်သုံးဦး ဒဏ်ရာရတယ်။ တစ်ဦးက ခေါင်း ထိတယ်။ နောက်နှစ်ယောက်က မျက်စိထဲ နားထဲတွေမှာ မှန်စတွေ ဝင်ပြီးတော့ စိုးရိမ်ရတာပေါ့””ဟု ၎င်းက ဆက်လက်ပြောသည်။
“”ပိတ်မိနေတဲ့ အခြားသူတွေ ကိုသွားကယ်လို့ မရသေးဘူး။ တိုက် ပွဲတွေဖြစ်ပြီး ပိတ်နေတုန်း””ဟု ကို အောင်ကျော်ဦးက ပြောသည်။်။လူမှုကူညီရေးအသင်းကား လက်နက်ကြီး ထိမှန်တိမ်းမှောက် ခဲ့သည့်နေရာအနီး ညာဘက်ခြမ်း တွင် မပေါက်ကွဲသေးသည့် ကြိုး ဆွဲမိုင်းတစ်လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။ လားရှိုးခရိုင် မီးသတ်ဦးစီး မှူး၊ လက်ထောက်ညွှန်ကြားရေး မှူး ဦးမျိုးထွဋ်ဦးက””အခုဒေသခံ တွေကိုထုတ်နေတယ်။ မန်ချိုဘုန်း ကြီးကျောင်းမှာ ထားဖို့စီစဉ်ထား တယ်””ဟု ပြောသည်။
လားရှိုးမြို့၊ ရပ်ကွက် ၁၂၊ အောင်သစ္စာတိုးချဲ့ရပ်ကွက်(တာ ပုံကျေးရွာအနီး)တွင်လည်း လက် နက်ကြီးပစ်ခတ်ခံရသဖြင့် လူနေ အိမ်များအပေါ် ကျရောက်ပေါက် ကွဲပြီး အိမ်နှစ်လုံးပျက်စီးကာ လူ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့ပေါ်ရှိ အစိုးရစာ သင်ကျောင်းများအပါအဝင် ပုဂ္ဂ လိကစာသင်ကျောင်းများတွင် တက် ရောက်နေသည့် ကျောင်းသားမိဘ များကလာရောက်ခေါ်ယူမှုများရှိ ခဲ့၍ လားရှိုးမြို့ပေါ် စာသင်ကျောင်း များ အားလုံးကို ဩဂုတ် ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်မှ စတင် ကာပိတ်ထားကြောင်း လားရှိုးမြို့ ဒေသခံများထံမှ စုံစမ်းသိရသည်။
လားရှိုးမြို့မဈေးအပါအဝင် စည်ပင်သာယာဈေးများအတွင်း ရောင်းချနေသည့် ဈေးဆိုင်ပိုင် ရှင်များမှာလည်း မိမိတို့ဈေးဆိုင် များကို အရေးပေါ်ပိတ်သိမ်းခဲ့ကြ ပြီး မြို့တွင်းလမ်းမကြီးပေါ်ရောင်း ချနေသည့် ဈေးဆိုင်အသီးသီး လည်း နံနက် ၁၁ နာရီကျော်မှ စ တင်ကာ ပိတ်ထားကြောင်း ဒေသ ခံများထံမှ သိရသည်။
လားရှိုးမြို့မဈေးအနီး ဖွင့် လှစ်ရောင်းချနေသည့် ဖိနပ်ဆိုင်ပိုင် ရှင်ကိုဆန်းဝင်းက””တိုက်ပွဲတွေ က ကျွန်တော်တို့ လားရှိုးမြို့အနီး ထိတောင် ကူးစက်ဖြစ်လာနေလို့ စိတ်ပူလို့ ဆိုင်ကိုစောစောပိတ်လိုက် တာပါ။ ပုံမှန်ဆိုရင်နံနက် ၈ နာရီ ဖွင့်တယ်။ ည ၉ နာရီလောက်ထိ ဖွင့်ပါတယ်။ ဒီနေ့တော့ နံနက် ၁၁ နာရီလောက်ကတည်းကပိတ် ထားလိုက်ပါတယ်။ ဈေးကြီးထဲက ဆိုင်တွေတော်တော်များများလည်း ပိတ်ပြီး ပြန်ကြတာ တွေ့ရတယ်””ဟု ဒီမိုကရေစီတူဒေးသို့ ပြော သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာအ ထွက် နတ်စင်နားတွင် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ် ပွားပြီး လူနာတင်သွားသည့် နမ့် ဖက်ကာအခြေစိုက်လူမှုကူညီရေး အသင်း ကားပစ်ခတ်ခံရရာ ထိခိုက် မှုမရှိခဲ့ကြောင်း သိရသည်။
နမ့်ဖက်ကာလူမှုကူညီရေး အသင်းမှ ဦးတင်ထွန်းဝင်းက””အ ပစ်ခံရတာ ဟုတ်တယ်။ လူနာတွေ သွားပြီးကူညီတာ။ ပြန်လှည့်လာ နေရတယ်။ ကားမှန်ကွဲသွားတယ်။ အဝေးကနေ စနိုက်ပါနဲ့ပစ်တဲ့သ ဘောရှိတယ်။ ကားကိုပစ်ပြီး ပြေး လာရတယ်””ဟု ဒီမိုကရေစီတူဒေး သို့ ပြောသည်။
ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာ တွင် ပိတ်မိဒေသခံများကို သွား ရောက် ကယ်ဆယ်ခဲ့သည့် ဒေါ် လွင်းညွယ်က “”ပိတ်မိတာက ရွာ သူ၊ရွာသားတွေရှိတယ်။ သက်ကြီး ရွယ် အိုတွေနဲ့ ကလေးသူငယ်တွေ က ဟိုမှာမနေရဲလို့ လာခေါ်ပါဆို လို့ သွားခေါ်ခဲ့တာ။ သွားခေါ်တာ အယောက်၂၀။ ကျန်တာကတော့ အများကြီးကျန်သေးတယ်။ နမ့် ကွတ်ရွာမှာ ဒီမနက်ထိတွေ့မှုတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတယ်””ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။
လက်ရှိတွင် လားရှိုးမြို့ပေါ် ရှိ မန်ဆူရှမ်းဘုန်းကြီးကျောင်းတွင် ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီ အထိအရ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၆၀ မှ လူဦးရေ ၂၇၀ ရောက်ရှိခိုလှုံနေကြောင်း လားရှိုးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွန် ကြားရေးမှူး ဦးမင်းသိန်းက ပြော သည်။
]]ထောက်ပံ့မှုတွေလုပ်မယ်။ အိမ်ထောင်စုတစ်စုချင်းစီအလိုက် ထုတ်ပေးမယ်။ အိမ်ထောင်စုတစ် စုကို ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးထောက်ပံ့မယ်””ဟု ၎င်းက ဒီမို ကရေစီတူဒေးသို့ ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက် က ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်၊ နောင်ချို မြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင် ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေး ရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာန ချုပ်တစ်ခုတို့အား မြောက်ပိုင်း မဟာ မိတ်လက်နက်ကိုင်သုံးဖွဲ့ဖြစ်သည့် AA၊TNLA၊MNDAA တို့က လက်နက်ကြီး။ လက်နက်ငယ်များ ဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် တပ်မတော် သားကိုးဦးနှင့်ရဲသုံးဦးကျဆုံးပြီး ပြည်သူသုံးဦး ဒဏ်ရာရခဲ့သည်။
WYHW,PS,CRH
#Democracytoday