• About Us
  • Advertise
  • Careers
  • Contact Us
Saturday, December 7, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှုများကို ပိတ်ပင်သည့် ဟန့်တားမှုလုပ်ရပ်များ ရှောင်ရှားရန် လိုအပ်

by M Bwe
July 11, 2019
in Political
1 min read
0
100
SHARES
126
VIEWS
Share on FacebookShare on Twitter

RelatedPosts

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019

ရန်ကုန်၊

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှုများကို ပိတ်ပင်သည့် ဟန့်တားမှုလုပ်ရပ်များကို ရှောင်ရှားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက AA အဖွဲ့မှ ခေါင်းဆောင်အချို့ကို အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အမှုဖွင့်လှစ်ခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမှုဖွင့်ထားသူများကို ဖမ်း၊ မဖမ်းနှင့် တရားစွဲ၊ မစွဲဆိုသည့်အခြေ အနေသည် မူဝါဒဆိုင်ရာမေးခွန်းဖြစ်နေပြီး ထိုအခြေအနေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဦးဆောင်လုပ်ကိုင်နေသည့် NRPC ဘက်သို့မေးမှသာ ပြည်စုံမည်ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားသည်။

”ကျွန်တော်တို့က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ဦးတည်ချက်ထားတယ်ဆိုရင် ဒီလိုဖြေရှင်းနိုင်မယ့်အခင်းအကျင်းတွေကို ကျွန်တော်တို့ ပြင်ဆင်ဖို့လိုတယ်။ အဲဒီမှာ ကျွန်တော်တို့သည် နိုင်ငံရေးအရ မဖြေရှင်းနိုင်လို့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဖြစ်နေ ရသော်လည်းပဲ ဒီလိုအချိန်မျိုးမှာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှုကို ပိတ်ပင်တဲ့ ဟန့်တား လိုက်တဲ့လုပ်ရပ်မျိုးတွေကို ရှောင်ရှားလိုက်ဖို့ လိုတယ်။ ပြောချင်တာသည် AA ကို အကြမ်းဖက်အဖွဲ့လို့ တစ်ဖက်မှာ သတ်မှတ်မယ်။ တစ်ဖက်မှာ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်ဆိုရင် ဘာခေါ်မလဲ ကျွန်တော်တို့သည် ချဉ်းကပ်တဲ့နေရာမှာ ဟန်ချက်ညီတဲ့ ချဉ်းကပ်မှုမျိုးမဟုတ်ဘူး။ ဟန်ချက်လွဲတဲ့ချဉ်းကပ်မှုမျိုးဖြစ်နေတယ်”ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးဖြစ်သည့် စာရေးဆရာကိုဝက ပြောသည်။
တိုင်းပြည်အတွင်း နှစ်ပေါင်း ၇ဝ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်သမိုင်းများအရ လက်နက်ကိုင်စွဲသည့်နည်းလမ်းသည် ဖြေရှင်း၍မရခြင်းကြောင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှသာလျှင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူများက ထောက်ပြကြသည်။ လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သည့် အင်အားစု များသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန်အတွက် ရည်မှန်းချက်များ ရှိနေခြင်းကြောင့် ထိုရည်မှန်းချက်ကို ရောက်ရှိရန် အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာ ငြိမ်း ချမ်းရေးပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ဆိုကြသည်။

”သက်ဆိုင်တဲ့ အင်အားစုအားလုံးပေါ့ ဟန်ချက်ညီတဲ့ချဉ်းကပ်ပုံမျိုး လုပ်စေချင်တယ်။ AA ကိုလဲ တိုက်တွန်းလိုတာသည် တိုင်းပြည်ရဲ့ ပြည်တွင်းစစ်သမိုင်းက ပြတဲ့သင်ခန်းစာကို အသုံးပြုပြီး လက်နက်ကိုင်နည်းလမ်းနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတာမျိုးကို AA ဘက်ကလဲ ပီပီသသပြစေချင်တယ်။ တပ်မတော်ဘက်ကလဲ ဒါနိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် အဆင်သင့်ကြိုဆိုမယ်ဆိုတဲ့သဘောထားကို ပီသအောင်ပြစေချင် တယ်”ဟု ကိုဝက ဆက်လက်ပြောဆိုသည်။

မင်းဗညား

#theyangontimes

Previous Post

NRPC နှင့် KNU ကိုယ်စားလှယ်များ လာမည့်လတွင် ထပ်မံတွေ့ဆုံရန် လျာထား

Next Post

နေရပ်စွန့်ခွာသူများအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကို အိန္ဒိယအစိုးရက ထောက်ပံ့မည်

M Bwe

Related Posts

Political

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019
Political

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019
Political

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019
Political

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019
Political

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲချက်ငါးချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးမည်

August 28, 2019
Political

ကွတ်ခိုင်-မူဆယ်ကားလမ်းပေါ် ယာဉ်များပစ်ခတ်ခံရ၊ တွဲကားဘီးများပျက်စီးကာ ကန့်လန့်ခံနေသဖြင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်

August 28, 2019
Next Post

နေရပ်စွန့်ခွာသူများအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကို အိန္ဒိယအစိုးရက ထောက်ပံ့မည်

Discussion about this post

Connect with us

ADVERTISEMENT

Recommended

ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ တိုးတက်လာစေရေး မြန်မာ့သြဘာနှင့် တောင်သူများပူးပေါင်း၍ အရ??

7 months ago
Yangon Media Group

ဒုက္ခသည်များ စိစစ်ရန်၊ ပြန်လည် ပို့ဆောင်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားရန် အသင့်ရှိဟု ပြည??

2 years ago

”လုံးဝ အချစ်သက်သက် ဇာတ်လမ်းမျိုးကို ရိုက်ချင်လို့ Now & Ever ကို ရိုက်မှာပါ” ဒါရိုက်တာ ခရစ်စတီးန?

12 months ago

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောက်ဥက္ကလာပဆေးရုံကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်

4 months ago

ယခု ပညာသင်နှစ်တွင် ကျောင်းကားအစီး ၁ဝဝ ထိ ပြေးဆွဲနိုင်ရန် စီစဉ်ထား

6 months ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ကမ္ဘောဇသာဒီ နန်းတော်တွင် ဘုရင့်နောင် မင်းတရားကြီး၏ မိဖုရား ထိုင်းမင်းသမီး ဆုပန်ကလျာ ရုပ်တု??

    0 shares
    Share 0 Tweet 0
  • Airbus A220-300 ခရီးသည်တင်လေယာဉ်ကို ရန်ကုန်မြို့တွင် ပျံသန်းမိတ်ဆက်

    822 shares
    Share 822 Tweet 0
  • အမေရိကန် ကုန်စည်နှင့် ဝန်ဆောင်မှုများ ပိုမို တင်သွင်းဝယ်ယူရန် တရုတ် သဘောတူ

    0 shares
    Share 0 Tweet 0
  • (၆၉) ကြိမ်မြောက် မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ရာ အလေးချိန် ခုနစ်ပိဿာကျော် ရရှိ

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.