နေပြည်တော်၊ နိုဝင်ဘာ ၁၄-နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သည် ယနေ့ဒေသစံ တော်ချိန်(၁၃၃ဝ)နာရီတွင် ဖိလစ် ပိုင်နိုင်ငံ မနီလာမြို့ ဏ့ငူငစစငညနျှုညအနမညအေငသညေူ ဃသညလနညအငသည ဃန- ညအမန (ဏှုဃဃ)၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။
အဆိုပါထိပ်သီးအစည်းအဝေးပွဲသို့ အာဆီယံ ၁ဝနိုင်ငံမှ နိုင်ငံ့အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ နယူးဇီလန်၊ ကိုရီး ယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံ့အကြီးအကဲများ၊ ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဂျကာတာမြို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
MOI
Discussion about this post