ရန်ကုန်၊ မတ် ၂၁
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခြင်းသည် အစိုးရနှင့် တိုက်ရိုက်မပတ်သက်ကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောသည်။ မတ် ၂၁ ရက် နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည့် NRPC နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
”ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင် နှစ်ယောက်စလုံးအ နေနဲ့ တရားဥပဒေနည်းလမ်းအရ ဆက်ပြီးဆောင်ရွက်ရမယ့် လမ်းကြောင်းတွေလည်း မဆုံးသေးဘူး။ ဆက်လက်ဆောင်ရွက်လို့ ရပါတယ်။ ဆိုလိုတာကတော့ တရားရုံးက ဆောင်ရွက်တဲ့ကိစ္စကတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးအစိုးရနဲ့တော့ တိုက်ရိုက်မပတ်သက်ပါဘူး။ တရားဥပဒေက ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်တယ်လို့ပဲ မြင်တယ်”ဟု ၎င်းကပြောသည်။ ယင်းအပြင် ဒေါက်တာအေးမောင်တို့နှစ်ဦး၏ ဖြစ်စဉ်သည် ငြိမ်းချမ်းရေးနှင့် တိုက်ရိုက်မပတ်သက်ကြောင်းလည်း ၎င်းကပြောသည်။
”တရားဥပဒေစိုးမိုးရေးကတစ်ပိုင်း၊ ငြိမ်းချမ်းရေးဆွေးနွေးတာက တစ်ပိုင်း ပေါ့။ ဒေါက်တာအေးမောင်ဖြစ်စဉ်က ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်နွှယ်တယ်ဆို သော်လည်း တိုက်ရိုက်ပတ်သက်ခြင်း မရှိဘူး။ ဒါကကျွန်တော်တို့အစိုးရက အာမခံနိုင်တာက တရားရုံးမှာ ကျွန်တော်တို့ အများပြည်သူရှေ့မှောက်မှာ တန်းတူရည်တူ အကာအကွယ်ရှိတယ်။ ဥပဒေကပေးထားတဲ့ အခွင့်အရေးတွေ အပြည့်အဝရှိတယ်။ အဲဒီအတိုင်း တရားရုံးကစီရင်ဆုံးဖြတ်တဲ့ ကိစ္စဖြစ်တယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် ဟောပြောပွဲတစ်ခုတွင် ပြောကြားခဲ့သည့် ပြောကြားချက်များကြောင့် ဒေါက်တာအေးမောင်နှင့် စာ ရေးဆရာ ဝေဟင်အောင်တို့နှစ်ဦးသည် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည် ညိုပျက်စေမှုများဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ယင်းနောက် (၄၁)ကြိမ်မြောက်ရုံးချိန်းတွင် ¤င်းတို့နှစ်ဦးအား ထောင်ဒဏ် နှစ် ၂ဝ စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းတွင်လည်း ဝေဖန်မှုများမျိုးစုံ ဖြစ်ပေါ်လျက်ရှိသည်။
HWA
#democracytoday
Discussion about this post