• About Us
  • Advertise
  • Careers
  • Contact Us
Monday, December 9, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

တောင်ခြေက မှိုင်းမှိုင်း ယမ်းငွေ့က ဝေဝေ

by M Bwe
June 13, 2019
in Political
1 min read
0
0
SHARES
9
VIEWS
Share on FacebookShare on Twitter

အိုက်စိုင်း

မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသသည် လွန်စွာဖွံ့ဖြိုးမှုနောက်ကျနေသောအရပ်ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ် ရေးလည်း လွန်စွာခက်ခဲလှပါသည်။ တစ်နည်း အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသငါးခုတို့ရှိသည့်အနက် အဆင်းရဲ ဆုံးနှင့် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဒေသပင်ဖြစ်သည်။

အဆိုပါအနောက်မြောက်ဒေသသည် တခြားသောဒေသမဟုတ်ပါ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်၊ လဟယ်မြို့ နယ်)ပင်ဖြစ်သည်။ ထိုဒေသမှာ နာဂမျိုးနွယ်စု ပေါင်း ၁၅ စုအပါအဝင် ဗမာနှင့် ခမ်းတီးရှမ်း စသည့် အစိုးရဝန်ထမ်းများအနည်းငယ်တို့ နေထိုင်လျက်ရှိကြပြီး အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ ထိုဒေသတွင် နေထိုင် လျက်ရှိသော မြန်မာနိုင်ငံသားများသည် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး သွားလာရလွန်စွာခက်ခဲခြင်း၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများမရှိခြင်း၊ လျှပ်စစ် မီးသုံးစွဲမှု မရရှိနိုင်ခြင်း၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်မားခြင်း၊ လူမှုရေး၊ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အဘက်ဘက်က ယိုယွင်းပျက်စီးနေသောအဆင့်အတန်းဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ဤကဲ့သို့ ဆင်းရဲနွမ်းပါးသောအရပ်ဒေသတွင် သေနတ်သံ(ဝါ)ယမ်းငွေ့များ စဲခဲ့ခြင်းသည် ၂ဝဝဝ ပြည့်နှစ်မှ စတင်ပါသည်။ သို့သော် ၂ဝ၁၉ ခုနှစ် အစမှာတော့ ထိုအခြေအနေမှာ ပြောင်းလဲလာခဲ့ပြီး တစ်ဖန် သေနတ်သံများ ကြားလာရနိုင်ခြေရှိနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ပူပန်လျက်ရှိနေကြသည်။

ယခင်က နာဂဒေသတွင် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K) အဖွဲ့နှင့် တပ်မတော်တို့ ၁၉၈၅ ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ်ဝန်းကျင်အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြခြင်းကြောင့် အလွန်ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရသည်။ ထို့နောက် NSCN- K မှ ခေါင်းဆောင်များနှင့် တပ်မတော်ခေါင်း ဆောင်များကြား ၂ဝဝဝ ပြည့်နှစ်တွင် နားလည် မှုရယူခဲ့ပြီး သေနတ်သံများကို တိတ်ဆိတ်သွား စေခဲ့သည်။ သေနတ်သံများ တိတ်ဆိတ်ခြင်း ကို တရားဝင်ဖြစ်စေရန်အတွက် ၂ဝ၁၂ ခုနှစ် ဧပြီ ၉ ရက်မှာ NSCN- K အဖွဲ့နှင့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ကြား တိုင်းဒေသ ကြီးအဆင့် အပစ်အခတ်ရပ်စဲကြောင်း လက် မှတ်ထိုးခဲ့သည်။

သို့သော် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ တော့ အခြေအနေတစ်မျိုးပြောင်းလဲသွားခဲ့ သည်။ NSCN- K သည် အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော အာသံနှင့်ကသည်း သူပုန်များကို ခိုအောင်းခွင့်ပေးထားကြောင်း တပ်မတော်ဘက်က သတင်းရရှိကာ NSCN- K ၏ ဌာနချုပ် တကားစခန်းကို ၂ဝ၁၉ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှာ ဝင်ရောက်ကာ နယ်မြေ ရှင်းလင်းရေးလုပ်ပြီး ထိန်းချုပ်လိုက်သည်။ အဆိုပါနယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်ကို တပ်မတော်သည် ယနေ့ထိတိုင် ဆောင်ရွက် နေပြီး အာသံနှင့် ကသည်းသူပုန် ၂ဝ ကျော်ကို ဖမ်းဆီးအရေးယူခဲ့သလို NSCN- K မှ ခေါင်း ဆောင်များကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်။ လက်ရှိတွင် ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ NSCN- K မှ ခေါင်းဆောင်ငါးဦးကို မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇/၁ဖြင့် အမှု ဖွင့်အရေးယူကာ ခန္တီးခရိုင်တရားရုံးမှာ အမှု ရင်ဆိုင်စေခိုင်းလျက်ရှိပြီး အာသံနှင့် ကသည်း သူပုန် ၂၄ ဦးကို ၂ဝ၁၉ ခုနှစ် မေ ၁၅ ရက်တွင် ထောင်ဒဏ် နှစ်နှစ်စီ ခန္တီးခရိုင်တရားရုံးမှ အမိန့် ချမှတ်လိုက်ပြီးဖြစ်သည်။

အဆိုပါအဖွဲ့ဝင်များသည် မဏိပူရ်ပြည်သူ့ တပ်(MPA)၊ ညီညွတ်သောအမျိုးသားလွတ် မြောက်ရေးတပ်ဦး (UNLF)၊ Kan Glei Yawol Kanna Lup (KYKL), People’s Liberate Army(PLA), PREPAK ကသည်း သူပုန် People’s Revolutionary Party of Kan Gleipak စသည့်အဖွဲ့များကဖြစ်ကြောင်း သိရသည်။ ထို့နောက်တွင် မြန်မာ့တပ်မတော်နှင့် အိန္ဒိယသူပုန် ဘိုဒိုလန်းအမျိုးသားဒီမိုကရက် တစ်တပ်ဦး(NDFB)တို့ စစ်ကိုင်းတိုင်းဒေသ ကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ် မြို့နယ်အတွင်းက အိန္ဒိယ-မြန်မာနယ်စပ် မိုင် တိုင် ၁၄၉ အနီးတွင် မေ ၁၆- ၁၇ ရက်များက နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ”ကျွန် တော်တို့ အိန္ဒိယသူပုန် NDFB နဲ့ နယ်စပ် မိုင်တိုင် ၁၄၉ အနီးမှာ တိုက်ပွဲဖြစ်တာပါ။ အခု ထိတော့ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေ တုန်းပါပဲ”ဟု ပြောသည်။

ထို့ကြောင့် အနောက်မြောက်ဒေသမှာ ယမ်းငွေ့ဝေလာခြင်းကြောင့် မူလက ဆင်းရဲနွမ်းပါးမှုဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော နာဂ ဒေသသည် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသကဲ့သို့ ဖြစ်လာမည်ကို နာဂဒေသခံများက စိုးရိမ်လာကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ အလုပ်အမှုဆောင် ဦးလောရုံက ”အရင်က စစ်မြေပြင်ဖြစ်ခဲ့ဖူးတော့ အခု သေနတ်သံကြားတော့ ဒေသခံတွေ အထိတ်တလန့် တော့ရှိတယ်”ဟု ပြောသည်။ ကူကီးလူငယ် ကွန်ရက်(KYN)မှ ဥက္ကဋ္ဌ ဦးဆေးဂင်ကတော့ နာဂဒေသတွင် People’s Revolutionary Party of KanGleipak (PREPAK), People’s Liberate Army (PLA), United National Liberation Front(UNLF), United People’s Party of KanGleipak (UPPK), Kan Glei Yawol KannaLup (KYKL), Kanleipak Communtst Party (KCP) စသည့်ကသည်းသူပုန်များ လှုပ်ရှား လျက်ရှိကြောင်း ၂ဝ၁၈ ခုနှစ် သြဂုတ် ၁ဝ ရက် က ရန်ကုန်မြို့ရှိ Orchid Hotel  မှာ သတင်း စာရှင်းလင်းပွဲလုပ်စဉ် ပြောသွားခဲ့ဖူးသည်။

မဇ္ဈိမသတင်းဌာနက တမူးတံတားဖောက် ခွဲမှု ကသည်းအဖွဲ့ UNLF တုံ့ပြန်ဆိုသော ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ဖော်ပြရာမှာတော့ မြန်မာပိုင်နက်အတွင်း PLA, ULFA, UPLF, PREPA K, KCP, KYKL, RPF, UNLF, MNRF, KLO of Assam စသည့်လက်နက် ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း လှုပ်ရှားလျက် ရှိကြောင်း အိန္ဒိယသတင်းစာများ၏ ဖော်ပြမှု များကို ကိုးကား၍ ဖော်ပြခဲ့ဖူးသည်။

NSCN-K သည် အာသံပြည်လွတ်မြောက် ရေးတပ်ဦး(ULFA)၊ ဘိုဒိုလန်းအမျိုးသားဒီမို ကရက်တစ်တပ်ဦး (NDFB), KanGlei Liberation Army(KLA),  People’s Democratic Council of Karbi LonGri(PDCK), Kan Glei Yawol Kanna Lup(KYKL), People’s Liberation Army(PLA) တို့အပါအဝင် လက်နက်ကိုင်ကိုးဖွဲ့ စုစည်း၍ United National Liberation Front of Western South East Asia(UNLFWSEA) ဆိုသော မဟာ မိတ်အဖွဲ့ကို ဖွဲ့စည်းကာ အိန္ဒိယအစိုးရကို တိုက်ခိုက်လျက်ရှိကြောင်း အိန္ဒိယအစိုးရဘက် က ယုံကြည်ထားသည်။ လုံခြုံရေးအေဂျင်စီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အရေး လေ့လာသူတချို့၏ ပြောဆိုမှုများအရ နာဂ ဒေသတွင် အာသံနှင့်ကသည်း သူပုန်အင်အား ၂ဝဝဝ ဝန်းကျင်လောက် လှုပ်ရှားလျက်ရှိနေ နိုင်ကြောင်း ဆိုကြသည်။

မြန်မာအစိုးရနှင့် မြန်မာတပ်မတော်မှ တာဝန်ရှိသူများကတော့ မြန်မာနိုင်ငံပိုင်နက် နာဂဒေသတွင် မည်သည့်အိန္ဒိယသူပုန်အဖွဲ့အစည်းများ အခြေစိုက်လှုပ်ရှားလျက်ရှိကြောင်း ကို တရားဝင်စာရင်းဖြင့် ထုတ်ပြန်ခြင်းမရှိ သကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းလည်း မရှိပေ။ အိန္ဒိယအစိုးရသည် NSCN-K အပါအဝင် MPA, UNLF, KYKL, PLA, PREPAK, NDFB တို့ကို မတရားအသင်း ကြေညာထား ပြီး ထိုအဖွဲ့များကို မြန်မာပိုင်နက်အတွင်းမှာ အခြေစိုက်ခွင့်မပေးရန် အပါအဝင် တိုက်ခိုက်၍ ဖယ်ရှားပေးရန်နှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးလုပ်ရန် အမြဲတမ်းတောင်း ဆိုလျက်ရှိသည်။ မြန်မာအစိုးရနှင့် မြန်မာ့တပ် မတော်ဘက်ကမူ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း အိမ်နီးချင်းနိုင်ငံမှ သောင်းကျန်းသူအဖွဲ့များကို အခြေစိုက်ခွင့်မပြုနိုင်ကြောင်းနှင့် နယ်စပ်ဖြတ် ကျော်၍ တိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခွင့် ပြုမည်မဟုတ်ကြောင်း တပ်မတော်သတင်းစာ ရှင်းလင်းပွဲမှာ အတိအလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်သည် ၂ဝ၁၈ ခုနှစ်အကုန်အထိ အိန္ဒိယသူပုန်များကို တိုက် ခိုက်မှုမပြုခဲ့ဘဲ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလထဲ ကျမှသာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ ပြုလုပ်ကာ တိုက်ခိုက်မှုများပြုလုပ်လာခဲ့သည်။ ထိုတိုက်ခိုက်မှုများပြုလုပ်မှုသည် တစ်ဖက်မှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝ ဒေသတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)နှင့် တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်လာသည့်အခြေအနေဖြင့် တိုက်ဆိုင်နေခြင်းကြောင့် စဉ်းစားစရာများဖြစ်လာသည်ဟု လက်နက် ကိုင်အရေးလေ့လာသူတချို့က ဆိုကြသည်။

အိန္ဒိယအစိုးရ၏ အစဉ်တစိုက်တောင်းဆိုမှုများကြောင့်လော သို့မဟုတ် AA ကို ရခိုင် ပြည်နယ်တွင် အခြေစိုက်ခွင့်မပြုနိုင်သည့်အတွက် ဟန့်တားသော တပ်မတော်၏ စစ်ဆင် ရေးများကို အိန္ဒိယအစိုးရက ပူးပေါင်းဆောင်ရွက်ပေးလာရန်အတွက်လော။ နာဂဒေသရှိ အိန္ဒိယအစိုးရ မကြိုက်သော သူပုန်များနှင့် NSCN-K ကိုပါ တပ်မတော်ဘက်က အရေးယူမှုများပြုလုပ်လာခဲ့သည်။ အိန္ဒိယအစိုးရကလည်း မြန်မာ့တပ်မတော်၏ လုပ်ဆောင်မှု ကြောင့် AA အဖွဲ့ အိန္ဒိယနယ်စပ်၌ အခြေမစိုက်နိုင်ရန်အတွက် နယ်စပ်လုံခြုံရေးကို တိုး မြှင့်ကာဆောင်ရွက်ပေးလာခဲ့သည်။ လက်နက် ကိုင်အရေးလေ့လာသူများကတော့ အိန္ဒိယအစိုးရအနေဖြင့် AA ကို အကာအကွယ်ပေးမည် စိုးရိမ်သည့်အတွက် တပ်မတော်က အိန္ဒိယအစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ကာ အိန္ဒိယအစိုးရမကြိုက်သည့်အဖွဲ့များကို မောင်းထုတ် ခြင်းနှင့် အရေးယူမှုများ ပြုလုပ်ပေးခြင်းဖြစ် နိုင်သည်ဟုမှတ်ချက်ပြုကြသည်။

RelatedPosts

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019

သို့မှသာလျှင် AA ၏ ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်နိုင်ရေး ကြိုးပမ်းမှုကို ဟန့်တားနိုင်မည်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေသောစီမံကိန်းများကိုလည်း အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရ ပူးပေါင်း၍ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်မူ ၂ဝဝဝ ပြည့်နှစ်ကစတင်၍ ယမ်း ငွေ့များ ချုပ်ငြိမ်းသွားခဲ့သည့် နာဂဒေသတွင် တပ်မတော်၏ နယ်မြေရှင်းလင်းရေးဆောင် ရွက်မှုများကနေတစ်ဆင့် အိန္ဒိယသူပုန်များ ဖြင့် ထိတွေ့ကာ တိုက်ပွဲဖြစ်ပွားမှု တစ်ကျော့ပြန် ပေါ်ပေါက်လာမည်ကို ဒေသများကြား စိုးရိမ်ထိတ်လန့်နေကြသည်။ ထို့ကြောင့် တပ်မတော် အနေဖြင့် မူလကတည်းက လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျနေသော နာဂဒေသတွင် ယမ်းငွေ့ တစ် ကျော့ပြန်မပေါ်ပေါက်လာစေရန်အတွက် အိန္ဒိယသူပုန်အရေးကို ဖြေရှင်းသင့်ပါသည်။ သို့မဟုတ် ပါက တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ဒေသခံများ ရင်ဆိုင်ကြုံ တွေ့နေရသောအခက်အခဲများထက် နာဂ ဒေသခံများသည် အဆပေါင်းများစွာ ပိုမိုအခက် အခဲအကျပ်အတည်းဖြင့် ရင်ဆိုင်သွားလာရ နိုင်ခြေရှိသည်။ ထို့ကြောင့် အနောက်မြောက်ဒေသရှိ ပြည်သူများက ယမ်းငွေ့ကို ကြောက်ရွံ့နေကြသလို သက်ဆိုင်ရာအဖွဲ့အစည်းများကိုလည်း ယမ်းငွေ့အစား ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုး ရေးကို ယူဆောင်လာပေးကြရန် စောင့်မျှော်လျက်ရှိနေကြပါသည်။ 

 

Previous Post

မြို့တော် စည်ပင်အကြောင်း တစေ့တစောင်း

Next Post

သီရိလင်္ကာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိသူဆိုသည့် နိုင်ငံခြားသားတစ်ဦး မြန်မာ?

M Bwe

Related Posts

Political

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019
Political

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019
Political

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019
Political

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019
Political

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲချက်ငါးချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးမည်

August 28, 2019
Political

ကွတ်ခိုင်-မူဆယ်ကားလမ်းပေါ် ယာဉ်များပစ်ခတ်ခံရ၊ တွဲကားဘီးများပျက်စီးကာ ကန့်လန့်ခံနေသဖြင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်

August 28, 2019
Next Post

သီရိလင်္ကာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိသူဆိုသည့် နိုင်ငံခြားသားတစ်ဦး မြန်မာ?

Discussion about this post

Connect with us

ADVERTISEMENT

Recommended

ရေနံတွင်း ပိတ်ဆို့ခြံခတ်မှုအား လစ်ဗျားအစိုးရပိုင် ရေနံကုမ္ပဏီက ပြစ်တင်ကန့်ကွက်

12 months ago

ချန်ပီယံလိဂ် မကစားရခြင်းကြောင့် ဟာဇက်ကို ချဲလ်ဆီးအသင်း ဆုံးရှုံးရနိုင်

2 years ago

မလေးရှားတွင် လမ်းလျှောက်ခါစကလေးတစ်ဦး ဓားပေါ်မှောက်လျက်လဲကျ၊ ဗိုက်ပေါက်သေဆုံး

10 months ago

ယာယီ ပိတ်ခိုင်းထားသည့် Wisdom Hill မူကြိုကျောင်းကို ဖွင့်လှစ်ခွင့်ပေးတော့မည် မဟုတ်

5 months ago
Yangon Media Group

စမ်းချောင်းမြို့နယ် မြေနီကုန်းတွင် နှစ်ထပ်တိုက် အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွား၊ ကျပ်

2 years ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • Airbus A220-300 ခရီးသည်တင်လေယာဉ်ကို ရန်ကုန်မြို့တွင် ပျံသန်းမိတ်ဆက်

    822 shares
    Share 822 Tweet 0
  • မြင့်မြတ်၊ နေနော်၊ ဝတ်မှုန်ရွှေရည်၊ ခင်လှိုင်တို့ ပါဝင် သရုပ်ဆောင်ထားသည့် ”ကောလိပ်ဂျပိုး”ရုပ?

    0 shares
    Share 0 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    0 shares
    Share 0 Tweet 0
  • နယ်စပ်သွားကားလမ်းပေါ်၌ တစ်ရက်တည်း တရားမဝင်သစ်တင်မော်တော်ယာဉ်လေးစီး တွေ့ရှိဖမ်းဆီး

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.