အစ္စလာမ္မာဘတ်၊ မေ ၂၃
ကမ္ဘာ့အပြင်ဘက် အာကာသနယ်ထဲတွင် ပထမဆုံးလက်နက်တပ်ဆင်ခြင်း မပြုလုပ်ရဟုဆိုသည့် ပူးတွဲထုတ်ပြန်ချက်ကို ပါကစ္စတန်နှင့် ရုရှားတို့လက်မှတ်ရေး ထိုးလိုက်ကြောင်း ပါကစ္စတန် နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ဆင်ဟွာသတင်းက မေ ၂၃ ရက်တွင် ဖော်ပြလိုက်သည်။ ပူးတွဲထုတ်ပြန်ချက်အား လက် မှတ်ရေးထိုးရာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကာ ရှီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်တို့က ကာဂျစ်စတန် နိုင်ငံမြို့တော်ဘိရှကက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းင်းတို့ သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေး အသင်း (ှဃဥ) နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီအစည်းအဝေး တွင် အလွတ်သဘော လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ပါကစ္စတန်နှင့် ရုရှားတို့သည် အာကာသ၌လက်နက်ပြိုင်ဆိုင်မှုကို တားမြစ်ရန်တူညီသော ရပ်တည်ချက်ရှိနေကြကြောင်း၊ နိုင်ငံတကာကိစ္စရပ်များတွင် ပူးပေါင်း လုပ်ဆောင်သွားကာ ဤရည်မှန်းချက်အောင်မြင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက် ကဖော်ပြခဲ့သည်။
ဤပြင်ပကမ္ဘာ၌ ပထမဆုံး လက်နက်မတပ်ဆင်ရဆိုသည့် အဆိုကို နှစ်နိုင်ငံအကြားတူညီသော အမြင်များဖြစ်ပေါ်ခဲ့၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ခြားရေးဝန်ကြီးကပြောကြားလိုက် သည်။ ရုရှားနှင့်ပါကစ္စတန်တို့က လဟာပြင်၌ လက်နက်မတပ်ဆင်ရ ဟူသည့်သဘောထားကို အာကာသကိုအသုံးပြုနေကြသည့် အခြားနိုင်ငံတွေကလည်း လိုက်ပါလုပ် ဆောင်စေလေိုကြောင်း ပြောကြား ခဲ့သည်။ ရေရှည်တွင် ငြိမ်းချမ်းသော အာကာသတွင် လက်နက်တပ်ဆင်လာပါက ကမ္ဘာကြီးကို ခြိမ်းခြောက်လာလိမ့်မည်ဟု ပါကစ္စတန်က ပြောကြားခဲ့သည်။
Ref ; Xinhua
#democracytoday
Discussion about this post