ရန်ကုန်၊ ဇန်နဝါရီ ၁၈
လူနည်းစုအုပ်စုတွင်ပါဝင်သော မသန်စွမ်းများ မဲပေးနိုင်ရန်နိုင်ငံတော်မှ ဆောင်ရွက်ပေးနေပြီဖြစ်သော်လည်း အရည်အချင်းရှိသော မသန်စွမ်းကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရရှိရန် ပါတီများမှ ရွေးချယ်ဖို့လိုအပ်နေ သေးကြောင်း ”မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လူနည်းစုများ၏ အခွင့်အရေးမြှင့်တင်ခြင်းဆိုင်ရာ ကဏ္ဍပေါင်းစုံမှ ပါဝင်ပတ်သက်သူများ၏ဆွေးနွေးပွဲ”မှသိရသည်။
အဆိုပါဆွေးနွေးပွဲကို နိုင်ငံ ရေးနှင့် ပြည်သူ့ရေးရာနယ်ပယ်တွင် မသန်စွမ်းသူများဖယ်ကြဉ်ခံ ပြည်သူများ ပိုမိုပါဝင်ခွင့်ရရှိလာရန်ရည်ရွယ်၍ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲဖွင့်ပွဲကိုတက်လာ သောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက”မသန်စွမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လက်ရှိမှာ မဲပေး နိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ လုပ်တယ်။ သူတို့မသန်စွမ်းအဖွဲ့တွေကလိုအပ်ချက်တွေ၊ အားနည်းချက် တွေကို ဆရာတို့အဖွဲ့ကိုတင်မယ်။ဆရာတို့ဘက်ကလည်း တတ်နိုင်တဲ့အတိုင်းအတာနဲ့တကွ ဆောင်ရွက်ပေးမယ်။ လိုအပ်ရင် နိုင်ငံတကာ အကူအညီပေးရင် ပိုပြီးတော့ ဆောင်ရွက်ပေးမယ်။ မဲရုံလာမယ်။ လူဦးရေနဲ့ ကိုက်ညီတဲ့ ဝှီးချဲလေး တွေရှိဖို့လိုတယ်။ ဒါမှ မဲရုံထဲဝင်လို့ရတယ်။ မဲရုံကသာမန်လူတွေလို အတားအဆီးတွေမရှိဘူး။ အကူအညီတွေရလာမယ်။ ဆရာတို့တတ် နိုင်သလောက်လုပ်ပေးမယ်ဆိုရင် တဖြည်းဖြည်းတိုးတက်လာမယ်”ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ဆွေးနွေးပွဲတွင် လူနည်းစု အုပ်စုများ၏ အခွင့်အရေးများကို ဆွေးနွေးသွားမည်ဖြစ်ပြီး မသန် စွမ်းများရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်လိုအပ်ချက်များ ရှိ နေသေးကြောင်းသိရသည်။ ”လူနည်းစုအုပ်စုမှာပါတဲ့ မသန်စွမ်းသူတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေ LGBT တွေ၊ တိုင်းရင်းသားတွေ အခွင့်အရေးတွေနဲ့ ပတ်သက်တာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဆရာတို့မသန်စွမ်းတွေက မဲပေးနိုင်ဖို့လိုအပ်သလို နိုင်ငံရေးပါတီတွေမှာ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အခါ အရည်အချင်းရှိတဲ့မသန်စွမ်းကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့လည်း လိုအပ်နေပါသေးတယ်”ဟု မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ အမှု ဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။
မသန်စွမ်းသူများအပါအဝင် လူနည်းစုအုပ်စုများကို နိုင်ငံရေး ဖြစ်စဉ်၊ လူမှုရေးဖြစ်စဉ်များတွင် မချန်ထားသင့်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ ”ခေတ်ကပြောင်းလဲလာတဲ့အမျှ နိုင်ငံရေးဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ လူမှု ရေးဖြစ်စဉ်မှာပဲဖြစ်ဖြစ် သန်စွမ်းသူလည်းရှိမယ်။ မသန်စွမ်းသူလည်းရှိမယ်။ နိုင်ငံရဲ့နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ တာဝန်ရှိသူတွေအနေနဲ့ နောက်ပိုင်းကို ဘာပဲလုပ်လုပ် ရှေ့ပိုင်းမှာကကိစ္စ တွေ ပြီးခဲ့ပြီးပြီ။ နောက်ပိုင်းက ကိစ္စ တွေမှာ အသစ်တစ်ဖန်ပြန်လည်လုပ်ဆောင်ရာမှာ ဒါလေးတွေကို ထည့်သွင်းစဉ်းစားပြီး လုပ်ပေးစေချင်တယ်လို့ အကြံပြုပြောလိုပါတယ်”ဟု ပြောသည်။
TTHL
#democracytoday
Discussion about this post