ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ဦးကိုနီအမှုရုံးထုတ်စဉ် ”မင်းတို့ ထမင်းဝအောင်စားထား”စာတန်းပါ တီရှပ်များဝတ်ဆင်ကာလာသူလေးဦးက သေနတ်သမား ကြည်လင်းပါ လေးဦးကို အဆိုပါစာတန်းပါတီရှပ်များ လာရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကြည်လင်းပါလေးဦးကို ဖေဖော်ဝါရီ ၂ ရက်တွင် (၄၂)ကြိမ်မြောက်ရုံးချိန်းအဖြစ် မြောက်ပိုင်း ခရိုင်တရားရုံး၌ရုံးထုတ်စဉ် အဆိုပါလူလေးဦး လာရောက်ခဲ့ ပြီးနောက်ကျောတွင် ”မင်းတို့ထ မင်းဝအောင်စားထား”စာတန်းရေးထားသောအင်္ကျီအား ကြည်လင်းအပါအဝင် စွပ်စွဲခံလေးဦးကိုပေးအပ်ခဲ့သည်။
လာရောက်သူများအနက် နှစ်ဦးမှာ ၂ဝ၁၇ ခုနှစ် မေ ၁၁ ရက် မင်္ဂလာတောင်ညွန့် အဓိကရုဏ်း ဖြစ်စဉ်ကြောင့် ထောင်ခြောက်လကျပြီး ပြန်လွတ်လာသူ အကြီးကောင် (ခ)တင်ဌေးအောင်နှင့် မြတ်ဘုန်း မိုရ်တို့ပါဝင်ကြောင်းသိရသည်။ ယင်းသို့လာရောက် ပြုမူမှုမှာ တရားရုံးနှင့် တရားဥပဒေစိုး မိုးရေးကို ခြိမ်းခြောက်ရာရောက် ကြောင်း တရားလိုရှေ့နေ ဦးခင် မောင်ဌေးက ပြောသည်။ ”သာမန်အားဖြင့်ကြည့်ရင် တော့ ဒါကတီရှပ်ဝတ်နေတာပဲ။ သို့သော် လွန်ခဲ့တဲ့နှစ်ပတ်က မီဒီယာတွေနဲ့ တရားလိုရှေ့နေ တွေကို ထမင်းဝအောင်စားထား ဆိုတဲ့ စကားနဲ့ခြိမ်းခြောက်ခံရတယ်လို့ ကိုရောဘတ်စန်းအောင်ရဲ့ အဆိုရှိတယ်။ သူတို့ကိုမေး တော့လည်း သူတို့အဲဒီလိုမပြောဘူးဆိုတော့ ဒီလိုကိစ္စအငြင်းပွား နေတဲ့အချိန်မှာ ဒီလိုတွေဝတ်လာတာဟာ တရားရုံးကိုမလုပ်ရဲ မကိုင်ရဲဖြစ်အောင် ပြောနေတာလား။ သတင်းထောက်တွေကိုပြောတာလားဆိုတဲ့နှစ်ခွ အဓိပ္ပာယ်ထွက်တဲ့စကားကို ပြောတာက သူတို့က မှန်ကန်တည်ငြိမ်စွာ သွားနေတဲ့ တရားစီရင်ရေးကို နှောင့်ယှက်ရာ ရောက်တယ်”ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၂၆ ရက် (၄၂)ကြိမ်မြောက် ရုံးချိန်းတွင် စွပ်စွဲခံ လေးဦးထဲမှတစ်ဦးက မီဒီယာနှင့် တရားလိုရှေ့နေတို့ကို ထမင်းဝအောင်စားထားဟု ပြောဆိုခဲ့ ကြောင်း တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားထားသည်။ စွပ်စွဲခံလေးဦးကမူ ၎င်းတို့ အနေနှင့် ထိုသို့ပြောဆိုခဲ့ခြင်း မရှိကြောင်း တရားခွင်၌ ပြောဆိုခဲ့သည်ဟု တရားလိုရှေ့နေများ၏ ပြောကြားချက်အရသိရသည်။ ”ထမင်းဝအောင်စားထားဆိုတာ သူတို့ထဲက ထွက်လာတာပဲ။ ဒါပေမဲ့ အခုဟုတ်၊ မဟုတ်ဆိုတာ ဒီနေ့အဖြစ်အပျက်ကို ကြည့်ရင်သိနိုင်ပါတယ်”ဟု တရားလိုရှေ့နေ ဦးရောဘတ် စန်းအောင်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ ယင်းသို့သောစာတန်းပါ အင်္ကျီများဖြင့် လူအများအပြား လာရောက်ပါက တရားရုံး၊ တရားခွင်အပြင် လူမှုအဖွဲ့အစည်းအတွက်ပါ အန္တရာယ်ရှိနိုင် ကြောင်း ဦးခင်မောင်ဌေးက ဆက်လက်ပြောသည်။ သေနတ်သမားကြည်လင်းကို ပုဒ်မ- ၃ဝ၂(၂)သာမန် လူသတ်မှုဖြင့် တရားစွဲဆိုထားပြီး လာမည့်ဖေဖော်ဝါရီ ၉ ရက် အမိန့်ချသည့်အခါမှ မည်သည့် ပုဒ်မဖြင့်စွဲချက်တင်မည်ကို သိရှိမည်ဖြစ်သည်။
HWA
#democracytoday
Discussion about this post