• About Us
  • Advertise
  • Careers
  • Contact Us
Thursday, December 12, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ပင်လုံစာချုပ်သည် စက္ကူပေါ်မှာ ရေးထိုးထားသည့် စာချုပ်မဟုတ်၊ နိုင်ငံသားအားလုံး၏ သွေးစည်းညီညွ?

by M Bwe
June 12, 2019
in Political
1 min read
0
0
SHARES
9
VIEWS
Share on FacebookShare on Twitter

RelatedPosts

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

”ပင်လုံစာချုပ်သည် စက္ကူပေါ်မှာရေးထိုးထားသည့် စာချုပ်မဟုတ်ကြောင်း မြန်မာနိုင်ငံသားအားလုံး၏ သွေးစည်းညီညွတ်မှုကို ယုံကြည်ပါတယ်ဆိုပြီး နှလုံးသားပေါ်မှာထိုးထားတဲ့ ကတိကဝတ်ဖြစ်ကြောင်း” နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုညွှန်းခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ကြေညာချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ”ပင်လုံစာချုပ်ဟာ စက္ကူပေါ်မှာရေးထိုးထားတဲ့ စာချုပ်မျှသာမဟုတ်ပါဘူး။ ပြည်ထောင်စုကို လိုလားယုံ ကြည်ပါတယ်ဆိုပြီး နှလုံးသားပေါ်မှာ ထိုးထားတဲ့ ကတိကဝတ်ဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ”တစ်ခါတလေကျွန်မတို့ရဲ့ မူဝါဒတွေ၊ ကျွန်မတို့ရဲ့ အနေအထားတွေ ကျွန်မတို့ရဲ့ရပ်တည်ချက်တွေ နဲ့ပတ်သက်ပြီး အားလုံးက သဘောတူချင်မှတူမှာပါ။ ဒီလိုသဘောတူညီမှုမရှိ တာကလည်း သဘာဝကျပါတယ်။ ဒီလိုပဲဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုသဘောတူညီမှုတွေ မရှိတာ ကြောင့် ကျွန်မတို့တွေ ညီညွတ်မှုမရှာနိုင်ဘူးဆိုတာလည်း မဟုတ်ပါဘူး။ ဒီလိုမတူကွဲပြားမှုတွေကိုလက်ခံပြီးတော့ မတူကွဲပြားမှုတွေကို အင်အားတစ်ခုလိုဖြစ်အောင် ကျွန်မတို့လက်တွဲသွားမယ်ဆိုရင် ပိုပြီးတော့ခိုင်မာတဲ့ ပြည်ထောင်စု၊ ပိုပြီးတော့ကျယ်ဝန်းတဲ့ ပြည်ထောင်စု၊ ပိုပြီးတော့ အများကိုနေရာပေးနိုင်တဲ့ ပြည်ထောင်စုမျိုးဖြစ်သွားမယ်လို့ ကျွန်မမျှော်လင့်ပါတယ်”ဟု ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှု ဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မိန့်ခွန်းပြောကြားခဲ့ပြီး အဖွဲ့ချုပ်၏ အချက်လေးချက်ပါသော ထုတ်ပြန် ကြေညာချက်ကို ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး ဦးအောင်ရှင်မှ ဖတ်ကြားခဲ့သည်။ ထို့အပြင် ပြည်ထောင်စုနေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို သတိပြုကြရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ ”တစ်တိုင်းပြည်လုံး ကြီးပွား စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်း အားနဲ့ စုပေါင်းပြီး အားနဲ့အင်နဲ့ လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိမယ်။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြားအကွဲ ကွဲအပြားပြား လုပ်နေကြရင်အကျိုး ရှိမှာအဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်”ဟူသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မရိုးနိုင် သော ကောက်ချက်စကားကိုအလေး အနက်ပြုကြရမည်ဖြစ်ကြောင်း အဖွဲ့ ချုပ်၏ထုတ်ပြန်ချက်ကို ဦးအောင်ရှင်က ဖတ်ကြားခဲ့သည်။

ယင်းအပြင် ကျွန်ုပ်တို့သည် (၂ဝ) ရာစုပင်လုံ၏ မပြီးပြတ်ခဲ့သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး အစဉ်အလာ ကောင်းများကို ယနေ့ ၂ဝ၁၈ ခုနှစ်(၂၁)ရာစု တတိယအကြိမ်ပင်လုံ ညီလာခံကြီးက လက်ဆင့်ကမ်းလျက် အဖြေကောင်းနှင့် အစဉ်အလာ ကောင်းများရရှိအောင် ကြိုးပမ်းအား ထုတ်လျက်ရှိပါသည် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားကို ဖေ ဖော်ဝါရီ ၁၂ ရက်က ဗဟန်းမြို့ နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ပြု လုပ်ခဲ့ရာ နာယကကြီးဦးတင်ဦး နှင့်ဇနီး၊ ဦးဥာဏ်ဝင်းနှင့် ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များတက် ရောက်ခဲ့ပြီး သံရုံးများမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

WND

#democracytoday

Previous Post

လက်ရှိတွင် ငြိမ်းချမ်းရေး ရရှိရန် အပတ်တကုတ် အားထုတ်နေဆဲ ကာလဖြစ်သည့်အတွက် တိုင်းရင်းသား လူ??

Next Post

တက္ကစီ ယာဉ်ပေါ်တွင် မေ့ကျန်ခဲ့သည့် ငွေကျပ်သိန်း ၃ဝ နှင့် လက်ဝတ်ရတနာများကို တက္ကစီယာဉ်မောင်းက

M Bwe

Related Posts

Political

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019
Political

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019
Political

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019
Political

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019
Political

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲချက်ငါးချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးမည်

August 28, 2019
Political

ကွတ်ခိုင်-မူဆယ်ကားလမ်းပေါ် ယာဉ်များပစ်ခတ်ခံရ၊ တွဲကားဘီးများပျက်စီးကာ ကန့်လန့်ခံနေသဖြင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်

August 28, 2019
Next Post

တက္ကစီ ယာဉ်ပေါ်တွင် မေ့ကျန်ခဲ့သည့် ငွေကျပ်သိန်း ၃ဝ နှင့် လက်ဝတ်ရတနာများကို တက္ကစီယာဉ်မောင်းက

Discussion about this post

Connect with us

ADVERTISEMENT

Recommended

Yangon Media Group

ဘိုကလေးတွင် လေးလောင်းပြိုင် လူသတ်မှုဖြစ်

2 years ago

ထောင်ဆူပူမှုအပေါ် တစညပြောခွင့်ရ၏စွပ်စွဲချက် အကျဉ်းဦးစီးတုံ့ပြန်ရန်မရှိဟုဆို

6 months ago

ရခိုင်မျိုးချစ်ပါတီ၏ ပူးပေါင်းရန် ကမ်းလှမ်းချက်ကို ဇန်နဝါရီလတွင် အဖြေပေး ထုတ်ပြန်မည်ဟု ရ?

2 years ago

ကစားသမားဘဝ အကြိမ် (၅ဝ)မြောက် ဟက်ထရစ် စံချိန်ကို မက်ဆီရယူ၊ ပွဲစဉ်ဇယားကို အပြစ်မဖို့သင့်ဟု ဆိ?

10 months ago

ပြည်တွင်း လိင်လုပ်ငန်းနှင့် ရေလုပ်တို့ငန်းတွင် လူကုန်ကူးခံရမှုမြင့်တက်

2 years ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • အမေရိကန် ဆန်ဖရန်စစ္စကိုတွင် အိုးမဲ့အိမ်မဲ့များ ကားပေါ်၌ အနေများကြ

    0 shares
    Share 0 Tweet 0
  • ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ) များ အဖွဲ့ချုပ်က ကျောင်းအတွင်း လုံခြုံရေး၊ သန့်ရှင

    0 shares
    Share 0 Tweet 0
  • နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် Reform စပြီလား

    0 shares
    Share 0 Tweet 0
  • မြဝတီမြို့သို့ ခရီးသွားများ လာရောက်မှု များပြားနေသောကြောင့် ဧည့်ရိပ်သာတစ်ခု တည်ဆောက်မည်

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.