မော်လမြိုင်၊ ဧပြီ ၃
မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ်အ မှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် အား ပေါင်မြို့နယ် မုတ္တမကျေးရွာ အုပ်စုမှ ဒေသခံပြည်သူ ၁ဝဝ ခန့် က ဧပြီ ၃ ရက် နံနက် ၁၁ နာရီမှ စတင်၍ အလိုမရှိကြောင်း မော် လမြိုင်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
”ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းမင်းအောင်ကို မကျေနပ်လို့ပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ လယ်မဲ့ယာမဲ့ တွေက သူ့ဆီကိုအကြိမ်ကြိမ်အကူ အညီတောင်းတယ်။ စာနဲ့လည်း ခုနစ်ကြိမ်လောက် ပေးပို့ခဲ့ပါတယ်။ သူနဲ့တွေ့တော့ ၁၅ မိနစ်လောက် စောင့်ပါဆိုပြီး ပြောပြီးတော့ ည နေ ၅ နာရီအထိ မတွေ့ခဲ့ရဘူး။ သူတစ်ခါမှ ကွင်းဆင်းဆောင်ရွက် ခြင်းမရှိဘဲ၊ အကူအညီပေးခြင်း လည်းမရှိဘဲ ကူညီဆောင်ရွက်ပေး နေသူတွေကို အမျိုးမျိုးနှောင့်ယှက် နေတဲ့အတွက် မကျေနပ်လို့ဆန္ဒ ထုတ်ဖော်တာပါ။ ကိစ္စကတော့ မုတ္တမကျေးရွာအုပ်စုမှ မြေနုကျွန်း ကိစ္စ၊ ကိုတေးကျွန်း (ကွင်းအမှတ် ၉၁ဝ) ပါ။ ကျွန်တော်တို့အခေါ်က တော့ အောင်မင်္ဂလာကျွန်းပါ” ဟု ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးခင် မောင်ထွေးက ပြောကြားသည်။
အဆိုပါဆန္ဒထုတ်ဖော်သူများသည် မုတ္တမကျေးရွာမှ မော်လမြိုင် မြို့ ဘိုကုန်းရပ် သံလွင်ဥယျာဉ်ရှေ့၌ စုရုံးကြပြီး သံလွင်ဥယျာဉ်ရှေ့မှ အထက်လမ်းအတိုင်း၊ ယင်းမှတစ် ဆင့် ထားဝယ်တံရမ်းလမ်းအရောက်တွင် အောက်ဘက်သို့ ချိုးကွေ့ကာ ကမ်းနားလမ်းအတိုင်းဆက်လက် ချီတက်၍ြေ<ွကးကြော်သံများကို ကြွေးကြော်ကာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြသည်။ ‘ဆန္ဒပြတာကတော့ သူတို့ အခွင့်အရေးပဲ။ ပြလို့ရပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောသည်။
အဆိုပါ ပေါင်မြို့နယ် မုတ္တ မကျေးရွာအုပ်စုကွင်းအမှတ် (၉၁ဝ) ကို တေးကျွန်းကွင်းရှိ မြေ နုကျွန်းခွဲဝေမှုနှင့်ပတ်သက်၍ မွန် ပြည်နယ်လွှတ်တော် နဝမအကြိမ် ပုံမှန်အစည်းအဝေး ပထမနေ့ (မတ် ၂၂ ရက်) တွင် ပေါင်မြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မေးခွန်းအဖြစ်မေးမြန်းခဲ့ရာ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က ပြည်လည်စိစစ်ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
AHO
#democracytoday
Discussion about this post