ရန်ကုန်၊ မြန်မာနိုင်ငံမှ လူနည်းစုဘင်္ဂါလီများအား စစ်ဆေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ကိုယ်စားလှယ်အဖွဲ့အား လက်ခံသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကိုယ်စားလှယ် များသည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ဂျပန် NHK သတင်းဌာနက ဧပြီ ၄ ရက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည့် ဘင်္ဂါလီဒုက္ခသည်ဦးရေ ၆၇ဝဝဝဝ ခန့်ရှိသည်ဟု ကုလသမဂ္ဂအဖွဲ့၏ ခန့်မှန်းခြေစာရင်းများအရသိရသည်။ ယခုအချိန်တွင် များစွာသော ဘင်္ဂါလီဒုက္ခသည်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် စိတ်ဝေဒနာခံစားခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်သွား ရောက်ရန်တွန့်ဆုတ်နေသည်။ ယင်းအတွက် ပိုမိုလုံခြုံစိတ်ချရသည့် အကာအကွယ်များနှင့် ယင်းတို့အတွက် လူ့အခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် အကာအကွယ်ပေးရန်လိုအပ်နေကြောင်းလည်း ဖော်ပြထားသည်။
မြန်မာအစိုးရအနေဖြင့်လည်း ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်လက်ခံရန် ကြိုတင် စီစဉ်ထားရှိပြီးဖြစ်သည်။ ယခင်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်နှင့် အခြားအဖွဲ့များ လာရောက်ခွင့်ကို ငြင်းပယ်ထားသကဲ့သို့ လူ့အခွင့် အရေးချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်များကိုလည်း တရားဝင် ငြင်းဆန်ထားရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများမှ ဘင်္ဂါလီများသည် မကြာမီ ရောက်ရှိလာမည့် မိုးရာသီကာလတွင် ရေကြီးနစ်မြုပ်မှုနှင့် ကူးစက်ရောဂါ ဖြစ်ပေါ်လာ မည်ကို စိုးရိမ်လျက်ရှိသည်။ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ လာရောက် စစ်ဆေးမည့်သတင်းနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်မှ သက်ဆိုင်ရာပုဂ္ဂိုလ်များအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသူ ဦးသိန်းဝင်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ”ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကိုယ်စားလှယ်အဖွဲ့တွေ လာမယ်ဆိုတာ ဂျပန်ြုံ သတင်းဌာန သတင်းထုတ်ပြန်ထားတာ တွေ့ရတယ်။ ဟုတ် မဟုတ်တော့ မသိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ကို စစ်ဆေးခွင့်ပြုတာ ကောင်းတယ်။ သူတို့လာတဲ့အခါ အမှန်တရားကို ရှင်းလင်းပြောကြား ပြသဖို့ လိုသလို အရှိတရားကို လက်တွေ့ကျကျ ပြသဖို့လိုတယ်။ ဒါဆိုရင် ဘင်္ဂါလီကိစ္စ နဲ့ပတ်သက်လို့ နိုင်ငံတကာဖိအားတွေ လျော့သွားနိုင်တယ်။ မမှန်ကန်တဲ့ သတင်းတု၊ သတင်း မှားတွေကို အလိုအလျောက် တုံ့ပြန်ပြီးသားဖြစ်သွားမယ်။ နိုင်ငံရေးအမြင်နဲ့ ပြောရရင် ဘင်္ဂါလီပြဿနာကို မမှန်ကန်တဲ့နည်းလမ်းပေါင်းစုံနဲ့ ဖန်တီးနေတဲ့ အကြမ်းဖက်အဖွဲ့တွေ ရဲ့ စရိုက်လက္ခဏာနဲ့ ဘာသာရေးအစွန်းရောက်မှုကို သိသွားအောင် အသုံးချဖို့ အခွင့်အရေး တစ်ရပ်လို့ပဲ ထင်တယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ က ကိုယ်စားလှယ်အဖွဲ့ကို စစ်ဆေးခွင့်ပြုတာဟာ မှန်တယ်လို့ ယူဆတယ်”ဟု ပြောကြား ခဲ့သည်။
ATW
#democracytoday
Discussion about this post