• About Us
  • Advertise
  • Careers
  • Contact Us
Saturday, December 14, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ဂါဇာ ဆန္ဒပြမှုမှသည် ပါလက်စတိုင်း အကြမ်းဖက် ဆူပူမှုအထိ ဖြစ်လာနိုင်

by M Bwe
June 13, 2019
in Political
1 min read
0
0
SHARES
7
VIEWS
Share on FacebookShare on Twitter

RelatedPosts

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019

ဂါဇာဒေသမှာနေထိုင်ကြတဲ့ ပါလက်စတိုင်း လူမျိုးတွေဟာ ခြောက်ပတ်ကြာဆန္ဒပြမှုကို မတ်လကုန်ခါနီးမှာ ပြုလုပ်ခဲ့ကြတယ်။ အေးချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်မှုမဖြစ်အောင် အစ္စရေးလုံခြုံရေးတပ်တွေက လုပ်ဆောင်ခဲ့ကြ တယ်လို့ဆိုတယ်။ ဆန္ဒပြသူ ၁၅ ဦးသေဆုံးပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေလည်း ဒဏ်ရာရရှိ ခဲ့ကြတယ်။ ဒီဖြစ်ရပ်ကြောင့် ပါလက်စတိုင်းတို့ ရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ထိခိုက်စေခဲ့ရတယ်။

ဂါဇာကမ်းမြောင်ဒေသမှာနေတဲ့ ပါလက်စတိုင်းတွေက လှုံ့ဆော်စည်းရုံးကာ ခြောက် ပတ်ကြာတဲ့ ချီတက်ဆန္ဒပြပွဲဟာ အစ္စရေးနယ် စပ်အနီးအထိ လာရောက်စုရုံးကြမှာဖြစ်တယ်။ ဒီလိုစုရုံးခြင်းဖြင့် ပါလက်စတိုင်းတွေရဲ့ နေ့စဉ် ခံစားနေကြရတဲ့ဘဝကို လက်တွေ့ကျကျ ဖြေရှင်း ပေးဖို့အတွက် သတင်းစကားပါးဖို့ ရည်ရွယ်ခဲ့ တာလို့ဆိုတယ်။ ပါလက်စတိုင်းတွေဟာ ဒုတိယမ္ဘာစစ်မပြီး မီကတည်းက သူတို့ရဲ့နယ်မြေတွေကနေ နှင်ထုတ် ခံခဲ့ကြရတာဖြစ်ပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံ ပေါ်ထွန်းလာပြီးတဲ့နောက် ပိုပြီးနှင်ထုတ်ခံခဲ့ ကြရတယ်။

ပါလက်စတိုင်းဒုက္ခသည်တွေဟာ ဂျော် ဒန်၊ လက်ဘနွန်နဲ့ အီဂျစ်နိုင်ငံတွေမှာ သန်းနဲ့ ချီပြီး ရောက်ရှိနေခဲ့ကြတယ်။ ဂါဇာဒေသကို ဟားမက်စ်စစ်သွေးကြွတွေက လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ဂါဇာဒေသ က အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့လို့ စစ်ပွဲသုံးကြိမ်လောက် ဖြစ်ခဲ့ရပြီးပြီ။ ပါ လက်စတိုင်းလူမျိုး ထောင်ပေါင်းများစွာ သေ ကျေကြရတဲ့အပြင် ဂါဇာဒေသက အခြေခံအ ဆောက်အအုံတွေလည်း ရစရာမရှိအောင် ပျက်စီးခဲ့ကြရတယ်။ ဒါပေမဲ့ ပါလက်စတိုင်းတွေက ဂါဇာတောင် ပိုင်းကနေပြီး အစ္စရေးကို ဒုံးကျည်နဲ့ပစ်ခတ်မှုဟာ ယခုအထိ မရပ်သေးပါဘူး။ နောက်လည်း ဆက်ဖြစ်နေဦးမယ်လို့ ယူဆရတယ်။ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက အစ္စရေးစစ်သား တွေပစ်ခတ်လို့ ပါလက်စတိုင်း ၁၅ ဦးသေဆုံး ပြီး ၁၄၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကြေညာ ခဲ့တယ်။

အဲဒီသေဆုံးဒဏ်ရာရသူတွေဟာ အစ္စရေး နဲ့ နယ်ခြားခြံစည်းရိုးအနီးကို ချဉ်းကပ်လာသူ တွေဖြစ်တယ်လို့ အစ္စရေးစစ်တပ်ကဆိုတယ်။ ယခုလို ရက်သတ္တပတ်များစွာကြာအောင် ချီတက်ပွဲကို “Great March of Return ‘နေ ရပ်သို့ပြန်ရန် မဟာချီတက်ပွဲ” ဟု အမည်ပေး ခဲ့ကြတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်တွင် ပါလက် စတိုင်းအုပ်စုကွဲများမှ ခေါင်းဆောင်တွေစုဝေး ကာ ချီတက်ပွဲပြုလုပ်ခဲ့ကြတာဖြစ်တယ်။ ဟား မက်စ်အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်တို့လည်း ဒီချီတက် ပွဲဖြစ်မြောက်ရေးမှာ ပါဝင်ခဲ့ကြတယ်။ နိုင်ငံရေး အုပ်စုတွေ၊ လူ့အခွင့်အရေးသမားတွေ၊ အမျိုး သမီးနဲ့ ကလေးသူငယ်များအဖွဲ့တွေ ပါဝင်ပြီး ချီတက်ပွဲကို လုပ်ဆောင်ခဲ့တာဖြစ်တယ်။  ချီတက်ပွဲကို အစ္စရေးစစ်တပ်က ဖြိုခွင်းခဲ့ တဲ့အပေါ်မှာ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂက အပြစ်တင်ခဲ့ကြတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အစ္စရေးအား ဒီကိစ္စကို စစ်ဆေး မယ်လို့ပြောတဲ့အခါ အစ္စရေးက ပယ်ချလိုက် တယ်။ လက်မခံခဲ့ပါဘူး။

ဤဆန္ဒပြမှုက အစ္စရေးအား ငြိမ်းချမ်းရေး သတင်းပေးပို့ရန်နှင့် ကမ္ဘာတစ်ဝန်းလုံးကိုပါ သိရှိစေရန်ဖြစ်တယ်။ ပါလက်စတိုင်းများဟာ အမိမြေသို့ပြန်လာရန် အခွင့်အရေးရှိကြောင်း နှင့် ဂါဇာဒေသအား အစ္စရေးတို့ပိတ်ဆို့အရေး ယူမှု အဆုံးသတ်ပေးရန်လည်း ပါဝင်ခဲ့တယ်။ ဆန္ဒပြသူများက အစ္စရေးခြံစည်းရိုးမှ မီ တာ ၇ဝဝ အကွာ၌ စခန်းချရန် သဘောတူ ထားခဲ့ကြတယ်။ ပါဝင်သောအဖွဲ့များက သဘော တူထားသည့်အတိုင်း ဖြစ်မလာဘဲ သောကြာ၊ စနေ၊ တနင်္ဂနွေသုံးရက်စလုံး အကြမ်းဖက်မှုသာ ဖြစ်ပွားခဲ့ရတယ်။  ဆော်ဒီအာရေဗီးယား အိမ်ရှေ့မင်းသား အဗ္ဗဒူလာက ပါလက်စတိုင်းဒေသသို့ အစ္စရေး ရော ပါလက်စတိုင်းများပါ လာရောက်နေ ထိုင်ခွင့်ရှိကြောင်း ပြောကြားလိုက်တယ်။ အာ ရပ်ထိပ်သီးညီလာခံကို ဆော်ဒီအာရေဗီးယား နိုင်ငံ၌ ကျင်းပတဲ့အခါ ပါလက်စတိုင်းအရေး ကို ထိပ်ဆုံးထားဆွေးနွေးကြလိမ့်မယ်။ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုခဲ့တာကိုလည်း အာရပ်ကမ္ဘာက မကျေနပ်ခဲ့ကြဘူး။ ထရန့်အ စိုးရဟာ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေက ဂျေ ရုဆလင်ကိစ္စကို ထောက်ခံမှုရဖို့ ကြိုးစားနေ တယ်။ ဖြစ်လာစရာမရှိနိုင်ပါဘူး။ အစ္စရေးဟာ ချီတက်ဆန္ဒပြပွဲရဲ့ အဓိက ရည်မှန်းချက်ကို ရိုက်ချိုးလိုက်တာဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံရေးသမားတွေက ပြောခဲ့ ကြတယ်။

အစ္စရေးနယ်စပ်နဲ့ မီတာ ၇ဝဝ အကွာမှာ ဆန္ဒပြသမားတွေကိုကာကွယ်ဖို့ အတားအဆီး လုပ်ရမယ်လို့ ပါလက်စတိုင်းတွေက ပြောခဲ့ကြတယ်။ ပြီးခဲ့တဲ့ဆန္ဒပြပွဲမှာ သေဆုံးသူ ၁၅ ဦးထဲ မှာ ဟားမက်စ်လက်နက်ကိုင်အုပ်စုက ငါးဦးပါဝင်တယ်လို့ ကြေညာခဲ့တယ်။ ယခုလို ဆန္ဒ ပြပွဲဟာ ဂါဇာဒေသကနေ အစ္စရေးကို ဒုံးကျည်နဲ့ ပစ်တာထက် ပိုထိရောက်ကြောင်း၊ နိုင်ငံရေးအရ အောင်မြင်မှုဖြစ်ကြောင်း ဟားမက်စ်အဖွဲ့က ပြောခဲ့တယ်။ ချီတက်ပွဲကို ပါလက်စတိုင်းတွေ ရဲ့ ”မြေနေ့” (Land Day) ဖြစ်တဲ့ မတ်လ ၃ဝ ရက်မှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ မေလ ၁၅ ရက်နေ့ဟာ ပါလက်စတိုင်းမြေနေ့ နှစ်ပေါင်း (၇ဝ)ပြည့်တဲ့နေ့လည်းဖြစ်တယ်။ အာရပ်တွေက နက္ကဘာဒေးလို့ခေါ်ကြတယ်။ အစ္စရေးနိုင်ငံကို ကြေညာခဲ့ပြီး ပါလက်စတိုင်းတို့ ပျက်စီးတဲ့နေ့ လို့ ပြောခဲ့ကြတယ်။

ပါလက်စတိုင်းတွေက ဒီနေ့မှာ ငြိမ်းချမ်းစွာချီတက်ပြီး နိုင်ငံရေးအကျိုးအမြတ်ရရှိအောင် လုပ်ကြမယ်လို့ဆိုတယ်။ ဂါဇာဒေသ အစ္စရေး ခြံစည်းရိုးအနီးမှာ ဆန္ဒပြပွဲဆက်လုပ်ပြီး ဂါဇာ ဒေသရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ဟားမက်စ်တို့ကဆိုတယ်။ ယခုလုပ် ရပ်ဟာ ဒုံးပျံနဲ့ပစ်တာထက် ပိုပြီးထိရောက်တယ် လို့ ဟားမက်စ်ခေါင်းဆောင်တွေက ဆိုတယ်။ ပါလက်စတိုင်းတွေဟာ ဂါဇာကရော အ နောက်ဘက်ကမ်းကပါ စုစည်းပါဝင်လာကြကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တာဟာ နည်းဗျူဟာအသစ် ဖြစ်တယ်။ ရက်ရှည်လများ ငြိမ်းချမ်းစွာဆန္ဒပြလာခဲ့လို့ အစ္စရေးကဆက်လက်ဖြိုခွင်းခဲ့ရင် ကုလသမဂ္ဂရဲ့ဝေဖန်ပြစ်တင်မှုနဲ့ ရင်ဆိုင်ရ မယ်။ ဒါကြောင့် ပါလက်စတိုင်းတွေရဲ့ နည်းဗျူ ဟာပြောင်းလဲတိုက်ခိုက်မှုကို အစ္စရေးက အထင် သေးပြီးဖြေရှင်းခဲ့ရင် အကျိုးရလဒ်နည်းပါးသွား လိမ့်မယ်လို့ ဝေဖန်သုံးသပ် တင်ပြအပ်ပါတယ်။

 

သီဟ
Xinhua, Reuters

Previous Post

မန္တလေးမြို့ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (၂၉)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

Next Post

သမ္မတသစ်သည် ထက်မြက်ပြီး လုပ်ကိုင်ပြောဆိုရဲသူဖြစ်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လုပ်ပ??

M Bwe

Related Posts

Political

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019
Political

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019
Political

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019
Political

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019
Political

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲချက်ငါးချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးမည်

August 28, 2019
Political

ကွတ်ခိုင်-မူဆယ်ကားလမ်းပေါ် ယာဉ်များပစ်ခတ်ခံရ၊ တွဲကားဘီးများပျက်စီးကာ ကန့်လန့်ခံနေသဖြင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်

August 28, 2019
Next Post

သမ္မတသစ်သည် ထက်မြက်ပြီး လုပ်ကိုင်ပြောဆိုရဲသူဖြစ်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လုပ်ပ??

Discussion about this post

Connect with us

ADVERTISEMENT

Recommended

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သံတမန

1 year ago

ခင်ပွန်းသည်နှင့် လမ်းခွဲပြီးနောက် အဆင်ပြေနေတဲ့ မင်းသမီး ဂျန်နီဖာ အနစ္စတန်

2 years ago

တော်ဝင်မင်းသား ဝီလီယံကို ကျိတ်သဘောကျခဲ့ဖူးတဲ့ မီရန်ဒါကားရ်

4 months ago
Yangon Media Group

ကျပ် တစ်သောင်းတန် အတု ၂၅ ရွက်ကို ကျပ်တစ်သိန်းဖြင့် ဝယ်လာသူ ငွေအတုများနှင့် အတူ ပဲခူးတွင် ဖမ??

2 years ago

လွန်ခဲ့သော နှစ်ပေါင်း ၄၄ဝဝ မှ ရှေးဟောင်းဂူ သင်္ချိုင်းတစ်ခုကို အီဂျစ်တွင် ရှာဖွေတွေ့ရှိ

12 months ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ရှေးဟောင်းပစ္စည်း စုဆောင်းထားသူများ မိမိပိုင်ဆိုင်သည့် ပစ္စည်းများကို တရားဝင် မှတ်ပုံတင်ခြ?

    0 shares
    Share 0 Tweet 0
  • မြင့်မြတ်၊ အိချောပိုတို့ ခေါင်းဆောင် ပါဝင်ထားသည့် ‘ကြေးကြီးတယ်’ ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတ

    7 shares
    Share 7 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    4 shares
    Share 4 Tweet 0
  • ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ) များ အဖွဲ့ချုပ်က ကျောင်းအတွင်း လုံခြုံရေး၊ သန့်ရှင

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.