ရန်ကုန်၊ မေ ၂ဝ – တာမွေစစ်ပွဲရပ် ဆန္ဒပြပွဲမှ ခေါင်းဆောင်များကို ဝင် ရောက်ဖမ်းဆီးခဲ့သည့်အပြင် မီဒီယာသမား များကိုလည်း ခြိမ်းခြောက်အကြမ်းဖက်ခဲ့ သည့် အရပ်ဝတ်များအား လူ့အခွင့်အရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
”စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အရင် ကတည်းက ပြောထားပါတယ်။ လုပ်မှာ ပါ”ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အ ရေးကော်မရှင် ဦးယုလွင်အောင်က ဒီမို ကရေစီတူဒေးသို့ မေ ၂ဝ ရက်တွင် ပြောသည်။
ရန်ကုန်မြို့၊ တာမွေအဝိုင်းအနီးတွင် မေ ၁၂ ရက် ညနေပိုင်းက စစ်ပွဲရပ်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ရာ ယင်းဆန္ဒပြပွဲ၌ သတင်းရ ယူခဲ့သည့် သတင်းမီဒီယာသမားများကို ခြိမ်းခြောက်အကြမ်းဖက်မှုများ ဆောင် ရွက်ခဲ့သည်ကိုသိရှိရကြောင်း၊ ပြည်ထောင် စုလွှတ်တော်မှ ပြဋ္ဌာန်းအတည်ပြုထားပြီး ဖြစ်သည့် သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာသမားများအားကာကွယ် စောင့်ရှောက်မှုပေးရမည်ဖြစ်သော်လည်း ထိုဖြစ်စဉ်တွင် သတင်းရယူနေသည့် သတင်းမီဒီယာသမားများအား အရပ်ဝတ်များက ခြိမ်းခြောက်အကြမ်းဖက်ရန် ပြုမှုများအပေါ် တာဝန်ကျရဲတပ်ဖွဲ့ဝင်များက ကာကွယ်စောင့်ရှောက်မှု မပေးခဲ့ဟု သိရှိရကြောင်း၊ သို့ဖြစ်၍ ယင်းဖြစ်စဉ် အား သတင်းမီဒီယာကောင်စီအနေဖြင့် ရှုတ်ချကြောင်း မေ ၁၈ ရက်က ထုတ်ပြန် ခဲ့ပြီး ယင်းအရပ်ဝတ်များကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်လည်း လူ့အခွင့်အရေး ကော်မရှင်သို့ စာပေးပို့ထားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးနိုင်ရန် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီကလည်း လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားသည်။ ယင်းတိုင်စာများနှင့်ပတ်သက်၍ ရုံး ဖွင့်ရက်ရောက်မှသာ အသေးစိတ်ပြောနိုင် မည်ဖြစ်ကြောင်း ဦးယုလွင်အောင်က ပြောသည်။ ယင်းအရပ်ဝတ်ဖြင့် ပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကလည်း အစိုးရ သက်တမ်းနှစ်နှစ်ပြည့် သတင်းစာရှင်း လင်းပွဲတွင် သတင်းမီဒီယာများအား ပြန် လည်ဖြေကြားထားသည်။
ယင်းနှင့်ပတ်သက်၍ အထက်က ပြောကြားထားခြင်းဖြစ်သည့်အတွက် မြို့ နယ်အဆင့်အနေဖြင့် ပြောခွင့်မရှိကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်း က ဒီမိုကရေစီတူဒေးသို့ပြောသည်။
”ကျွန်တော်တို့ မြို့နယ်အဆင့်တွေ က ဘာမှပြောလို့ မရပါဘူး”ဟု ၄င်းကဆို သည်။ လူ့အခွင့်အရေးကော်မရှင်နှင့် ရဲချုပ် တို့က စုံစမ်းဖော်ထုတ်မည် ပြောကြားထား သည့်အတွက် အရပ်ဝတ်ဖြင့်ဝင်ရောက် ဖမ်းဆီးခြင်း၊ ဆဲဆိုခြင်းများပြုလုပ်ခဲ့သည့် ပုဂ္ဂိုလ်များကို လက်ရှိအချိန်တွင် တန်ပြန် အမှု မဖွင့်သေးကြောင်း ဆန္ဒပြပွဲတွင် အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသည့် ကိုမြတ် ကျော်က ပြောသည်။
”နေပြည်တော်သတင်းစာရှင်းလင်း ပွဲမှာ ရဲချုပ်ကလည်း စုံစမ်းဖော်ထုတ်မယ် လို့ပြောတယ်။ ပြီးတော့ လူ့အခွင့်အရေး ကော်မရှင်ကလည်း ပြောတယ်ဆိုတော့ ကျွန်တော်တို့က ခုလောလောဆယ် သူတို့ လုပ်တာကိုပဲ စောင့်ကြည့်သွားဦးမယ်” ဟု ¤င်းက ဆက်လက်ပြောသည်။
HWA/DemocracyToday
Discussion about this post