• About Us
  • Advertise
  • Careers
  • Contact Us
Wednesday, December 11, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

လ ၂ဝ အတွင်း ရန်ကုန် တိုင်းဒေသကြီးတွင် အမှုကြီး ရှစ်သောင်းကျော်ကို ကြိုတင် ကာကွယ်နိုင်ခဲ့ ဟု??

by M Bwe
June 13, 2019
in Political
1 min read
0
0
SHARES
11
VIEWS
Share on FacebookShare on Twitter

RelatedPosts

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019

ရန်ကုန်၊ မေ ၂၂

လ ၂ဝ တာ ကာလအတွင်း ရန်ကုန်တိုင်းတွင် အမှုကြီးများကို ကြိုတင်ကာကွယ်နိုင်မှုပေါင်း ၈၅ဝဝဝ ကျော်ရှိခဲ့ ကြောင်းသိရသည်။ လသာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က မေ ၂၂ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရာဇဝတ်အမှုကြီး ၁ဝ မျိုးနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁.၄. ၂ဝ၁၆ ခုနှစ်မှ၊ ၃၁.၁၂. ၂ဝ၁၇ အထိ မည်မျှဖြစ်ပွားခဲ့သည်။ ယင်းမှုခင်းများအနက် တရားခံဖော်ထုတ်ရန် ကျန်ရှိမှုခင်းနှင့် ကျန်ရှိအမှုများအား မည်ကဲ့သို့ စုံစမ်းဖော် ထုတ်မည်ဆိုသည်ကို မေးမြန်းခဲ့ရာ ဝန်ကြီးဗိုလ်မှူးကြီး အောင်စိုးမိုးက အထက်ပါအတိုင်း ထည့်သွင်းဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ယင်းကာလအတွင်း အမှုကြီး ၁ဝ မျိုးနှင့်ပတ်သက်၍ ကြိုတင် ကာကွယ်ဖမ်းဆီးနိုင်မှု ၈၅၆၈၅ မှု ရှိခဲ့သဖြင့် အမှုကြီးဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းခဲ့ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။ ”ကျွန်တော်တို့ရဲတပ်ဖွဲ့ဟာဆိုရင် လုံခြုံရေး၊ တရားဥပဒေစိုး မိုးရေးနဲ့ မှုခင်းကြိုတင်ကာကွယ် ရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး ကြိုကာဖမ်းဆီးမှုတွေလည်း ဆောင်ရွက်ရပါတယ်။ ကြိုကာဖမ်းဆီးမှုမှာ သတ်မှတ်ထားတဲ့ ၁ဝ မျိုးရှိပြီး တော့မှ ဒီတင်ပြပါကာလအတွင်းမှာ ကြိုကာ ၈၅၆၈၅ မှုကို ကြိုတင် ကာကွယ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ဒီအမှုကြီးတွေမှာ လျော့နည်းကျဆင်းရခြင်းဖြစ် ပါတယ်”ဟု ၎င်းကပြောသည်။

၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ တစ်နှစ်ရှစ်လတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အမှုကြီး ၈၅၆ မှုဖြစ်ပွားခဲ့သည်။ ယင်းအနက် မုဒိမ်းမှု ၄၆ဝ နှင့် လူသတ်မှု ၃ဝဝ တို့ပါဝင်ကြောင်းသိရသည်။ ယင်း ၈၅၆ မှုအနက် ၈ဝ၆ မှုကို စွဲတင်နိုင်ခဲ့ကာ ၂၄ မှု ပိတ်သိမ်းခဲ့ပြီး လက်ကျန်အမှု ၂၆ မှုသာကျန်ရှိသည့်အတွက် စွဲတင်ရာ ခိုင်နှုန်းမှာ ၉၄ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရသည်။ ယင်းလ ၂ဝ တာကာလအတွင်း ယင်းအမှုကြီး ၁ဝ မျိုးအနက် လက်နက်မှုနှင့် သစ္စာဖောက်ဖျက် မှုနှစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးလွန်မှုမရှိခဲ့ဘဲ ကျန်ရှစ် မှုကိုသာ ကျူးလွန်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုးက ”ရပ်ရွာပြည်သူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေလည်း ပူးပေါင်းပါဝင်မှု မြင့်တက်လာရင်မှုခင်းများ စုံစမ်းဖော်ထုတ်ရာမှာ ယခုထက် စုံစမ်းဖော်ထုတ်မှုရာခိုင်နှုန်း ပိုမိုမြင့်မားရေးအတွက် ပြည်သူပါ ပူးပေါင်းပါဝင်လာစေရေးအတွက် ပိုမိုစည်းရုံးဆောင်ရွက်သင့်ပါတယ်” ဟုပြောသည်။ ရဲလက်စွဲအပိုဒ် ၁၇၅၄ ပါ အရေးကြီးသောရာဇဝတ်မှုကြီး ၁ဝ မျိုးမှာ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ သစ္စာဖောက်ဖျက်မှု၊ လက်နက်မှုနှင့် မတရား အသင်းမှုတို့ဖြစ်ကြောင်းသိရသည်။ ၂ဝ၁၆ ခုနှစ်ကစတင်ကာ ရပ်ရွာအခြေပြုရဲလုပ်ငန်းစနစ်ကို ပြည်သူနှင့်အတူ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

TTMT

#democracytoday

Previous Post

ဝိနည်းကို တန်ဖိုးထားသည့် ပြည်တွင်း၊ ပြည်ပ သံဃာတော်များ မဟာဝိဟာရ ဓမ္မဝိနယတက္ကသိုလ်သို့ တက်ရေ??

Next Post

ရိုမန် အေဘရာ မိုဗစ်ခ်ျရဲ့ ဗြိတိန် ဝင်ခွင့်

M Bwe

Related Posts

Political

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019
Political

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019
Political

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019
Political

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019
Political

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲချက်ငါးချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးမည်

August 28, 2019
Political

ကွတ်ခိုင်-မူဆယ်ကားလမ်းပေါ် ယာဉ်များပစ်ခတ်ခံရ၊ တွဲကားဘီးများပျက်စီးကာ ကန့်လန့်ခံနေသဖြင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်

August 28, 2019
Next Post

ရိုမန် အေဘရာ မိုဗစ်ခ်ျရဲ့ ဗြိတိန် ဝင်ခွင့်

Discussion about this post

Connect with us

ADVERTISEMENT

Recommended

ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်မှု ၂ဝ၁၈ ခုနှစ်တွင် ပိုများခဲ့

11 months ago

အမေရိကန်တွေ စည်းလုံးညီညွတ်ရန် သမ္မတထရန့် တိုက်တွန်း

10 months ago

တရားဥပဒေ စိုးမိုးရေးသည် ပြည်သူကို အနိုင်ကျင့်ဖို့ မဟုတ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ

8 months ago

အ​ကောင်​​သေး​ပေမယ့် အဆိပ်​ပြင်းတဲ့​ အေဂျက်

8 months ago

ဂီတကို သေသည်အထိ ဖက်တွယ်ထားမယ့် အော်ဇီအော့စဘွန်း

2 years ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • လွှမ်းပိုင်နှင့် အိချောပိုတို့ အဓိက ပါဝင်ထားသည့် ‘ကြွေ’ ရုပ်ရှင်ဇာတ်ကားကြီး မကြာမီ ရုံတင်တေ?

    0 shares
    Share 0 Tweet 0
  • နှစ်​(၇၀)ပြည့်​လွတ်​လပ်​​ရေး​နေ့နိုင်​ငံ​တော်​အလံတင်​အခမ်းအနား နှင့် နိုင်ငံတော်သမ္မတမှ??

    0 shares
    Share 0 Tweet 0
  • သရုပ်ဆောင်ရန်အောင် နှင့် တွေ့ဆုံခြင်း

    0 shares
    Share 0 Tweet 0
  • ဓားထိုးခံရသည့် ဒန့်စ်မြို့တော်ဝန် သေဆုံး  

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.