ရန်ကုန်၊ ဇူလိုင် ၉- အာဇာနည် ခေါင်းဆောင်ကြီးအတွင်းဝန်ဦးအုန်း မောင်၏ဇနီးအဘွားဒေါ်သိန်ြး<ွကယ် ကျန်းမာရေးပြန်လည်ကောင်းမွန် လာပြီဖြစ်၍ ယခုနှစ်အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂါရဝ ပြုရန်အစီအစဉ်ရှိကြောင်း သားဖြစ် သူဒေါက်တာမင်းမြင့်ထံမှ သိရသည်။
အသက်(၉၅)နှစ်ရှိပြီဖြစ်သော အဘွားဒေါ်သိန်ြး<ွကယ်သည် ၂ဝ၁၄ ခုနှစ်တွင် ချော်လဲခဲ့သဖြင့် ကျန်းမာ ရေးချို့ယွင်းသွားသောကြောင့် ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ် အာ ဇာနည်နေ့အခမ်းအနားများသို့ မတက်ရောက်နိုင်ခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်တွင် ဝှီးချဲဖြင့်တက်ရောက် ဂါရဝပြုခဲ့ကြောင်းနှင့် ယခုနှစ်တွင် ကျန်း မာရေးကောင်းမွန်လာပြီဖြစ် ၍ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂါရဝ ပြုမည်ဟုဆိုသည်။
”အမေလည်း အခုနေပြန် ကောင်းနေပါပြီ။ ဒီနှစ်အာဇာနည် နေ့အခမ်းအနားမှာ မိသားစုဝင်တွေ အားလုံးတက်သွားဖို့ ရှိပါတယ်။အမေလည်း တက်ရောက်ပါမယ်”ဟု အာဇာနည်ခေါင်းဆောင်ကြီး ဦးအုန်းမောင်(ကွယ်လွန်)နှင့် ဇနီး ဒေါ်သိန်ြး<ွကယ်တို့၏သားဖြစ်သူ ဒေါက်တာမင်းမြင့်က ဇူလိုင် ၇ ရက် တွင် ဝန်ကြီးများရုံးသို့လာရောက် ရင်း ပြောခဲ့သည်။
ခင်ပွန်းသည်ဦးအုန်းမောင် အကြောင်းကို အဘွားဒေါ်သိန်းြ<ွကယ်က''စိတ်ဓာတ်ကတော့ မျိုး ချစ်စိတ်ရှိတယ်။ ဆုံးတာကလည်း ဗြုန်းစားကြီး အစည်းအဝေးလုပ် နေရင်းနဲ့ပါသွားတာ။ ပြတ်သား တယ်။ စည်းကမ်းရှိတယ်။ ကလိမ် ကလယ်တွေမရှိဘူး။ တည်ကြည် တယ်''လို့ပြောပြခဲ့ဖူးသည်။
အာဇာနည်ခေါင်းဆောင်ကြီး များကျဆုံးသွားရခြင်းသည် လုံခြုံ ရေးအားနည်းသောကြောင့် ကျ ဆုံးရခြင်းဖြစ်သောကြောင့် ယင်း အဖြစ်အပျက်ကို သင်ခန်းစာယူ ကာ နောင်အနာဂတ်တွင် အရေး ကြီးသည့် နိုင်ငံခေါင်းဆောင်ပုဂ္ဂိုလ် များ၏လုံခြုံရေးကိုအထူးဂရုစိုက် ရန် ဒေါက်တာမင်းမြင့်ကသတိပေး ပြောကြားခဲ့သည်။
”ဗိုလ်ချုပ်အောင်ဆန်းတုန်း က လုံခြုံရေးအတွက် လူတွေထား ပေးခဲ့ပေမယ့် သူကမလိုချင်ခဲ့ဘူး။လုံခြုံရေးဆိုလို့ အဲဒီနေ့က လက် နက်အပြည့်အစုံနဲ့ တစ်ယောက် လောက်ပဲ ရှိခဲ့တယ်။ ဒါကြောင့်မို့ လုပ်ကြံသူတွေအတွက်အခွင့်အရေး ရသွားတာပေါ့။ ဒါကိုသင်ခန်းစာယူ ပြီးတော့ အခုနိုင်ငံတော်အကြီးအကဲ တွေ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ တို့ရဲ့လုံခြုံရေးကို သေသေချာချာ လေးလုံခြုံရေးပေးဖို့ အကြံပြုလိုပါ တယ်”ဟု ဒေါက်တာမင်းမြင့်က မီဒီယာများကိုပြောသည်။
Discussion about this post