နေပြည်တော်၊ သြဂုတ် ၁၃
လွှတ်တော်ကိုယ်စားလှယ်၏ ချေးငွေနှင့်ပတ်သက်သည့်ဆွေးနွေးမှု လွှတ်တော်နည်းဥပဒေနှင့် ငြိစွန်းနေသဖြင့် နောင်တွင်ဂရုပြုရန် ပြည်ထောင်စုလွှတ် တော်နာယကက သတိပေးပြောကြားလိုက်ကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်အတွက် နစ်နာချက်ကို လွှတ်တော်တွင်တင်ပြခြင်းအပေါ် ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုခြင်းမှာ သဘာဝမကျဟု မီဒီယာများနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအတွက် အပူပိုင်းဇုန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်၏ဆွေးနွေးမှုသည် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၃ (စ)နဲ့ ငြိစွန်းနေသည့်အ တွက် နောင်တွင် ဂရုပြုရန်သတိပေးကြောင်း ပြည်ထောင်စုလွှတ် တော်နာယက ဦးတီခွန်မြတ်က အသိပေးပြောကြားလိုက်သည်။
ပြည်ထောင်စုလွှတ်တော် နာယကဦးတီခွန်မြတ်က ”စော စောကဆွေးနွေးခဲ့တဲ့ ရခိုင်ပြည်နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကျော်ရဲ့ ဆွေးနွေးချက်ဟာ ပြည်ထောင် စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၃ (စ)နဲ့ ငြိစွန်းနေပါတယ်။ ညီညွတ်မှုမရှိပါဘူး။ မိမိရဲ့ပြောဆိုချက်များဟာ ဆွေးနွေးတဲ့ အဆိုနဲ့သာအပြီးသတ် အတိအကျသက်ဆိုင်ရမှာဖြစ်ပါတယ်။ နောင်တွင်ဂရုပြုဖို့ သတိပေးလိုပါတယ်။ မိမိတို့ရရှိတဲ့အခွင့် အရေးဟာ မညီမမျှဖြစ်နေတယ်ဆိုရင် သက်ဆိုင်ရာလွှတ်တော်မှာ သေချာမေးခွန်းများမေးမြန်းခြင်း၊ ဒါမှမဟုတ် အဆိုတင်သွင်းခြင်းများဆောင်ရွက်နိုင်ကြောင်း အသိပေးပြောကြားလိုပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်အား သတိပေးပြောကြားခဲ့သည်။
သြဂုတ် ၁၃ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအတွက် အပူပိုင်းဇုန်စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစီမံကိန်းများဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၅ သန်း ချေးယူရန်ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှုအပေါ် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၏ သတိ ပေးပြောကြားမှုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က ”ဥပဒေနဲ့ငြိစွန်းတယ်ဆိုဆို၊ မငြိစွန်းဘူးဆိုဆို ကျွန်တော်တို့ကတော့ ကိုယ်ပြောသင့်တာကို ဒီလွှတ်တော်မှာ မပြောရင် ကျွန်တော်တို့ ဘယ်မှာသွားပြောမလဲ။ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်လေ၊ ပြည်နယ်အတွက် နစ်နာတာကို လွှတ်တော်မှာပဲပြောရမယ်။ လွှတ်တော်မှာပြောတာကို ဥပဒေနဲ့ငြိစွန်းတယ်ဆိုတာက သဘာဝတော့မကျဘူး။ တကယ်လို့ ဥပဒေနဲ့ငြိစွန်းတယ်ဆိုရင် အဲဒီသူပြောတဲ့ဥပဒေဟာ လွဲ နေပြီ။ ဒါပဲပြောချင်တယ်။ နိုင်ငံတကာအကူအညီနဲ့ ဆောင် ရွက်တဲ့ ဒေသဖွံ့ဖြိုးရေးဘတ်ဂျက်တွေက ပြည်နယ်တွေကို ခွဲ ဝေတဲ့နေရာမှာ မညီမျှဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ခံစားမှုအပေါ်မှာတော့ အခုချေးငွေကိစ္စမှာ ပြည်နယ် တွေကို ခွဲဝေတာမပါဘူး။ ချေးငွေလုပ်လိုက်တိုင်း ဘယ်သူ့အ တွက်လည်း။ တိုင်းဒေသကြီးခြောက်တိုင်းအတွက်ပဲရှိတယ်။ ပြည်နယ်မပါဘူး ဘာကြောင့်ပြည်နယ်ကို ချန်ထားခဲ့ရသလဲ။
အထူးသဖြင့် စိုက်ပျိုးရေးနဲ့ပတ်သက်ရင် ရခိုင်ပြည်နယ်ရောပါ ရမယ်။ တနင်္သာရီ၊ မွန်ပြည်နယ်တို့လည်းပါရမယ်။ တစ်နိုင်ငံလုံးခြုံကြည့်လိုက်ရင် အကုန်လုံး စိုက်ပျိုးရေးကို အခြေခံထားတဲ့ ပြည်နယ်တွေပဲ။ ဒါပေမဲ့တိုင်းဒေသကြီးတွေကိုပဲ အကောင်အထည်ဖော်လို့ ပြည်နယ်တွေကို ဒီအတိုင်း လျစ်လျူရှုထားတယ်။ ပစ်ပယ်ထားတယ်ဆိုရင် အဲဒီပြည်နယ်ဟာ ဘယ်ဖွံ့ဖြိုးမလဲ၊ မဖွံ့ ဖြိုးလို့လည်း အဆင်းရဲဆုံးပြည်နယ်အဆင့်ကို လျော့ကျသွားရ တယ်။ အဲဒါက အဓိကပဲ။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောလိုတာက သူကသူ့အနေနဲ့ သတိပေးတယ်။ အခြေခံပါဥပ ဒေနဲ့ ငြိစွန်းတယ် ဘာညာဆိုပေမယ့်လည်း ကျွန်တော်က ငြိစွန်း တယ်လို့မတွေးဘူး။ ကျွန်တော်က လက်တွေ့ကို ချပြတာပဲရှိတယ်။ ဒါကို လွှတ်တော်မှာမပြောရင် ပြောတယ်ဆိုတာကလည်း အကြောင်းရာ အကြုံလာမှ ပြောရတာ။ စိုက်ပျိုးရေးနဲ့ ခံစားချက်ဖြစ်နေရင် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အဆိုလည်း ချေးငွေနဲ့ပတ်သက်တဲ့ ကြားလာတဲ့ ကြုံလာတဲ့အခါမှသာ ကျွန် တော်တို့ပြောခွင့်ရှိတာကိုး”ဟု လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာသို့ ပြောသည်။
MP
#democracytoday
Discussion about this post