ရန်ကုန်၊ အောက်တိုဘာ ၁၇
လက်နက်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် ဖမ်းဆီးခြင်းခံရသည့် ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့် ဆန်းအမှုမှ စုစုပေါင်း လက်နက် ၂၁ လက်သိမ်းဆည်းရမိပြီး အမှုနှင့်ဆက်နွယ်ပတ်သက်သူ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။ အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ခေတ္တအနားပေးချိန်တွင် သတင်းထောက်များကို ၎င်းက ယင်းကဲသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက”ပထမနေ့မှာ အားလုံးပေါင်း ၁၃ လက် သိမ်းဆည်းပြီးဖြစ်ပါတယ်။ ဒီကနေ့တော့ ကျွန်တော်တို့ နောက်ထပ် ရှစ်လက်ထပ်မံသိမ်းဆည်းရမိတယ်။ တရားခံက ၁၂ ဦး ဖမ်းဆီးထားပြီးဖြစ်တယ်။ ကွင်းဆက်တရားခံတွေလည်း ဆက်လက်ဖော်ထုတ် နေပါတယ်။ ရရှိတဲ့အခြေအနေအားလုံးကိုလည်း သတင်းဆက်လက်ပြီး ထုတ်ပြန်ပေးပါမယ်”ဟုပြောသည်။ သတင်းရှင်းလင်းမှုနှင့်ပတ်သက်ပြီး လုပ်ငန်းစဉ်ပြီးပြတ်ပါက နိုင်ငံတော်အစိုးရခွင့်ပြုချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ”အခုကတော့ စိစစ်ဆဲဖြစ်လို့ သုံးသပ်ချက်တွေပြောဖို့အတွက် အချိန်ယူရဦးပါမယ်။ ကျန်ရှိနေတဲ့ လက်နက်တွေနဲ့ ကွင်းဆက်တရား ခံတွေဖမ်းမိဖို့က နံပါတ်(၁)အရေး ကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဒါ တွေကို လွတ်ထွက်မသွားအောင် ဆောင်ရွက်နေပါတယ်။ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်တာ အားလုံးလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို အချိန်နဲ့တစ်ပြေးညီတင် ပြပြီး ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါသတင်းနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၇ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်တွင် ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်က ACE ဟိုတယ်၌ ဗဟန်းမြို့မရဲစခန်း မယ(ပ)၂ဝ/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အမှုမှ တရားခံပြေး သီဟ(ဖြိုးကိုကိုတင့်ဆန်း၏ယာဉ်မောင်း)အား ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာ ၁၆ ရက် နံနက် ၄ နာရီခွဲဖြိုးကိုကိုတင့် ဆန်းပါသုံးဦး(ဖမ်းမိ)အား ဒက္ခိဏသီရိမြို့မရဲစခန်း (ပ)၃၉ ၆/၂ဝ၁၇၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း၊ ယင်းနောက် ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၁၆ ရက် ၈ နာရီ ၁၅ မိနစ် သာကေတ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု (၄၁)၊ ရန်ကုန်(အရှေ့)၊ မှုခင်းရဲ တပ်ဖွဲ့နှင့် သတင်းရဲတပ်ဖွဲ့တို့ပါပူး ပေါင်းအဖွဲ့သည် သာကေတမြို့ နယ်၊ ၁ဝ/တောင် (၁၃)ရပ်ကွက်၊ ရှုခင်းသာလမ်းမ/၂ဝဝ ရှိ ဖြိုးကိုကို တင့်ဆန်းပိုင် ACE GROUP OF COMPANIES အဆောက်အအုံအား ဝင်ရောက်ရှာဖွေခဲ့ရာ နေပြည် တော် FC ဘောလုံးအသင်းမန်နေ ဂျာဖြိုးဘိုဘို၊ (၂၄)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ) ဦးဆန်းဦးစိုး၊ (၃၉)လမ်း၊ အလယ်ဘလောက်၊ (၈)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ နေပြည် တော်ရှိ
ACE ဟိုတယ် လက်ထောက် မန်နေဂျာစိုးမြင့်ကျော်၊ လုံခြုံရေးဝန် ထမ်းဦးသန်းဌေးနှင့် ဟိုတယ်စား ပွဲထိုးငြိမ်းချမ်းအောင်တို့အား တွေ့ ရှိပြီး ခုနစ်လွှာရှိ ဖြိုးကိုကိုတင့်ဆန်း၏ အိပ်ခန်းအတွင်းမှ သေနတ်ထည့် အိတ်တစ်အိတ်၊ စနိုက်ပါမှန်ပြောင်းတစ်ခု၊ အရှည် ၁၅ လက်မခန့်ရှိ သေနတ်ပြောင်းတစ်ခု၊ စပရိန်ပါ လက်နက်ငယ်မောင်းတုံးတစ်ခု၊ နှစ်အိတ်တွဲကျည်ကပ်အသေး ထည့်အိတ်တစ်ခု၊ ကော်ဖြင့်ပြုလုပ်ထားသည့် ကျည်အိမ်ထည့်အိတ် (နှစ်ခုတွဲ)နှစ်ခု၊ လက်ကိုင်စကား ပြောစက်ရှစ်လုံး၊ အဝေးကြည့်မှန် ပြောင်းတစ်ခု၊ Drone ငါးခုနှင့် ယင်းတို့အားမောင်းနှင်သည့် ကိရိယာတစ်ခု၊ ရေချိုးခန်းအတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြားရှစ်ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာ တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ သံဘောစေ့ ၁ဝဝ ပါတစ်ဘူး၊ ၉မမကျည်နှစ်တောင့်၊ အိမ်သာခန်းမျက်နှာကြက်ပေါ်၌သိမ်းဆည်းထားသည့် M-16 သေနတ် တစ်လက်(မောင်းတုံးမပါ)၊ သံ ဘောစေ့ဖြင့်ပစ်ခတ်ရသည့် M-4 ကာဘိုင်ပုံစံသေနတ်တစ်လက်နှင့် ဘောစေ့ထည့်ရသည့် ကျည်အိမ်တစ်ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၂ဝဝ၅ အချိန် ဖြိုးကိုကိုတင့် ဆန်းနှင့် ဖြိုးဘိုဘိုတို့နှစ်ဦး(ဖမ်းမိ) အား သာကေတနယ်မြေရဲစခန်း မယ(ပ)၂၆/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ ဖြင့် အမှု ဖွင့်စစ်ဆေးလျက်ရှိကြောင်း ထုတ် ပြန်ချက်အရသိရသည်။
ယင်းအပြင် နံနက် ၉ နာရီ ၁၅ မိနစ်က ဗဟန်းခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့စု(၄၂)၊ ရန်ကုန်(နောက်) မှ ရဲတပ်ဖွဲ့ဝင်တို့ပါ ပူးပေါင်းအဖွဲ့ သည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်း အမှတ် (၇ဝ/တ)ရှိ ဖြိုးကိုကိုတင့် ဆန်း၏ နေအိမ်အားရှာဖွေခဲ့ရာ ၅ ဒသမ ၅၆ ကျည်သုံးတောင့်၊ ဖြိုးကိုကိုတင့်ဆန်းအမည်နှင့် နိုင်ငံ တော် တံဆိပ်ပါ ပြောက်ကျားဝတ်စုံတစ်စုံ၊ နိုင်ငံတော်တံဆိပ်နှင့် အရိုး ခေါင်းလက်မောင်းတံဆိပ်ပါ အနက် ရောင်လက်ရှည်အင်္ကျီတစ်ထည်၊ စနိုက်ပါမှန်ပြောင်းနှစ်လက်(တိုတစ်၊ ရှည်တစ်)၊ စစ်စိမ်းရောင်သံလိုက်အိမ်မြှောင်တစ်ခု၊ လက်ကိုင်စကားပြောစက်တစ်လုံး၊ သေနတ်ချိန်သီးတစ်ခု၊ ကျည်ကာအင်္ကျီ နှစ်ထည်၊ ကျည်အိမ်ထည့်အိတ် (လေးခုတွဲ)တစ်ခု၊ အနက်ရောင် လက်ကိုင်အိတ်နှစ်လုံး၊ စကား ပြောစက်ထည့်အိတ်တစ်ခု၊ WY စာတန်းပါ စိတ်ြ<ွကဆေးပြားနှစ်ပြား၊ ICE ဟုယူဆရသည့် အမှုန့်များ ကပ်နေသည့် ကပ်ခွာအိတ်တစ်ခု၊ ခဲပြားကိုးခုနှင့် မီးခြစ်သုံးလုံး၊ စိတ်ကြွဆေးပြားသုံးစွဲရာတွင်အသုံးပြုသည့် ရေသန့်ဘူး/ဖန်ပုလင်းသုံး လုံးတို့အားသိမ်းဆည်းရမိခဲ့သဖြင့် ၁၈၁၅ အချိန် ဖြိုးကိုကိုတင့်ဆန်း(ဖမ်းမိ)အား ဗဟန်းမြို့မရဲစခန်း မယ(ပ)၄ ၉/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
အလားတူ ၁ဝ၃ဝ အချိန် နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ စရဖ(နေ ပြည်တော်)မှ ဗိုလ်မှူးတင်အောင် လွင်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့စု(၁ဝ၅)၊ နေ ပြည်တော်(လေဆိပ်)မှရဲတပ်ဖွဲ့ ဝင်တို့နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါပူးပေါင်းအဖွဲ့သည် ဟိုတယ် ACE အခန်းအမှတ်(H-1))အခန်း အတွင်းမှ မန်မိုရီစတစ်လေးချောင်း၊ ဟာ့ဒစ်တစ်ခု၊ ကွန်ပျူတာ System ပုံးသုံးပုံး၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဝိုင်ဖိုင်လွှင့်စက်တစ်လုံး၊ X5R Reader တစ်လုံး၊ အသံဖမ်းစက် တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ ထို့နောက် အောက်တိုဘာ ၁၆ ရက် ၁၅၅၅ အချိန် ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ခင် မောင်ကျော်နှင့်အဖွဲ့သည် (၁၁၅)မိုင် ဖြူးအမြန်လမ်းမကြီးရဲစခန်း၌ ထိန်းသိမ်းထားသည့် ဂျိုးဇက်(ခ)စယောသ၊(၅၃)နှစ်၊ ကရင်/ခရစ်ယာန်၊ ACE အထွေထွေမန်နေဂျာ၊ (ဘ)ဦးမန်းလှရွှေ၊ ဒက္ခိဏသီရိမြို့ နယ်နေသူပါ(၅)ဦး(ကျားလေး၊ မတစ်)တို့အား သွားရောက်ခေါ် ဆောင်ခဲ့ပြီး လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။
KMZ, WYHW, MP
#democracytoday
Discussion about this post