HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်၌ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်သွားလာမှု ပြတ်တောက်ခဲ့သောကြောင့် တပ်မတော်၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များနယ်မြေရှင်းလင်းနေ

မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်၌ ပစ်ခတ်မှု  ဖြစ်ပေါ်ခဲ့ပြီး ယာဉ်သွားလာမှု ပြတ်တောက်ခဲ့သောကြောင့် တပ်မတော်၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များနယ်မြေရှင်းလင်းနေ

မူဆယ်၊ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်) ကျိန်းယန်းကျေးရွာအုပ်စု လွယ်အင်ကျေးရွာ ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ကျင်စန်းကျော့ (ဟိုနောင်)ဂိတ်၌ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်များ သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကြူကုတ်(ပန်ဆိုင်း)သွား ကုန်တင် ယာဉ်များ ခေတ္တသွားလာမှုပြတ်တောက်ခဲ့သောကြောင့် မြို့ပေါ်နှင့် လမ်းခရီးသွားလာမှု လုံခြုံရေးအတွက် တပ်မတော်၊ ပြည်သူ့စစ် နှင့် ရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာမူဆယ်မြို့နယ်ပန်ဆိုင်း(ကြူကုတ်) ကျိန်းယန်းကျေး ရွာအုပ်စု လွယ်အင်ကျေးရွာရှိမြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကျင် စန်းကျော့(ဟိုနောင်)ဂိတ်၌ဘီးခွန် (လိုင်စင်)နှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော နမ်းခမ်းမြို့မ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ အား စုံစမ်းစိစစ်ဆဲလက်နက် ကိုင်ဆောင်ထားသောအဖွဲ့က ဒီဇင်ဘာ ၂ရက်၊ ည ၈နာရီခွဲခန့်မှ ည ၉နာရီ ၅မိနစ်ထိတစ်ကြိမ်၊ ည ၉နာရီ ၂ဝမိနစ်မှ ည ၁ဝ နာရီ ၁၅မိနစ်အထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်ခရိုင်ရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။

 

''မူဆယ်ခရိုင်မှာရှိတဲ့ မူဆယ်၊ ကွက်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်က ပြည်သူတွေ စိတ်အေးချမ်းသာစွာနေထိုင်သွားလာနိုင်ဖို့အတွက်နဲ့ လမ်းခရီးလုံခြုံချောမွေ့သွားလာနိုင်ဖို့ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ နယ် မြေခံတပ်မတော်၊ ပြည်သူစစ်အဖွဲ့နဲ့ ပြည်သူတွေပူးပေါင်းပြီး၊ ဒေသ တွင်း လုံခြုံမှုရှိစေရေးနဲ့ လမ်းခရီးလုံခြုံမှုရှိဖို့ လှည့်ကင်း၊ ဝတ်ကင်း ရပ်ကင်းတွေနဲ့နယ်မြေရှင်းလင်းရေးအပါအဝင်ခရိုင်အတွင်းရှိ မြို့ တွေကျေးရွာတွေအတွက် လုံခြုံရေးအတွက် အစီအမံတွေကို တိုးမြှင့် ဆောင်ရွက်ထားပါတယ်''ဟု မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယမှူးကြီး မျိုးညွန့်က ပြောကြားသည်။


အဆိုပါပစ်ခတ်မှုကြောင့် ကြူကုတ်(ပန်ဆိုင်း)သွားမည့်ကုန်တင် ယာဉ်များခေတ္တသွားလာမှုပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည့်အတွက် မြို့ပေါ်နှင့်လမ်းခရီးသွားလာမှု လုံခြုံရေးအတွက် အခင်းဖြစ်ပွားပြီး ညပိုင်းမှစတင်၍ တပ်မတော်၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိသည်။ ''ဒီနေရာက နယ်စပ်ဒေသဖြစ်တဲ့အလျောက် အဖွဲ့စုံသွားလာလှုပ် ရှားနေတာ ဖြစ်တဲ့အတွက် မည်သူမည်ဝါဖြစ်တယ်လို့ ပြောဆိုဖို့ခက် ခဲတယ်။ အချို့ကိစ္စရပ်တွေက အဝင်အထွက်အဆင်မပြေတာလား ကားအဝင်အထွက်များမှုကြောင့်လား ဆက်ကြေးကောက်ခံနေတာ တွေကြောင့်လားဆိုတာ အတိအကျပြောဆိုဖို့ခက်ခဲတယ်''ဟု မူဆယ် မြို့ရှိနမ့်ခမ်းမြို့မ ပြည်သူစစ်ဆက်ဆံရေးရုံးမှပြောဆိုခွင့်ရ တစ်ဦး က ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကျင်စန်းကျော့ (ဟိုနောင်) ဂိတ် မှ တရုတ်နိုင်ငံသို့ သစ်သီးကုန်တင်ကားများ တရားဝင် ဝင်ထွက် သွားလာလျက်ရှိပြီး နွားကားများ၊ ဆန်နှင့်သကြားကားများလည်း ဖြတ်သန်းသွားလာလျက်ရှိကြကြောင်း သိရသည်။ 

PS

#democraytoday

Rate this item
(0 votes)
back to top