HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရဲတပ်ဖွဲ့ဝင်များ နှိပ်စက်မှုကြောင့် အငှားယာဉ်မောင်း သေဆုံးမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် လူ့အခွင့်အရေးကော်မရှင် တောင်းဆို  

ရဲတပ်ဖွဲ့ဝင်များ နှိပ်စက်မှုကြောင့် အငှားယာဉ်မောင်း သေဆုံးမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် လူ့အခွင့်အရေးကော်မရှင် တောင်းဆို   

ရန်ကုန်၊ ဒီဇင်ဘာ ၎

ရန်ကုန် တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မ ရဲစခန်းအချုပ်ခန်း တွင် အငှားယာဉ်မောင်းဖြစ်သူ ကိုအောင်အောင်ကို ခိုးမှုမသ င်္ကာဖြင့် ဖမ်းဆီးချုပ်နှောင်ပြီး ရဲ တပ်ဖွဲ့ဝင်များက နည်းမျိုးစုံ နှိပ် စက်ညှဉ်းပန်းစစ်ဆေးခဲ့သော ကြောင့် ရရှိခဲ့သောဒဏ်ရာများ ဖြင့် သေဆုံးသွားကြောင်း သေဆုံး သူ၏ မိခင်ဖြစ်သူက ကော်မရှင် သို့တိုင်တန်းချက် ပေးပို့လာသည်။ 

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း ၍ ကော်မရှင်ကွင်းဆင်းစုံစမ်းစစ် ဆေးရေးအဖွဲ့သည် နိုဝင်ဘာ ၂ဝ ရက်တွင်အခင်းဖြစ်ပွားရာ သန် လျင်မြို့နယ်ရှိ တိုင်တန်းသူမိသား စုဝင်များအားလည်းကောင်း၊ နို ဝင်ဘာ ၂၃ ရက်တွင် အင်းစိန် အကျဉ်းထောင်ရှိအမှုမှ တရားခံ နှစ်ဦးကိုလည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် လိုအပ်သောသက် သေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးသို့ ခေါ်ယူ၍လည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် သန်လျင်မြို့မရဲ စခန်း ရဲတပ်ဖွဲ့ဝင်များအားလည်း ကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကော်မရှင်စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက် များကို သက်ဆိုင်ရာဝန်ကြီးဌာန သို့ ပေးပို့အကြောင်းကြားခဲ့ပါ သည်။

 

ကော်မရှင်၏ အကြံပြုချက် များတွင် အမှုဖြစ်စဉ်နှင့်စပ်လျဉ်း ၍ တာဝန်ရှိသော ရဲတပ်ဖွဲ့ဝင် များကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက် သင့်ကြောင်း၊ အရေးယူဆောင် ရွက်ထားရှိမှုများကိုလည်း သေ ဆုံးသူကိုအောင်အောင်၏ မိသား စုအား ခရိုင်/တိုင်းအဆင့် တာ ဝန်ရှိသူများက နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြား ဆွေးနွေးဆောင်ရွက်သင့်ကြောင်း၊ ရဲစခန်းတွင် CCTV တပ်ဆင် ထားမှုစနစ်မှာ ကောင်းမွန်သည့် စနစ်တစ်ခုဖြစ်၍ ထိရောက်စွာ အသုံးပြုနိုင်ရေး ကြပ်မတ်ဆောင် ရွက်သင့်ကြောင်း၊ နောင်တွင် ယခုကဲ့သို့ မလိုလား အပ်သည့် ဖြစ်ရပ်များ မပေါ်ပေါက်စေရေး သင်ခန်းစာဖော်ထုတ်ဆောင်ရွက် သင့်ကြောင်း စသည့်အကြံပြုချက် များ ဖော်ပြပါရှိပါသည်။ ''အကြံပြုစာကို ပြည်ထဲရေးသို့ ပို့ပြီးပါပြီ။ သူတို့ဆက်လက်ဆောင် ရွက်ပါလိမ့်မယ်''ဟု လူ့အခွင့်အရေး ကော်မရှင်ပြောခွင့်ရ ဦးယုလွင် အောင်ကပြောသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top