HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တရုတ်၏ လွှမ်းမိုးမှုကို ကာကွယ်ရန် အာဆီယံနိုင်ငံများအနေဖြင့် ရေကြောင်းပိုင်နက် ခိုင်မာမှုကို မြှင့်တင်သင့် ဟုဆို

တရုတ်၏ လွှမ်းမိုးမှုကို ကာကွယ်ရန် အာဆီယံနိုင်ငံများအနေဖြင့် ရေကြောင်းပိုင်နက် ခိုင်မာမှုကို မြှင့်တင်သင့် ဟုဆို

တိုကျို၊ ဒီဇင်ဘာ ၎

လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌရာထူးကိုရယူမည့် ထိုင်းနိုင်ငံအ နေဖြင့် ရေကြောင်းပိုက်နက်တွင်ဒေသတွင် အင်အားခိုင်မာမှုကိုပြသရန် ကျင့်ဝတ်စည်းမျဉ်းများနှင့်ပတ်သက်၍ ခိုင်မာသောပဏာမခြေလှမ်း များအတွက်တိုက်တွန်းသင့်ကြောင်း ဂျပန်လုံခြုံရေးကျွမ်းကျင်သူတစ်ဦး က ဒီဇင်ဘာ ၃ ရက်တွင် ပြောဆိုခဲ့သည်။

ကဲအိုတက္ကသိုလ်မှ မူဝါဒရေးရာစီမံခန့်ခွဲရေးပါမောက္ခကန်ဂျင်ဘို က ''ရေကြောင်းသွားလာမှုလွတ်လပ်ခွင့်ဆိုတာ ဒေသတွင်းမှာရှိတဲ့အားလုံး အတွက် အဓိက အကျိုးစီးပွားပဲဖြစ်ပါတယ်။ အနာဂတ်မှာ ပင်လယ်ရေကြောင်း သွားလာမှုနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကိုချုပ်ငြိမ်းစေဖို့ ရေကြောင်းသွားမှု ခွင့်လွတ်လပ်ခွင့်ကိုမြင်တွေ့ရန် ဆန္ဒရှိပါတယ်''ဟု ပြောကြားခဲ့သည်။


တောင်တရုတ်ပင်လယ်တွင် အမေရိကန်ရေတပ်တည်ရှိမှုသည် တရုတ် နိုင်ငံ၏လွှမ်းမိုးခြိမ်းခြောက်မှုကိုရင်ဆိုင်စေနိုင်မယ့် အကူအညီတစ်ခု ဆက်လက်ဖြစ်တည်နေနိုင်သည်ဟု ၎င်းကဆိုသည်။ ဒေသတွင်း ပင်လယ်ရေ ကြောင်းသွားလာမှုငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့အတွက် အဓိကခြေလှမ်း တစ်ရပ်အနေဖြင့် အမေရိကန်-ဂျပန် မဟာမိတ်အဖွဲ့ကို အဆင့်မြှင့်တင် ရန်လိုအပ်နေပြီး အာရှအပေါ် ဝါရှင်တန်၏ ကတိကဝတ်ကိုခိုင်မာစေသင့်သည်ဟု မစ္စတာဂျင်ဘိုကဆိုသည်။  ဂျပန်အစိုးရကလည်း တရုတ်၏ရန်စမှုနှင့်ပတ်သက်ပြီး အာဆီယံ၏ ပင်လယ်ရေကြောင်းအင်အားကိုထောက်ကူပေးရန် အဆင်သင့်ဖြစ်နေသည် ဟုလည်း ဆိုသည်။ 

Ref:Bangkok Post

#democracytoday

Rate this item
(0 votes)
back to top