HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

လှိုင်သီရိအိမ်ရာ သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်  

လှိုင်သီရိအိမ်ရာ သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်   

ရန်ကုန်၊ ဒီဇင်ဘာ ၎

လှိုင်သီရိ အိမ်ရာတွင် ဖြစ်ပွားခဲ့သည့် သုံး လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက် ပြီး ပြစ်မှုကျူးလွန်ခဲ့သူကို သေဒဏ် ချမှတ်လိုက်ပြီး ¤င်း၏မိခင်နှင့် ဇနီး ကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။  ဒီဇင်ဘာ ၄ ရက် အနောက် ပိုင်းခရိုင် တရားရုံး၌ ယင်းအမှုမှ ဇွဲလင်းထက်ကို ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂(၁)(ဂ)အရ တွဲဖက်ခရိုင်တရား သူကြီး(၄) ဦးညီညီအေးက သေဒဏ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အမှုတွင် ပါဝင်ပတ်သက်သူ ၎င်း၏မိခင် ဒေါ်တင်ရီနှင့် ဇနီး မခင်ခင်ဖြိုးတို့ နှစ်ဦးကိုလည်း ရာ ဇသတ်ကြီးပုဒ်မ ၂ဝ၁/၂ဝ၂/၄၁၁ တို့အရ ထောင်ဒဏ် ၁ဝ နှစ်နှင့် ခြောက်လစီ ကျခံစေရန် အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်။

အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒုတိယ ခရိုင်တရားသူကြီး ဦးဌေးအောင် က ''တစ်တရားခံ ဇွဲလင်းထက်ကို ၃ဝ၂(၁)(ဂ)အရ သေဒဏ်ချမှတ် ထားပါတယ်။ နှစ်တရားခံ ခင်ခင် ဖြိုးနဲ့ သုံးတရားခံ ဒေါ်တင်ရီတို့ကို တော့ ပုဒ်မ၂ဝ၁(ပထမပိုင်း)အရ ထောင်ဒဏ်ခုနစ်နှစ် ကျခံစေဖို့၊ ပုဒ်မ ၂ဝ၂ အရ ထောင်ဒဏ် ခြောက်လကျခံစေဖို့နှင့် ပုဒ်မ ၄၁၁ အရ ထောင်ဒဏ်သုံးနှစ် ကျခံစေ ဖို့ ပြစ်ဒဏ်တွေကိုတော့ သီးခြားစီ ကျခံစေဖို့ အမိန့်ချမှတ်ထားပါတယ်။ သေဒဏ်ကတော့ ပြစ်ဒဏ်ထဲမှာ အမြင့်ဆုံးပြစ်ဒဏ်ပဲ။ ဆယ်နှစ် ခြောက်လကတော့ နှစ်ရှည်တဲ့ သ ဘောပဲ''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။


အမှုစစ်တရားသူကြီး၏ ဆင် ခြင်ချက်အရ ဇွဲလင်းထက်သည် ထောင်ဒဏ်ခုနစ်နှစ်ထိ ချမှတ်နိုင် သော လုယက်မှုကို ကျူးလွန်နေ စဉ် လူသတ်မှုအား ကျူးလွန်ကြောင်း၊ လူသုံးဦးကို သတ်ခဲ့ကြောင်း ပြစ်မှု ထင်ရှားသည့်အတွက် သေဒဏ်ချ မှတ်ခြင်းဖြစ်ကြောင်း၊ ခင်ခင်ဖြိုးနှင့် ဒေါ်တင်ရီတို့မှာ သေဒဏ်ချမှတ်ခံ ထိုက်သော ပြစ်မှုကျူးလွန်သူ ဇွဲလင်း ထက်အား ကာကွယ်ရန် သက်သေ ခံပစ္စည်းကို ဖျောက်ဖျက်ခြင်း၊ လူ သတ်မှု ကျူးလွန်ခြင်းကို သိလျက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ သတင်း ပေးရန် ပျက်ကွက်ခြင်း၊ ကျူးလွန် သူမှ လုယက်ယူဆောင်လာသည့် ပစ္စည်းများကို မရိုးမဖြောင့်သော သဘောဖြင့် ရောင်းချခဲ့သည်တို့မှာ ထင်ရှားသည့်အတွက် နှစ်ရှည်ထောင် ဒဏ်များ ချမှတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။


ချုပ်ရက်များကို ထောင်ဒဏ် မှ ထုတ်နုတ် ခံစားခွင့်ပြုကြောင်း ၎င်းက ပြောသည်။ ''သေဒဏ်ချမှတ်ခံရတဲ့ ဇွဲလင်း ထက်ကိုလည်း အယူခံဝင်မယ်ဆို ရင် ခုနစ်ရက်အတွင်း ဝင်ရမယ်လို့ ရှင်းပြထားတယ်။ ကျန်တဲ့ တရားခံ နှစ်ဦးကိုတော့ ထောင်ပို့ဝရမ်းနဲ့ ပို့ လိုက်မယ်''ဟု သတင်းပြန်ကြားရေး အရာရှိ ဒုတိယခရိုင် တရားသူကြီး ဦးဌေးအောင်က ပြောသည်။ အမှုတွင် ရုံးချိန်း ၃၆ ချိန်းရှိ ပြီး တရားလိုပြသက်သေ ၁၉ ဦးနှင့် တရားခံသုံးဦးအပါအဝင် ခံပြသက် သေငါးဦးကို တစ်နှစ်နီးပါးကြာ စစ် ဆေးခဲ့ကြောင်း ၎င်းကပြောသည်။ အသတ်ခံရသူ ဒေါ်ကေသီလှိုင် ၏ခင်ပွန်း ဦးလှမျိုးထွန်းက ''ရဲတပ် ဖွဲ့က တင်ပြတဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီးတော့ တရားရုံးက ဆုံးဖြတ်ရတာပေါ့။ မျှတတဲ့ အခြေ အနေတစ်ခုပါပဲ''ဟု ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top