HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဆန္ဒများ ဖော်ဆောင်ရာတွင် မဲဆန္ဒနယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားမည် ဟုဆို

ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဆန္ဒများ ဖော်ဆောင်ရာတွင် မဲဆန္ဒနယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားမည် ဟုဆို

နေပြည်တော်၊ဒီဇင်ဘာ ၅

ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဆန္ဒများ ဖော်ဆောင်ရာတွင် မဲဆန္ဒနယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းဆောင် ရွက်သွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ကျော်လင်းက ပြောကြားလိုက် ကြောင်း သိရသည်။  ဒီဇင်ဘာ ၅ ရက်ကကျင်းပ သည့်အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ချင်းပြည်နယ်မဲဆန္ဒ နယ်မှအမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးဇုန်လှယ်ထန်းက ဒေ သဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲရာ တွင်လည်းကောင်း၊ အုပ်ချုပ်ရေး လူမှုစီးပွားရေးကဏ္ဍတို့နှင့် စပ် လျဉ်း၍ ပြည်သူများ၏ ဆန္ဒဖော် ဆောင်ရာတွင်လည်းကောင်း သက် ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း များကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ် ကဖြစ်စေ အလေးထားတိုင်ပင် ရန်အစီအစဉ်ရှိ/မရှိမေးခွန်းမေး မြန်းရာတွင် ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးက ယင်း ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ် သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ''ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲရာမှာ မြို့နယ်/ ခရိုင် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီတွေကနေ ဦးဆောင်ပြီး နယ်မြေတာဝန်ခံဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့မိမြို့ဖများ၊ သက် ဆိုင်ရာဌာနများ၊ အဖွဲ့အစည်း များက မြို့နယ်အလိုက်စိစစ်ပြီး အချိုးကျ မျှတစွာဖွံ့ဖြိုးတိုးတက် မှုကို ရှေးရှုကာ ပြည်သူလူထု၏ လိုအပ်ချက်များကို အခြေခံပြီး ဦး စားပေးအစီအစဉ်အရ ရေးဆွဲကာ တိုင်းဒေသကြီး/ပြည်နယ်အဆင့် သို့ ပေးပို့ဆောင်ရွက်ရပါတယ်။ တိုင်းနှင့်ပြည်နယ်အဆင့်တွင်လည်း မြို့နယ်/ ခရိုင်များ၏ကော်မတီ အသီးသီးမှတင်ပြလာတဲ့ ဖွံ့ဖြိုးမှုစီ မံကိန်းများကို တိုင်း/ပြည်နယ် အဆင့်ဌာနများ၊ အဖွဲ့အစည်းများ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ပြည်နယ်ဝန်ကြီးများမှ တိုင်း/ ပြည်နယ် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီများနဲ့ညှိနှိုင်းပြီးတော့ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် တိုင်း/ ပြည် နယ်လွှတ်တော်သို့ တင်ပြအတည် ပြုချက်ရယူဆောင်ရွက်လျက်ရှိပါ တယ်''ဟု ပြောကြားခဲ့သည်။


လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ''ကျွန်တော် တို့လွှတ်တော်ကိုယ်စားလှယ်တွေမဲဆန္ဒနယ်ကိုသွားတဲ့အချိန်မှာ ပြည်သူလူထုကအမြဲတမ်းမေးလေ့ ရှိတာက ဒီမိုကရေစီနည်းကျ လွှတ် တော်ကိုယ်စားလှယ်တွေကို ရွေး ချယ်တာပဲ။ သို့သော် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဘာအာ ဏာမှမရှိဘူးလို့ ပြောနေကြပါ တယ်။ ကျွန်တော်တို့ကျင့်သုံးတဲ့ ဒီမိုကရေစီက ဘယ်လိုဒီမိုကရေစီ မျိုးလဲဟု မေးခွန်းထုတ်ကြပါတယ်။ အမှန်မှာကျွန်တော်တို့ပြဋ္ဌာန်းထား တဲ့ဥပဒေအတိုင်းပဲ ကျွန်တော်တို့ ဝန်ကြီးဌာန ၂ဝ ကျော်နဲ့ တိုင်းဒေ သကြီးပြည်နယ်တွေက အစိုးရအ ဖွဲ့တွေကဆောင်ရွက်ရင် ကျွန် တော်တို့နိုင်ငံမှာ ဒီမိုကရေစီရှင်သန် ကျန်းမာပြီးတော့ ဖွံ့ဖြိုးတိုးတက် မှာဖြစ်ပါတယ်။ ဥပဒေမှာ လွှတ်တော် မှာ ပြဋ္ဌာန်းပေးထားတဲ့အတိုင်း ပြည်ထောင်စုအစိုးရဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များက မည်ကဲ့သို့ ဆောင်ရွက်သနည်းဆိုတာကို မေး မြန်းလိုပါတယ်'' ဟုပြောသည်။


ဒေသဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း၊ အုပ် ချုပ်ရေး၊ လူမှုစီးပွားရေးကဏ္ဍတို့ နှင့်စပ်လျဉ်း၍ ပြည်သူများ၏ ဆန္ဒဖော်ဆောင်ရာတွင်လည်း ကောင်း မဲဆန္ဒနယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ကျော်လင်းက ပြန်လည်ဖြေကြား သည်။

MO

#democracytoday

Rate this item
(0 votes)
back to top